Myanmar House Logo

Myanmar House

Real Estate in Myanmar

ကွယ်လွန်သွားသူတို့၏ ငွေစာရင်းမှ ငွေများကိုထုတ်ယူခြင်းနှင့် ငွေစုဘဏ်ဥပဒေ

October 28, 2022 293 views
ကွယ်လွန်သွားသူတို့၏ ငွေစာရင်းမှ  ငွေများကိုထုတ်ယူခြင်းနှင့် ငွေစုဘဏ်ဥပဒေ

# ကွယ်လွန်သွားသူတို့၏ ငွေစာရင်းမှ  ငွေများကိုထုတ်ယူခြင်းနှင့် ငွေစုဘဏ်ဥပဒေ#  
=========================
ရှေးဦးစွာဘဏ်တွင် ငွေစာရင်းဖွင့်လှစ်နိုင်သူများကိုအရင်ပြောပြပါမည် -
ငွေစာရင်းဖွင့်လှစ်နိုင်သူများ 
ပုံသေအပ်ငွေစာရင်း (Fixed Deposit Account)
စာရင်းဖွင့်လှစ်လှစ်နိုင်သူများ
• ပုဂ္ဂလိကတစ်ဦးချင်းအသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။
စာရင်းဖွင့်ရန်အတွက်လိုအပ်သောအချက်များ
• # ပုဂ္ဂလိကတစ်ဦးချင်း
(၁)  နိုင်ငံသားစိစစ်ရေးကဒ်မူရင်း/မိတ္တူတင်ပြရမည်။
(၂)  ဘဏ်မှသတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ စာရင်းဖွင့်လှစ်ခွင့် လျှောက်ထားရမည်။
(၃) ကျပ်သိန်း(၁၀၀)အထက် အပ်နှံခြင်းဖြစ်လျှင်  ဝင်ငွေရလမ်း ဖော်ပြနိုင်ရ မည်။   ဘဏ်မှ လိုအပ်ချက်တောင်းခံလျှင် အထောက်အထား တင်ပြနိုင်ရမည်။
# ကုမ္ပဏီ / အဖွဲ့အစည်းတို့မှ ငွေစာရင်းဖွင့်လှစ်ခြင်း
(၁)  ကုမ္ပဏီမှတ်ပုံတင်သည့် စာရွက်စာတမ်းမိတ္တူ
(၂)  MFTB တွင် ငွေစုဘဏ်စာရင်း ဖွင့်လှစ်ရန် အစည်းအဝေးဆုံးဖြတ်ချက်နှင့် ဘဏ်စာရင်းတွင် ငွေသွင်း/ထုတ်ဆောင်ရွက်မည့် ပုဂ္ဂိုလ်(၁)ဦး (သို့) တစ်ဦး ထက် ပိုသော ပုဂ္ဂိုလ်များ
(၃)  ဘဏ်မှသတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ စာရင်းဖွင့်ခွင့် လျှောက်လွှာ (သို့) ကုမ္ပဏီ / အဖွဲ့ အစည်း၏ Letter Head ဖြင့် ငွေစုဘဏ်စာရင်း ဖွင့်လှစ်ခွင့်လျှောက်လွှာ
(၄)  ဘဏ်စာရင်းတွင် ငွေသွင်း/ငွေထုတ်ဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၏ နိုင်ငံသား စိစစ်ရေးကဒ် မူရင်း / မိတ္တူ 
(၅)  ငွေစုဘဏ်စာရင်း ဖွင့်လှစ်ခွင့်လျှောက်သော ကာလနှင့် တဆက်တည်းဖြစ်သောပြီးခဲ့သော ဘဏ္ဍာရေးနှစ်၏ စာရင်းစစ်ဆေးပြီး ဘဏ္ဍာရေးရှင်းတမ်း
(၆)  အခွန်ကင်းရှင်းကြောင်း (သို့) အခွန်ထမ်းဆောင်ပြီးကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ ထောက်ခံစာ (ကျပ်သိန်း (၁၀၀) နှင့် အထက်ဖြစ်လျှင် )
