Myanmar House Logo

Myanmar House

Real Estate in Myanmar

အသစ်ဆောက်မယ့် ကွန်ဒိုတွေ ဝယ်ယူမယ်ဆိုရင်

November 4, 2022 215 views
အသစ်ဆောက်မယ့် ကွန်ဒိုတွေ ဝယ်ယူမယ်ဆိုရင်

အသစ်ဆောက်ထားတဲ့ ကွန်ဒိုတွေကို ဝယ်ယူတော့မယ်ဆိုရင် သိထားသင့်တာတွေ အများအပြား ရှိနေတယ်လို့ သိရပါတယ်။

“ကွန်ဒိုတစ်ခုကို စဝယ်တော့မယ်ဆိုရင် ဝယ်တဲ့သူတွေ အများစုကတော့ နေရာတွေ၊ အကျယ်အဝန်းတွေနဲ့ သက်တောင့်သက်သာ ရှိလား မရှိဘူးလား ဆိုတာနဲ့ ဈေးနှုန်းကို အဓိက ထားကြည့်ပြီး ဝယ်ယူကြတယ်၊ တခြား အရေးကြီးတာတွေကို မကြည့်ကြတော့ဘူး” လို့ အိမ်ခြံမြေ အကျိုးဆောင် ကိုမျိုးမင်းက ပြောပါတယ်။
တခြား အရေးကြီးတဲ့ အချက်တွေ ဖြစ်တဲ့ အဆောက်အအုံတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ အင်္ဂါရပ်တွေကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ အဆောက်အအုံ အင်္ဂါရပ်တွေဆိုတာက မျက်နှာစာ၊ ကြမ်းခင်း၊ အမိုး၊ ပစ္စည်း အသုံး အဆောင်တွေနဲ့ ဆောက်ထားတဲ့ မြေသားကြံ့ခိုင်မှုတွေ ရှိမရှိ၊ ဓါတ်လှေကား၊ ပြတင်းပေါက်၊ ရေပိုက်လိုင်းတွေ ဆက်သွယ်ထားတာတွေက အရည်အသွေး ပြည့်မီဖို့ လိုအပ်တာတွေကို သိထားရမှာ ဖြစ်ပါတယ်။

ဝယ်ယူမယ်ဆိုတဲ့ အခန်းက နေထိုင်ခွင့်ရှိသလား မရှိဘူးလား ဆိုတာကို သေချာအောင် လေ့လာထားရမှာ ဖြစ်ပါတယ်။ သည်လို အချက်တွေအပြင် မီးဘေးလုံခြုံ စိတ်ချနိုင်တဲ့ နေရာတွေမှာလည်း ဝယ်ယူနေထိုင် သင့်ပါတယ်။

Source: The Modern

Related Posts