Myanmar House Logo

Myanmar House

Real Estate in Myanmar

ကားလောင်စာဆီများအကြောင်း။

November 2, 2022 514 views
ကားလောင်စာဆီများအကြောင်း။

ကားလောင်စာဆီများအကြောင်း။

အထူးသဖြင့် ကားတွေအသုံးပြုကြတဲ့ လောင်စာဆီ ၁၀ မျိုးအကြောင်း အကြမ်းဖျဉ်းလေး ရေးချင်ပါတယ်။

၁။ Gasoline ဓာတ်ဆီ ကတော့ အားလုံး သိပြီးဖြစ်ပါ တယ်။ တူးဖော်ရရှိတဲ့ ရေနံစိမ်း (Crude oil) မှ ပေါင်းခံချက်လုပ်ခွဲထုတ် (Distillation) ထားတဲ့ ဟိုက်ဒရိုဂျင် နဲ့ ကာဗွန် အက်တန်များပေါင်းစပ်ဖွဲ့စည်း ထားတဲ့ ဟိုက်ဒရိုကာဗွန် ကွန်ပေါင်းဖြစ်ပါတယ်။ ပါဝင်တဲ့ကာဗွန်အလုံးရေဟာ ၄ လုံးမှ ၁၂ လုံးအထိ ရှိပါတယ်။ Spark Ignition Engine (SI)  အင်ဂျင်တွေ  မှာအသုံးပြုပါတယ်။ အလွယ်ပြောရင် ပလဂ် ပါတဲ့ အင်ဂျင်တွေမှာသုံးပါတယ်။

၂။ Octane အောက်တိန်းဆီဆိုတာကလည်း ဓာတ်ဆီပါပဲ။ ပရိတ်သတ်အကြိုက်ခွဲရေးလိုက်တာပါ။ ရေနံစိမ်းက ပေါင်းခံခွဲထုတ်လို့ရလာတဲ့ ဓာတ်ဆီမှာ အောက်တိန်းနံပါတ် ၇၀ မှ ၈၀ ဝန်းကျင်ရှိပါတယ်။ အဲ့ဓာတ်ဆီကို ပုံပြောင်းပြုပြင် Reforming လုပ်ပြီး အောက်တိန်းနံပါတ်တက်စေတဲ့ Additive တွေရော ခြင်းဖြင့် 92, 95 စသည်ဖြင့်ဖြစ်လာပါတယ်။ အောက်တိန်းအကြောင်း ရေးပြီး (Post No. 44 & 45)

၃။ Gasohol ဂတ်ဆိုဟော ဆိုတာကတော့ Gasoline ဓာတ်ဆီကို Ethanol အီသနောဆိုတဲ့ အရက်နဲ့ရော ထားတာပါ။ အီသနောဆိုတာ လူတွေသောက်နေတဲ့ အရက်ပါ။ ဒါပေမယ့် Gasohol မှာသုံးတဲ့ အီသနော ကတော့ အနိမ့်ဆုံးသန့်စင်မှု ၉၉.၅ ရာခိုင်နှုန်း ရှိရ ပါမယ်။ ရောစပ်မှုအချိုးအနေနဲ့ အီသနော ၁ ဆ ဓာတ်ဆီ ၄ ဆ ဖြစ်ပါတယ်။ Gasohol ကိုဓာတ်ဆီ အင်ဂျင်များမှာ အင်ဂျင်ကိုပြုပြင်ပြောင်းလဲစရာမလိုဘဲ တိုက်ရိုက်အသုံးပြုနိုင်ပါတယ်။ ဓာတ်ဆီနေရာမှာ Gasohol အစားထိုးသုံးခြင်းဖြင့် တွင်းထွက်လောင်စာ အသုံးပြုမှုလျှော့ချပေးခြင်း။ အီသနောဟာ ဓာတ်ဆီထက်  အောက်တိန်းနံပါတ်ပိုမြင့်လို့ မီးသံ မခေါက်ခြင်း။ အဆွဲအရုံးပိုကောင်းခြင်းတွေရှိသော် လည်း။ Gasohol မှာပါဝင်ပေါင်းစပ်ထားတဲ့ အီသနော ဟာ ၉၉.၅ % ရှိလို့ ရေ waterကိုအလွန်စွဲမက်ပါတယ်။ ဒါကြောင့် ဆီတိုင်ကီအဖုံးလုံဖို့တော်တော်လိုသလို storage လုပ်ရာမှာလည်းငွေ့လုံးဝမဝင်ဖို့လိုပါတယ်။