# အပ်နှံငွေ (အနည်းဆုံး)
• ပုဂ္ဂလိကတစ်ဦးချင်း             -    ၁၀၀,၀၀၀ ကျပ်
• ကုမ္ပဏီ / အဖွဲ့အစည်း          - ၁,၀၀၀,၀၀၀ ကျပ်   
အတိုးနှုန်း             - (၃) လအပ်နှံငွေပေါ်တွင် ၆%
                           - (၆) လအပ်နှံငွေပေါ်တွင် ၆.၅ %
                           - (၉) လအပ်နှံငွေပေါ်တွင် ၇ % 
# ဘဏ်ကဆောင်ရွက်ပေးမည့်အစီအစဉ်
ငွေစုစာအုပ် (Savings Passbook)
ငွေစုဘဏ်စာရင်းပိုင်ရှင်တိုင်းအား ငွေသွင်း/ငွေထုတ်နှင့် လက်ကျန်ငွေတို့ကို အတည်ပြုထားသည့် ငွေစုစာအုပ် ထုတ်ပေးမည်ဖြစ်ပါသည်။ ငွေစုစာအုပ် မပါဘဲ ထုတ်ပေးခွင့်မရှိပါ။
ငွေသွင်းခြင်း (Deposit)
မိမိ Account ထဲသို့ ငွေသွင်းပါက မိမိကိုယ်တိုင် ငွေသွင်းနိုင်သည့်အပြင် ကိုယ်စားလှယ်ဖြင့် လည်း ငွေသွင်းနိုင်သည်။ ငွေသွင်းတိုင်း ငွေစုစာအုပ် တင်ပြရမည်။
ထုတ်ယူခြင်း (Withdraw)
မိမိ Account ထဲရှိ ငွေကို မိမိကိုယ်တိုင် ထုတ်ယူနိုင်သည့်အပြင် ကိုယ်စားလှယ်ဖြင့်လည်း ငွေထုတ်ယူနိုင်သည်။ ငွေထုတ်ယူတိုင်း ငွေစုစာအုပ်နှင့် မှတ်ပုံတင်မူရင်းကို တင်ပြရမည်။ အပ်နှံငွေ စာရင်းမှ ငွေထုတ်ယူခြင်းကို ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်သာ ထုတ်ယူခွင့် ပြုပါသည်။
  #  ပုံသေအပ်ငွေစာရင်းပြုလုပ်ထားသူတို့ကို ဘဏ်မှ  ဆောင်ရွက်ပေးမည့်  # ဝန်ဆောင်မှုအစီအစဉ် 
- ပုံသေအပ်ငွေ စာရင်း အချိန်စေ့ ရောက်သည့်နေ့တွင် ငွေအပ်နှံသူမှ ဘဏ်သို့ လာရောက်၍ ငွေသား ပြန်လည် ထုတ်ယူနိုင်ပါသည်။
- ပုံသေအပ်နှံငွေ စာရင်းကို အချိန်စေ့ ရောက်တိုင်း သက်တမ်း တိုးပေးရန် စာရင်းပိုင်ရှင်မှ ဘဏ်သို့ ညွှန်ကြားထားနိုင်ပါသည်။
- ပုံသေအပ်နှံငွေ စာရင်းမှ အတိုးကို အတိုးငွေသာ ထုတ်ယူမည် (သို့) ငွေစုဘဏ် စာရင်းသို့ ထည့်သွင်းရမည်ကို စာရင်းပိုင်ရှင်မှ ဘဏ်သို့ ညွှန်ကြားထားနိုင်ပါသည်။
# ငွေသွင်းခြင်းနှင့်ငွေထုတ်ခြင်းတို့ကို ဆောင်ရွက်ပေးမည့် နည်းလမ်းများ
- ငွေသားဖြင့်ပေးသွင်းခြင်း / ထုတ်ခြင်း
- စာရင်းပြောင်းပေးသွင်းခြင်း / ထုတ်ခြင်း
- ချက်လက်မှတ်ဖြင့်ပေးသွင်းခြင်း
