Myanmar House Logo

Myanmar House

Real Estate in Myanmar

မြန်မာပြည်မှာ ဘယ်တော့မှ မရှုံးတဲ့ (အရှုံးမရှိတဲ့) စီးပွားရေး လုပ်ငန်း (၇) မျိုးအကြောင်း…

November 2, 2022 173 views
မြန်မာပြည်မှာ ဘယ်တော့မှ မရှုံးတဲ့ (အရှုံးမရှိတဲ့) စီးပွားရေး လုပ်ငန်း (၇) မျိုးအကြောင်း…

မြန်မာပြည်မှာ ဘယ်တော့မှ မရှုံးတဲ့ (အရှုံးမရှိတဲ့) စီးပွားရေး လုပ်ငန်း (၇) မျိုးအကြောင်း…

မြန်မာနိုင်ငံမှာ လုပ်ကိုလုပ်ရမယ့် စီးပွားရေးလုပ်ငန်း တွေထဲမှာ စားသောက်ဆိုင်၊ အဝတ်အထည်၊ ဖုန်း၊ ကား၊ အိမ်ခြံမြေ၊ ရွှေ၊ ဆီ အဲ့ ၇ ခုက လုပ်ကိုလုပ်ရမယ့် စီးပွားရေး လုပ်ငန်းတွေပဲ။ အခုထိ အရှုံးမရှိ ရပ်တည်နေကြတဲ့ လုပ်ငန်းတွေလဲဖြစ်တယ်။

(စားသောက်ဆိုင်) တစ်ရက်အမြတ်ကို ညနေစောင်းတာနဲ့ ဘယ်လောက်မြတ်လဲသိရပြီ။ အဆောက်အဦးဖိုးရင်းပြီးတာနဲ့ ကျန်တာ ဒီနေ့ရောင်းရငွေက မနက်ဖြန်အရင်းလုပ်လို့ရတယ်။ အကြွေးမကျဘူး။ ဈေးတက်ပြီးရင် ဘယ်တော့မှ ပြန်ချပေးစရာမလိုဘူး။

(အဝတ်အထည်) လူတိုင်းလှချင်ကြတော့ မဝတ်ပဲမနေဘူ။ ဝင်ငွေတွေရဲ့ ၈၀% လောက်ကို စားတာနဲ့ ဝတ်တာမှာ သုံးနေကြတယ်။ အရင်းရဲ့ ထက်ဝက်ကျော်မြတ်တယ်။ (ဖုန်း) တတ်နိုင်တဲ့သူက model အသစ်ထွက်တိုင်း ဝယ်တယ်။ update ကိုင်နိုင်မှ လူရာဝင်တယ်ထင်ကြသလို မတတ်နိုင်တဲ့သူက second hand လေးတွေဝယ်ကြတယ်။ ခဏလေးနဲ့ပျက်တော့ ဘယ်သူဖြစ်ဖြစ် ၂ နှစ် ၃ နှစ်နေရင်တော့ အသစ်တစ်လုံးဝယ်ရတာပဲ။

(ကား) ကိုယ်ပိုင်ကားစီးလာနိုင်တာ ၇ နှစ်ပဲရှိသေးတော့ ကားပိုင်ချင်တဲ့စိတ်က နောက်ထပ် ၁၅ နှစ်လောက်နေမှ အနည်ထိုင်မယ်။

အိမ်ခြံမြေ တစ်သက်လုံး မတိမ်ကောဘူး။ လူဦးရေက တိုးတိုးလာနေတာ။

(ရွှေ) ဈေးကျလဲမြတ်တယ် ဈေးတက်လဲမြတ်တယ်။ ခုခေတ်ပိုမြတ်တယ်။ ရွှေဆိုင်ဖွင့်လို့ အရင်းပြုတ်သွားတယ်ဆိုတာ ဘယ်ခေတ်မှာမှ မကြားဖူးဘူး။ ခုဆို ဆိုင်တွေမှာ လူတွေအုံနေတာ အလကားပေးတာ ကြနေတာပဲ။

(ဆီ) တိုးတက်လာတာနဲ့အမျှ ဆီလိုအပ်ချက်မြင့်လာတာပါပဲ။ ဈေးလဲဆစ်လို့မရဘူး။ အရင်းကို အမြတ်ပေါင်းရောင်းရုံပဲ။ စားဆီလဲအတူတူပါပဲ။ ရောချင်ရာရောကြတာပဲ။ မြတ်လိုက်တာမှ ထက်ဝက်ပဲ။


ထပ်ပြီး လုပ်သင့်တာက ပညာရေးနဲ့ ကျန်းမာရေးပဲ။ ဒါကတော့ သိပ် သမာအာဇီဝ မကျဘူး ထင်တာပဲ။ ပညာရေး အဆမတန် အမြတ်ကြီး ယူးထားကြတယ်။ ကျန်းမာရေး ဘယ်ဆေးဆိုင်မှ ဈေးဆစ် မရဘူး။ ပေါက်ဈေးလဲ မရှိဘူး။

နောက်တခုက လျှပ်စစ် ပစ္စည်းနဲ့ အိမ်ဆောက်ပစ္စည်းပဲ။ သူလည်း အရှုံး မရှိဘူး။ ဈေးကျတယ် မရှိသလောက်ပဲ။(PyiSoeOo)
crd

Related Posts