Myanmar House Logo

Myanmar House

Real Estate in Myanmar

အိမ်ခန်းကျဉ်းကျဉ်းလေးဆိုပေမယ့် LUXURY ဆန်စေမယ့် အခန်းတွင်း အပြင်အဆင်လေးများ

November 1, 2022 245 views
အိမ်ခန်းကျဉ်းကျဉ်းလေးဆိုပေမယ့် LUXURY ဆန်စေမယ့် အခန်းတွင်း အပြင်အဆင်လေးများ

အိမ်ကြီးအိမ်ကောင်းတွေကိုပဲ အားကျမနေပါနဲ့တော့။ သင့်ရဲ့ အိမ်ခန်းလေးဟာလည်း အိမ်ကြီးအိမ်ကောင်း ဖြစ်လာနိုင်ပါတယ်။ နေရာမစားတဲ့ ပရိဘောဂတွေနဲ့ အသုံးအဆောင်တွေကို သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်အောင် ပြင်ဆင်လိုက်မယ်ဆိုရင် ခမ်းနားဝင့်ထည်တဲ့ အိမ်ခန်းလေးတွေကို ပိုင်ဆိုင်ရမှာပါ။ ဒီလိုပြင်ဆင်ဖို့ ဒီဇိုင်းအကြောင်းနားလည်ပြီး လိုက်ဖက်တဲ့ အရာတွေကို ရွေးထုတ်တတ်ဖို့တော့ လိုပါတယ်။ ဒါမှသာ အိမ်ထဲဝင်လိုက်တာနဲ့ "အိမ်ကကျဉ်းလိုက်တာ" လို့ မခံစားရစေဘဲ "ဇိမ်ကျမယ့်၊ Luxury ဆန်တဲ့ အိမ်လေးအဖြစ်" ခံစားရစေမှာပါ။ 

စရိတ်သက်သက်သာသာနဲ့ အိမ်ခန်းလေး ဝင့်ဝင့်ထည်ထည် ဖြစ်စေဖို့ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆုံးအောင်ဖတ်ကြည့်လိုက်နော်။ 

၁။ အလင်းရောင်ကောင်းကောင်းရအောင် ဖန်တီးမယ်

သဘာဝအလင်းရောင်သာ အကောင်းဆုံးဆိုပေမယ့် တိုက်ခန်းတွေမှာဆိုရင် ထောင့်စွန်းခန်းတွေနဲ့ ဘေးတိုက်မရှိတဲ့ အခန်းတွေသာ သဘာ၀ အလင်းရောင် ကောင်းကောင်း ရနိုင်ပါတယ်။ ဒါပေမယ့် မီးအလင်းရောင်တွေနဲ့ အခန်းကို လင်းထိန်စေလို့ ရပါသေးတယ်။ နွေးထွေးတဲ့ ခံစားချက်အတွက် နံရံမှာ မီးကြိုးလေးတွေ၊ အလှဆင် မီးလုံးလေးတွေ၊ မီးအိမ်လေးတွေနဲ့ အလှဆင်နိုင်ပါတယ်။

၂။ ထိုင်ခုံ၊ ဆိုဖာ၊ စားပွဲဝိုင်းတွေကို နံရံကပ်ထားပါ

အရာဝတ္တု အကြီးစားတွေဖြစ်တဲ့ ထိုင်ခုံတွေ၊ စားပွဲတွေ၊ ဆိုဖာတွေကို နံရံကပ်ထားလိုက်ခြင်းဟာ အကောင်းဆုံးပါပဲ။ အခန်းအလည်မှာ ထီးထီးကြီး ထားမယ့်အစား နံရံကပ်ထားလိုက်ခြင်းက သင့်အိမ်ကို ပိုကျယ်သွားစေနိုင်ပြီး အမြင်လည်း ရှင်းသွားစေပါတယ်။ အမြင်ရှင်းလင်းစွာနဲ့ သပ်သပ်ရပ်ရပ် ရှိခြင်းဟာလည်း Luxury ဆန်ခြင်း တစ်မျိုးပဲ မဟုတ်လား။ 
၃။ နံရံကပ် ဗီရိုများ အသုံးပြုပါ

နေရာမစားတဲ့ နံရံကပ် ဗီရိုလေးတွေဟာ အခန်းကို နေရာကျယ်သွားသလို ဖြစ်စေပြီး တိုလီမိုလီနဲ့ ပွရှုပ်နေတဲ့ အခြားသော ပစ္စည်းများကိုလည်း သိမ်းဆည်းလို့ရလို့ သပ်သပ်ရပ်ရပ်ဖြစ်စေပါတယ်။ ဈေးလည်းအရမ်းမများသလို ပစ္စည်းများစွာလည်း သိမ်းဆည်းထားနိုင်လို့ အိမ်အတွက် အလွန်အသုံးဝင်ပါတယ်။ 

၄။ ကန့်လန့်ကာများ ထားရှိပါ

Luxury အိမ်လေးဖြစ်ဖို့ ကန့်လန့်ကာကိုလည်း မေ့ထားလို့ မရပါဘူး။ ခန်းနားတဲ့ အိမ်တိုင်းမှာ ကန့်လန့်ကာ မရှိမဖြစ်ပါတတ်တာကို သတိထားမိမှာပါ။ ကန့်လန့်ကာ ရွေးချယ်ရာမှာ အလင်းမပေါက်ဖို့၊ အခန်းတွင်း အေးစေဖို့နဲ့ ဖုန်မှုန့်တွေ အိမ်ထဲ အလွယ်တကူ မဝင်ရောက်စေဖို့ အထူသားကို ရွေးချယ်သင့်ပါတယ်။ 

၅။ မလိုအပ်တဲ့ ပစ္စည်းတွေကို လွှင့်ပစ်ပါ

အိမ်ခန်းလေးက ကျဉ်းပါတယ်ဆို တိုလီမိုလီ ပစ္စည်းတွေ၊ ဖုန်တက်နေတဲ့၊ ပင့်ကူမျှင် တက်နေတဲ့ မသုံးတော့တဲ့ အရာဝတ္တုလေးတွေက နေရာယူနေတယ်ဆိုရင် အိမ်ဟာအလိုလို ပွယောင်းယောင်း ဖြစ်နေတတ်ပါတယ်။ အဲ့ဒီ့အတွက် မလိုအပ်တဲ့၊ အသုံးမဝင်တော့တဲ့ ပစ္စည်းအဟောင်းတွေကို လွှင့်ပစ်ပါ။ သတင်းစာအဟောင်းတွေ၊ အိပ်ရာခင်းအဟောင်းတွေ၊ ဖော့အိပ်ရာ အဟောင်းတွေဟာ အိမ်မှာ မထားသင့်တော့ပါဘူး။ 

၆။ အခန်းအရောင်ပြောင်းခြင်း

သစ်သားရောင်လို အညိုရောင်ဘက်သွားတဲ့ အရောင်တွေဟာ တည်ငြိမ်ခြင်း၊ နွေးထွေးခြင်း ခံစားချက်တွေကို ပေးစွမ်းနိုင်ပါတယ်။ အဖြူရောင်ကတော့  အခန်းတွင်းအရောင်ကို ပိုလင်းသွားစေပြီး ခံစားချက်တွေကို ရှင်းလင်းစေပါတယ်။ ကိုယ့်စိတ်ခံစားချက်မှာ သက်တောင့်သက်သာ ဖြစ်မယ့် အရောင်မျိုးကိုသာ ရွေးချယ်သင့်ပါတယ်။ 

Credit : Original Uploader

Related Posts