၄။ Bioethanol ဘိုင်အိုအီသနော ဆိုတာကတော့ တွင်းထွက်ရေနံလောင်စာကို လုံးဝအစားထိုးမယ့် Renewable Energy လို့ခေါ်တဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် နည်းပညာဖြစ်ပါတယ်။ Bioethanol ကို အများအားဖြင့် ကြံမှ ချက်လုပ်ပါတယ်။ ကြံမှ ကြံရည်။ ကြံရည်မှ အချိုဓာတ်ကို စိမ်ရည်ဖောက်ပြီး ပေါင်းခံ ချက်လုပ်ခြင်းဖြင့် ဘိုင်အိုအီသနော ရရှိပါတယ်။ အီသနောရာခိုင်နှုန်း ၉၅ % ဖြစ်ပါတယ်။ အသုံးပြု ရာမှာတော့ ဓာတ်ဆီနှင့်ရောမရဘဲ ဓာတ်ဆီအင်ဂျင်မှာ တိုက်ရိုက်သုံးရပါတယ်။ သို့သော် Air/Fuel ratio နဲ့ Ignition timing ကိုတော့ပြန်ညှိပေးရပါမယ်။ အောက်တိန်းနံပါတ်မြင့်သောကြောင့် ဓာတ်ဆီထက် အဆွဲအရုန်းပိုကောင်းသော်လည်း ရေ စုပ်အားကောင်း သဖြင့် အထူးဂရုပြုရမည်ဖြစ်သည်။ ဘိုင်အိုအီသနော တွင် ရေပါဝင်လာပါက miss fire ပါဖြစ်လာပေမည်။ ဆီလေအချိုး မမျှတဘဲ  မီးတိုင်မင်ပါလွဲပါက အင်ဂျင် ဆီစားပြီး heat ပါတက်မည်ဖြစ်သည်။

၅။ Diesel ဒီဇယ် အကြောင်းလည်း ဓာတ်ဆီလိုပဲ လူတိုင်းသိမှာပါ။ ဟုတ်ကဲ့ ဓာတ်ဆီလိုပါပဲ တွင်းထွက် ရေနံမှ ဓာတ်ဆီနှင့်အတူတူချက်လုပ်ရရှိပါတယ်။ ကာဗွန်အရေအတွက် ၁၀ လုံးမှ ၁၅ လုံးပတ်လည်ရှိပြီး ပေါင်းခံချက်လုပ်ရာမှာ ဓာတ်ဆီထက် အပူချိန်ပိုမြင့်စွာ ခွဲထုတ်ရရှိပါတယ်။ ဒါကြောင့် ဓာတ်ဆီက ဒီဇယ်ထက် အငွေ့ပျံလွယ်တာဖြစ်ပါတယ်။ အခြေခံအရ ဒီဇယ်ဟာ ဓာတ်ဆီထက် စွမ်းအားပိုလို့ Compression Ignition Engine (CI) အင်ဂျင်မှာ သုံးပါတယ်။ ပလဂ်မပါတဲ့ အင်ဂျင်ပေါ့။ ဒီဇယ် ကိုတော့ Cetane number စီတိန်းအမှတ်စဉ်နဲ့ သတ်မှတ်ပါတယ်။ စီတိန်းနံပါတ် ၅၅ ဝန်းကျင်ဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဒီဇယ် အင်ဂျင်နဲ့ ဓာတ်ဆီအင်ဂျင်ကွားခြားချက်ကို Post No.25 မှာရေးပြီးပါပြီ။

