Myanmar House Logo

Myanmar House

Real Estate in Myanmar

ငွေချေးစာချုပ်နှင့် ငွေယုံကြည်အပ်နှံသည့် စာချုပ်များ နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

November 2, 2022 1624 views
ငွေချေးစာချုပ်နှင့် ငွေယုံကြည်အပ်နှံသည့် စာချုပ်များ နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

ငွေချေးစာချုပ်နှင့် ငွေယုံကြည်အပ်နှံသည့် စာချုပ်များ နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ (ဗဟုသုတရစေရန်ရည်ရွယ်ပါသည်။)
======================
(၁) တံဆိပ်ခေါင်းခွန်ထမ်းဆောင်ထားခြင်းမရှိသည့် စာချုပ်တစ်ရပ်ကို မည်သည့် ကိစ္စအတွက်မျှ အသုံးမပြု နိုင်ကြောင်း တံဆိပ်ခေါင်းခွန်အက်ဥပဒေ ပုဒ်မ - ၃၅ တွင် ပြဌာန်းထားပါသည်။ ထိုနည်းတူ ပစ္စည်းလွှဲ ပြောင်းခြင်းအက်ဥပဒေပုဒ်မ - ၅၃ (က) အလိုဌာ အသုံးပြုခွင့်အရပေ။
သို့ရာတွင် ထိုက်သင့်သည့်တံဆိပ်ခေါင်းမပါသည့် စာချုပ်စာတမ်း (Instrument not duty stamp) နှင့် စပ်လျဉ်း၍ တံဆိပ်ခေါင်းခွန်ဥပဒေပုဒ်မ - ၃၃ အရ သိမ်းယူ ( Impound ) ၍ ပုဒ်မ - ၃၅ ခြွင်းချက်(က) အရ ထိုက်သင့်သည့် ဒဏ်ကြေးပေးဆောင်ပါက သက်သေခံအဖြစ် လက်ခံရမည်။
( ဒေါ်တင်မြတ်မွန်နှင့် ဦးဇော်ဝင်း ၂၀၀၈ ခုနှစ်၊ တရားမပြင်ဆင်မှုအမှတ် - ၂၂၄ (ရန်ကုန်) (၁.၉.၂၀၀၈)
(၂) နှစ်ဦးသဘောတူချုပ်ဆို့သည့် စာချုပ်များကို တံဆိပ်ခေါင်းခွန် ၃ဝဝိ/- ထမ်း ဆောင်ရပါမည်။ 
(၃) အထူးသတိပြုရန်မှာ မည်သည့်သဘောတူစာချုပ်မျိုးကိုမဆို ခေါင်းစီး၌ “ သဘောတူ ” ဆိုသည့် စကား ရပ်ပါရှိရပါမည်။ သိန်းပေါင်းရာထောင်ချီသည့် သဘောတူစာချုပ်များကို တံဆိပ်ခေါင်း ၃ဝဝိ/ - ဖြင့် ချုပ် ဆိုက တရားဝင်ပါသည်။ အခွန်တံဆိပ်ခေါင်းနှင့် အထူးကပ်တံဆိပ်ခေါင်းမှာ တန်ဖိုးအတူတူပင် ဖြစ်ပါ သည်။  
(၄) ချေးယူသူမှ  ငွေပြန်မဆပ်ပါက ငွေပေးခဲ့သည့်အရပ် (သို့) တရားပြိုင်နေထိုင်ရာရှိ မြို့နယ်ပြည်သူရဲ စခန်း(သို့) တရားရုံးများတွင် -    
(က) ရာဇဝတ်ကြောင်းဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၄၀၃ ( ၂ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး/ငွေဒဏ်/ ဒဏ်နှစ်ရပ်လုံး/အာမခံရ ) သို့မဟုတ် ပုဒ်မ - ၄၂၀ ( ၇ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးအပြင် ငွေဒဏ်/ အာမ ခံ ရ ) ဖြင့် စွဲဆိုနိုင်ပါသည်။ ပြစ်မှုပုဒ်မ - ၄၀၆ ဖြင့် စွဲ၍ မရပါ။
(ခ) တရားမကြောင်းဖြင့်လည်း ငွေရလိုမှု စွဲဆိုနိုင်ပါသည်။ ရာဇဝတ်ကြောင်း စွဲထား၍ တရားမကြောင်း မစွဲ ရဟု ဥပဒေပ ပိတ်ပင်မထားပါ။
၁ - ပေးဆပ်ရန် ရက်ချိန်းသတ်မှတ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ချေးယူသောနေ့မှ (၃) နှစ် အတွင်း တရားစွဲရပါမည်။
၂ - ပြန်ပေးဆပ်ရန် နေ့ရက်ကို ထပ်မံသတ်မှတ်ပေးသည့်နေ့ရက်၌ ပျက်ကွက်ပါက ယင်းနေ့မှ (၃) နှစ် အတွင်း တရားစွဲရမည်။
၃ - ငွေချေးယူစဉ်ကာလအတွင်း ငွေရင်းတချို့ (သို့) အတိုးပေးသွင်းက ယင်းနေ့မှ (၃) နှစ်အတွင်း တရားစွဲ  ရမည်။
(၅)  တရားရှုံးက ငွေမပေးဆပ်နိုင်ပါက ၎င်းပိုင်ပစ္စည်းကို ဝရမ်းဖမ်း၍ လေလံတင်ရောင်းချပေးရန် တရား ရုံးသို့ လျှောက်ထားနိုင်ပါသည်။ မည်သည့်ပစ္စည်းမျှ မရှိက တရားရှုံးအား တရားမ ထောင် (၆) လ အပြစ် ပေးရန် ရုံးတော်သို့ လျှောက်ထားနိုင်ပါသည်။ စားစရိတ်ကို တရားနိုင်မှ ပေးသွင်းရပါမည်။
(၆) ၁၉၄၅ ခုနှစ်၊ ငွေတိုးချစားသူများဥပဒေပုဒ်မ (၂၆) အရ ငွေထုတ်ချေးသည့် အလုပ်ကို လုပ်ကိုင်သူ တစ်ဦးဦးကို ငွေတိုးချစားသူဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
(၇) ငွေထုတ်ချေးခြင်းကို လုပ်ငန်းတစ်ခုအနေဖြင့် မဟုတ်ဘဲ မိတ်ဆွေတစ်ဦးဦးအား ကူညီသည့် အနေဖြင့် တစ်ခါတစ်ရံသာ ငွေထုတ်ချေးခြင်းဖြစ်ပါမူ ထိုသူကို ငွေတိုးချစားသူဖြစ်သည်ဟု သတ်မှတ်ခြင်း မပြုနိုင်ပေ။
( ဦးထွန်းရွှေ နှင့် ဦးဝင်း၊ ၁၉၆၇ ၊ မတဆ - ၁၄၅ )
(၈) ငွေချေးစာချုပ်နှင့် ငွေယုံကြည်အပ်နှံသည့် စာချုပ်များတွင် ငွေယူသူ၏ ဘယ်ဖက်လက်မ လက်ဗွေနှိပ် ယူလေ့ရှိပါသည်။ အကြောင်းမူ အမှုဖြစ်ပွားက ငွေယူသူမှ ၎င်း၏လက်မှတ် မမှန်ကြောင်း အငြင်းပွားသော ကြောင့် ဖြစ်ပါသည်။     
ကိုးကားခဲ့သော ဥပဒေစာအုပ် - ဦးမြင့်လွင် (တရားလွှတ်တော်ရှေ့နေ) စာချုပ်စာတမ်းအမျိုးမျိုး ချုပ်ဆိုနည်းလမ်းညွှန်စာအုပ် မှ ကိုးကားဖော်ပြပါသည်။
#Credit

Related Posts