Myanmar House Logo

Myanmar House

Real Estate in Myanmar

အိမ်(၄)မျိုးအကြောင် 🏘️❣

November 3, 2022 472 views
အိမ်(၄)မျိုးအကြောင် 🏘️❣

အိမ်(၄)မျိုးအကြောင်း 🏘️❣
------------------------------
အိမ်၏ ခေါင်းရင်းနေအိမ်သည် မိမိအိမ်ထက်မြင့်မည်...
ခြေရင်းအိမ်သည်လည်း မိမိအိမ်ထက်မြင့်ပါက  
ကိုယ်နေသောအိမ်သည် အမိုးနိမ့်နေလျှင်
အိမ်ပုခက် ဟုခေါ်သည်။
နေသောမိသားစုသည် စီးပွားတက်၏။🏘️

ကိုယ့်အိမ်ခေါင်းရင်းအိမ်က အမိုးနိမ့်မည်။
ကိုယ့်အိမ်ခြေရင်းကလဲ အမိုးနိမ့်မည်…
ကိုယ့်အိမ်က အလယ်မှ အမိုးမြင့်မားနေပါက
အိမ်မြင့်မိုရ်ဟုခေါ်သည်။
လူကြီးမိဘတို့ကို ခေါင်းရင်းဘက်ထား၍
ပြုစုလုပ်ကျွေးအား သဒ္ဓါပြည့်က အထူးကောင်းမွန်၏။🏘️

ကိုယ့်အိမ်၏ခေါင်းရင်းက မြင့်မည်။
ကိုယ့်အိမ်၏ ခြေရင်းက ကိုယ့်အိမ်ထက်နိမ့်နေပါက
အိမ်တောင်တန်းဟု ခေါ်သည်။
တစ်စိမ့်စိမ့် စီးပွားဖြစ်၏။🏘️

ကိုယ့်အိမ်၏ခေါင်းရင်းက နိမ့်၍
ကိုယ့်အိမ်၏ ခြေရင်းအိမ်က မြင့်နေပါက
စီးပွားအသည်းအသန်ရှာရတတ်သည်။
ရေဆန်အိမ်ဟုခေါ်သည်။
ရှေးလူကြီးများက မဝယ်သင့်ဟုဆိုကြ၏။🏘️

အိမ်(၄)မျိုးအပြင်...
👇👇👇👇👇
ကိုယ့်အိမ်၏ ခေါင်းရင်းနားတွင် မီးဖိုအကြီးကြီးဖြင့် စီးပွားရှာသောအိမ် ရှိနေပါက 
ထိုအိမ်ကို ဘုရားဆောင်ရွှေ့ခြင်း သို့မဟုတ်
အိမ်အမိုးထပ်မြှင့်ခြင်း ပြုအပ်၏။
မကျန်းမမာဖြစ်တတ်၏။
ဦးခေါင်း အပူတိုက်ဟု ခေါ်ကြသည်။
သတိထားအပ်၏။🏘️

ကိုယ့်အိမ်၏ ဘေးဘယ်ညာအိမ်တို့မှ ဆူညံစကား၊ ပြင်းသောအသံချဲ့စက်၊ ဆောင်းဘောက်စ်အသံ၊ အဆဲအဆို နူတ်ကြမ်းတမ်းခြင်းများ ပြုလုပ်နေပါက
ထိုအိမ်သည် နတ်ဆိုးလှည်း အိမ်ဟုခေါ်သည်။
အမင်္ဂလာအသံကြားတွင် ညပ်နေ၍ဖြစ်၏။
မေတ္တသုတ် မပြတ်သရဇ္ဈယ်အပ်၏။🏘️

အလွန်စပ်စပ်စုစုနိုင်သော အိမ်နီးပါးချင်း
ငွေအချေးအငှားအလွန်ပက်စက်၍ ပြန်ဆပ်လျှင်
လက်အလွန်ခက်သောသူတို့နှင့် နေထိုင်ရပါက
မရှိပါ...ဟူသောစကားကို လိမ်ညာပြောတတ်ရ၍
သီလ မလုံသောကံကို စီရင်ဖန်တီးမိနေတတ်၍
အလိမ္မာဖြင့် ဝစီကံထိမ်းထိမ်းသိမ်းသိမ်း သတိထား ပြောရတတ်၏။
ဝစီဗေဒထိတိုင်းရှ ဟူသည်နှင့်အညီ ကိုယ်ပါ ဆင်းရဲနွမ်းပါးလာတတ်၏။🏘️

ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်နော်😊❣

Related Posts