၆။ Biodiesel ဘိုင်အိုဒီဇယ် ဟာ Bioethanol လိုပဲ 
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နည်းပညာပါ။ ဘိုင်အိုဒီဇယ်နဲ့ ပတ်သတ်ပြီး ကြက်ဆူပင်တွေကို သတိရကြမှာပါ။ ဘိုင်အိုဒီဇယ်ကို ကြက်ဆူဆီမှ မဟုတ်ပါဘူး ဟင်းရွက်ဆီ နေကြာဆီ ပဲဆီနှမ်းဆီ sexy တော့မပါဘူးပေါ့နော်။ ကြော်ပြီးသား အကြော်ဆီ စတဲ့ ဆီပေါင်းစုံကို Transesterification ဟု ခေါ်သော နည်းစဉ်ဖြင့်ချက်လုပ်ပါတယ်။ အလွယ်  ပြောရင်တော့ ဆီတွေကို အက်ဆစ်/အယ်လ်ကာလီ ဓာတ်ကူပစ္စည်းများအကူအညီနဲ့ အရက် (အီသနော/မီသနော) နဲ့ ရောစပ်ချက်လုပ်ရရှိပါတယ်။ ဘိုင်အိုဒီဇယ်ကို ဒီဇယ်အင်ဂျင်မှာတိုက်ရိုက်သုံးလို့ မရပါဘူး အင်ဂျင် Modified လုပ်ပြီးမှသုံးရပါမယ်။ ဘိုင်အိုဒီဇယ်ကို  B100 ဆိုပြီး သု့ချည်းသုံးလို့ရပါတယ်။ ဒီဇယ်ဆီနဲ့ ရောပြီးလည်းသုံးနိုင်ပါတယ်။ ဘိုင်အိုဒီဇယ် 20% နဲ့ တွင်းထွက်ဒီဇယ် 80% အရောကို B20 လို့ခေါ်ပါတယ်။ B5 , B2 တွေလည်းရှိပါတယ်။ ဘိုင်အိုဒီဇယ်ဟာ စီတိန်းနံပါတ်ပိုမြင့်ပေမယ့် စွမ်းအား ပိုနိမ့်ပါတယ်။ ရာဘာပိုက်တွေ ရာဘာဂတ်စကတ် ်တွေကို စားပါတယ်။ အနယ်ကျပါတယ်။ ဒီဇယ်ထက် တော့ ချောဆီသတ္တိပိုကောင်းပါတယ်။

၇။ HHO gas အကြောင်းကတော့ Post No.18 မှာရေးထားပါတယ်။

၈။ CNG (Compressed Natural Gas) CNG ဓာတ်ငွေ့ကိုတော့ ဓာတ်ဆီ ဒီဇယ် LPG လောင်စာသုံး engine တွေမှာ modified လုပ်ပြီး သုံးပါတယ်။ CNG ဆိုတာ မီသိန်း ဓာတ်ငွေ့အများဆုံးပါဝင်သော သဘာဝဓာတ်ငွေ့ကို 20~25MPa ဖိအားဖြင့် ဆလင်ဒါ/စက်လုံးပုံ ကန်များတွင်သိမ်းဆည်းလေ့ရှိပါသည်။ CNG ကားတွေဟာ အင်ဂျင်ဂျိုးကပ်တာနည်းလို့ ကြာရှည်ခံပါတယ်။ CNG ကိုတွင်းထွက်ရေနံမှ ချက်လုပ် ၍လည်းကောင်း။ တွင်းထွက်သဘာဝ ဓာတ်ငွေ့မှ လည်းကောင်း ရရှိပါတယ်။ သို့သော် CNG ကားများမှာ ဂတ်စ်အိုးများအတွက်နေရာ ယူခြင်း ဆိုးကျိုးရှိပါတယ်။

၉။ Bio gas ဆိုတာကတော့ လူ/တိရစ္ဆာန် မစင်များ အား ဘက်ဆီးရီးယားများဖြင့်ချေဖျက်ပြီး မီသိန်း ဓာတ်ငွေ့ထုတ်လုပ်ရယူခြင်းဖြစ်သည်။ Renewable energy ပင်ဖြစ်ပြီး ထုတ်လုပ်ရရှိသည့် မီသိန်း ဓာတ်ငွေ့အား CNG ကဲ့သို့ပင်သုံးနိုင်ပါသည်။

၁၀။ LPG (Liquefied Petroleum Gas) ဆိုတာ ကတော့ တွင်းထွက်ရေနံစိမ်းမှ ခွဲထုတ်ချက်လုပ် ်ထုတ်ယူ၍လည်းကောင်း သဘာဝဓာတ်ငွေ့မှ ခွဲထုတ်၍ လည်းကောင်း။ အခြားရေနံချက်နည်းစဉ် များမှ လည်းကောင်းရရှိပါသည်။ Propane C3 နှင့် Butane C4 ဓာတ်ငွေ့များအား အရည်ပြုလုပ် ထားခြင်းဖြစ်သည်။ ဓာတ်ဆီအင်ဂျင်များတွင် အင်ဂျင် modified လုပ်ပြီးသုံးနိုင်ပါကြောင်းဖြင့်။  ။Lin Htet (EEM)

#Credit

 

Related Posts