# မှက်ချက်။ ငွေသားဖြင့် ငွေပေးသွင်းခြင်းကို ကျပ်သိန်း(၁၀၀) အထိလည်းကောင်း၊ ကျပ်သိန်း(၁၀၀) အထက်ဖြစ်လျှင် ချက်လက်မှတ်ဖြင့်လည်းကောင်း၊ ဘဏ်တွင် ဖွင့်လှစ်ထားသော ကျပ်ငွေစာရင်းမှ စာရင်း လွှဲပြောင်းသည့် စနစ်ဖြင့်လည်းကောင်း၊ CBM-NET ဖြင့် လည်းကောင်း ပေးသွင်းနိုင်ပါသည်။
# ကွယ်လွန်သူများ၏ငွေစာရင်းများအတွက် ငွေထုတ်ပေးခြင်း 
ဘဏ်တွင် ငွေစုသူ(  ငွေစုဘဏ်အပ်ငွေ) Saving Deposit ကပြန်လည်ထုတ်ယူရန်ကိစ္စရပ်ဖြစ်ပါက ပထမဦးစွာဦးစားပေးအစီအစဉ်အတိုင်း ထုတ်ပေးသွားမှာဖြစ် ပါတယ်။ 
ဒီနေရာမှာ  ဦးစားပေးအစီအစဉ်ဆိုတာကိုရှင်းပြလိုပါတယ်၊   ငွေစုဘဏ်ဥပဒေပုဒ်မ ၁၁ မှာ  အောက်ပါ  အတိုင်းပြဌာန်းထားပါတယ် - 
ငွေစုသူသည် ငွေစုဘဏ်စာရင်း ဖွင့်လှစ်သည့်အခါ သို့မဟုတ် ငွေစုလက်မှတ်ဝယ်ယူသည့်အါခ မိမိ၏ စုငွေနှင့်  အတိုးခံစားခွင့်များကို   အောက်ပါ  အစီအစဉ်အရသာ အကျိုးခံစားခွင့်လွှဲအပ်နိုင်သည် - 
(က) ဇနီး၊ ခင်ပွန်း၊ သားသမီး သို့မဟုတ် 
(ခ) ယင်းတို့မရှိလျှင်  မြေး သို့မဟုတ် 
(ဂ) ယင်းတို့မရှိလျှင် ညီအကို၊ မောင်နှမ၊ မိဘ သို့မဟုတ် 
(ဃ) ယင်းတို့မရှိလျှင် အခြားသူများ    ဟူ၍  ပြဌာန်းထားပါသည်။ 
# သိုဖြစ်၍   ဘဏ်တွင်  ငွေစာရင်းဖွင့်လှစ်ထားသူကွယ်လွန်သွားသော  အခါတွင်  အထက်ဖော်ပြပါ  အစီအစဉ်အတိုင်း  ဘဏ်က ထုတ်ပေးသွားမည်ဖြစ်ပါသည်။  
# ငွေစုသူ ဘဏ်ငွေစာရင်းဖွင့်လှစ်သူသည်  အကျိုးခံစားခွင့်ကို ငွေစာရင်းဖွင့်လှစ်စဉ်က  ဖော်ပြမထားခဲ့ပါကလည်း  အထက်ဖော်ပြပါ  အစီအစဉ်အတိုင်းသာ ငွေထုတ်ပေး သွား မည်ဖြစ် ပါသည်။   
# အထက်ဖော်ပြပါအစီအစဉ်တို့သည်  ဗုဒ္ဓဘာသာကိုးကွယ်သူတို့အတွက်သာဖြစ်ပြီး၊   ငွေစုသူ၊ ငွေစာရင်းဖွင့်လှစ်ထားသူသည် ခရစ်ယန်ဘာသာဝင်ဖြစ်ပါက သေတမ်းစာတွင် ဖော်ပြထားသည့်အတိုင်းဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။  အစ္စလမ်ဘာသာဝင်ဖြစ်ပါက ဗလီဆရာ၏ ထောက်ခံချက် အတိုင်းဆောင်ရွက်ပေးမှာဖြစ်၍ ဟိန္ဒူဘာသာဝင်ဖြစ်ပါက ဟိန္ဒူရိုးရာထုံးတမ်းစဉ်လာအတိုင်းလိုက်နာဆောင်ရွက်ပေးပါမည်။ 
# တပ်မတော်သားဆိုပါက တပ်မတော်ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် အညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။   
# (၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို လိုက်နာရသော စစ်မှုထမ်းဖြစ်ပါက  ၎င်းသေဆုံးသည့်အခါ သို့မဟုတ် တပ်မှထွက်ပြေးသည့်အခါ သို့မဟုတ် အမှန်ရူးသွပ်သည်ဟု သတ်မှတ်ထည့်နည်းလမ်းအတိုင်း စုံစမ်းသိရှိရသည့်အခါ သို့မဟုတ်  တန်းပြည့်စစ်မှုထမ်းချိန်တွင် ပျောက်ဆုံးနေသည်ဟု  အကြောင်းကြားခြင်းခံရသည့်အခါ  အဆိုပါစစ်မှုထမ်းသည် အရာရှိဖြစ်ပါက သက်ဆိုင်ရာ တပ်ရင်းမှူးက တောင်းခံလျှင်ဖြစ်စေ စုငွေလက်ကျန်နှင့် ကျသင့်သော အတိုးငွေများထုတ်ပေးရမည် ဟု ပုဒ်မ ၁၈(င)  တွင် ပြဌာန်းထားသော  ကြောင့်  တပ်ပြေးများ၊ စစ်မှုထမ်းချိန်ပျောက်ဆုံးနေသော စစ်မှုထမ်း ၊ ရူးသွပ်သွားသူတို့သည်  စုငွေလက်ကျန်များကို ဆိုင်ရာတပ်ရင်းမှူးက သာ ထုတ်ယူနိုင်ကြောင်း  တွေ့ရပါသည်။  
# ငွေစုဘဏ်ဥပဒေပုဒ်မ  ၁၈ တွင်- 
“  ငွေစုဘဏ်သည်- 
(က) ငွေစုမှတ်တမ်းနှင့် ငွေစုလက်မှတ်တို့တွင် အမည်ပေါက်သူကိုသာ စုငွေပိုင်ရှင်အဖြစ် အသိအမှတ်ပြုရမည်။ ယင်းစုငွေပိုင်ရှင်ကိုသာ  ငွေထုတ်ယူခွင့်ပြုရမည်၊ 
(ခ) ငွေစုသူ သေဆုံးသည့်အခါ  အကျိုးခံစားခွင့်လွှဲအပ်ထားခြင်းခံရသူအား ငွေထုတ်ပေးရမည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ မည်သည့် ကန့်ကွက်ချက်ကိုမျှ လက်ခံစဉ်းစားခြင်း  မပြုရ၊ 
(ဂ) အကျိုးခံစားခွင့်ပြုလုပ်ထားခြင်း မရှိသော ငွေစုသူ သေဆုံးပါက  စုငွေလက်ကျန်ကို သတ်မှတ်ချက်များနှင့် အညီ စိစစ်ထုတ်ပေးရမည်၊  
ငွေစုဘဏ်ဥပဒေပုဒ်မ ၃၂  တွင် - 
“ သေဆုံးသွားသည့် ငွေစုသူ၏ စုငွေလက်ကျန်အတွက်  အမွေထိန်း သို့မဟုတ် အမွေလက်ခံခွင့်လက်မှတ်လျှောက်ထားရာတွင်   ဥပဒေအရ ပေးဆောင်ရမည့်  # တံဆိပ်ခေါင်းခွန်ကင်းလွတ်ခွင့် ရှိစေရမည်။ ထိုသို့ ကင်းလွတ်ခွင့်ရရှိရန် ဘဏ်က လက်ကျန် ငွေမှန်ကန်ကြောင်းထောက်ခံစာထုတ်ပေးရမည်ဟု”  ပြဌာန်းထားသည်။  
# ထို့ကြောင့် သေဆုံးသူ၏ ဘဏ်လက်ကျန်ငွေစာရင်းကိုထုတ်ယူလိုပါက  အကျိူးခံစားခွင့်ရရှိမည့်သူသည်  ငွေစုဘဏ်ဥပဒေပုဒ်မ ၁၁  တွင် ဖော်ပြထားသည့်  အစီအစဉ်အတိုင်းဖြစ်ပါသည်။ 
# အဆိုပါအစီအစဉ်အရ ခံစားနိုင်ရန် အတွက်    စီရင်ပိုင်ခွင့်ရှိ  ခရိုင်တရားရုံးတွင်  အမွေဆက်ခံခွင့်လျှောက်ထားရယူရန်လည်း လိုအပ်ပါကြောင်း မျှဝေအပ်ပါသည်။ 
ဆရာကြီးမိုးထက်( ၁၁.၁၀.၂၀၂၁)  ရက်နေ့
ကိုးကား- 
မြန်မာ့စီးပွားရေးဘဏ်ဝဘ်ဆိုဒ်
၁၉၉၂ ခုနှစ်၊ ငွေစုဘဏ်ဥပဒေ
ဘဏ်ဝန်ထမ်းလက်စွဲ၊ ဆရာဦးသိန်းခိုင်
#credit
#photocredit

Related Posts