Myanmar House Logo

Myanmar House

Real Estate in Myanmar

ကန့်ကွက်နိုင်ကြောင်း သတင်းစာကြော်ငြာကို သတ်မှတ်ရက် ကျော်သွားမှကန့်ကွက်ချင်တယ်ဆို တရားမဝင်တော့ဘူးလား။

October 28, 2022 280 views
ကန့်ကွက်နိုင်ကြောင်း သတင်းစာကြော်ငြာကို သတ်မှတ်ရက် ကျော်သွားမှကန့်ကွက်ချင်တယ်ဆို တရားမဝင်တော့ဘူးလား။

ကန့်ကွက်နိုင်ကြောင်း သတင်းစာကြော်ငြာကို သတ်မှတ်ရက်
ကျော်သွားမှကန့်ကွက်ချင်တယ်ဆို တရားမဝင်တော့ဘူးလား။

မေး။  အိမ်ခြံမြေအရောင်းအဝယ်ကိစ္စတွေနဲ့ပတ်သက်ပြီး သတင်းစာတွေမှာ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ (၇) ရက်အတွင်း (၁၄) ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း၊ မကန့်ကွက်ရင် ဥပဒေနဲ့အညီ အရောင်းအဝယ်ကိုဆက် လုပ်သွားမှာဖြစ်ကြောင်း ကြေညာချက်တွေကိုမကြာခဏဖတ်ရပါတယ်။
တကယ်လို့များ ဥပဒေအရပိုင်ဆိုင် ခွင့်ရှိသူတစ်ယောက်ယောက်က ဒီကြော်ငြာကို မဖတ်ဖြစ်လို့ ဒါမှမဟုတ် တစ်နယ်တစ်ကျေးရောက်နေလို့ အရောင်းအဝယ်ဖြစ်ပြီးမှ ကန့်ကွက်မယ်ဆိုရင် တရားမဝင်တော့ဘူးလား။ဝယ်ထားပြီးသူကို တရားစွဲရမှာလား ။ ရောင်းလိုက်တဲ့ အမွေဆိုင်ရာတရားစွဲရမှာလား ဆိုတာ သိလိုပါတယ်?

ဖြေ။ ဒါမျိုးက ပြဿနာဖြစ်တတ်ပါတယ်။
ဆိုကြပါစို့၊ မိဘက ဆုံးသွားတဲ့ အခါမှာ သားသမီးနှစ်ယောက် ကျန်ခဲ့တယ်။ နှစ်ယောက်ရှိတာမှာ ဒီအမွေကို သူတစ်ဦးတည်း ပိုင်ပါတယ်လို့ ကျမ်းကျိန်လွာ ဖန်တီးပြီး အခြားတစ် ယောက်ကို ရောင်းမယ်ဆိုရင် သက်ဆိုင်ရာ စည်ပင်သာယာက မြေပိုင်မြေယာဆိုရင် ကူးတဲ့အခါမှာ ကန့်ကွက် ရန်ရှိ၊မရှိဆိုတာ သတင်းစာမှာ ကြေညာလေ့ရှိပါတယ်။

ဒီတော့ ကျန်တဲ့ တစ်ယောက်က သူလည်းပိုင်ဆိုင်တဲ့ အမွေ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လေ့လာရမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိစ္စဆိုတော့ သတိထားရတာပေါ့။ ကန့်ကွက်ရန်ရှိ၊မရှိလို့ ကြေညာတဲ့အချိန်မှာ သူက မကန့်ကွက်ဘူးဆိုရင် အရောင်းအဝယ် ဆက်ဖြစ်နေပါမယ်။

ဒီလိုဆိုရင် နောက်ကျမှ ဒီကိစ္စကိုသိတော့မှာပေါ့၊
နောက်မှသိတော့လည်းရပါတယ်။
ဒီစာချုပ်ကို ပျက်ပြယ်ကြောင်း ဖျက်သိမ်းပေးဖို့ ဆိုပြီး တရားစွဲရပါတယ်။
စွဲပြီဆိုရင် ကာလစည်းကမ်းသတ်က ပါလာပါပြီ။ ကန့်ကွက် ကြောင်းသတင်းစာမှာပါတဲ့ အချိန်ကစပြီး ၃ နှစ်အတွင်းမှာ ဒီစာချုပ်ဖျက်သိမ်း ပေးစေလိုမှုနဲ့ တရားစွဲချင်ရင် အချိန်မှီပါတယ်။

ကာလစည်းကမ်းသတ်ကျော်မှ တရားစွဲမယ်ဆိုရင်တော့ ကိုယ့်အခွင့်အရေး ဆုံးရှုံးသွားပါပြီ။
ဒါကြောင့် ကိုယ့်မှာ ပစ္စည်းရှိတယ်ဆိုရင်တော့ အမြဲလေ့လာ  ဖတ်ရှုနေရပါမယ်။

မသိလိုက်ရင်လည်း ကာလ စည်းကမ်းသတ်နဲ့ သတ်မှတ်ထားတဲ့ ကာလမှာ စွဲလို့ ရပါတယ်လို့ ဖြေကြားပေးချင်ပါတယ်။

(ဖြေ - ဦးကျော်ဇေယျ-ဥပဒေပညာရှင်)
- Credit
ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts