Myanmar House Logo

Myanmar House

Real Estate in Myanmar

steel column အထိုင် ပြုလုပ်ပုံ

November 4, 2022 200 views
steel column အထိုင် ပြုလုပ်ပုံ

steel column အထိုင် ပြုလုပ်ပုံ
^^^^^^^^^^^^^^^^^^^^^^^^^^
         steel structure အဆောက်အဦတွေမှာ columns (တိုင်များ) ကို မြန်မာနိုင်ငံမှာ RC short columns များအပေါ်မှာသာ အထိုင်ချတယ်။ တကယ်လို့ တိုင်ကို ၈"×၁၆"အရွယ် H beam ကိုသုံးရင် column အောက်က base plate ကို ၂"ပတ်ပတ်လည်တိုးပြီး ၁၂"×၂၀"ထားရတယ်။သူ့အောက်က ကွန်ကရစ်တိုင်က ၂"ပတ်လည်ထပ်တိုးပြီး ၁၆"×၂၄" အရွယ် လောင်းရတယ်။
    ကွန်ခရစ်တိုင်မလောင်းခင် base plate တစ်ခုကို column တိုင်တိုရဲ့ rebar များနဲ့ welding (ဂဟေ)ဆော်ပြီး centre ဖမ်းရတယ်။base plate ကို anchor bolt (J ပုံ သံချိတ်) ၄ ချောင်းနဲ့တွဲပြီး မြှုပ်လောင်းရတယ်။ကွန်ခရစ်လောင်းပြီးတဲ့အခါ ဖော်ပြထားတဲ့ပုံ ၂ အတိုင်း တိုင်မှာ base plate နဲ့ anchor bolt ကကျန်နေခဲ့တယ်။
    steel column ထောင်တဲ့အခါ column အောက်ခြေမှာ base plate ပုံစံတူ နောက်တစ်စုံကို welding ဆော်ရတယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် စောစောက ကွန်ခရစ်တိုင်မှာ ကျန်ခဲ့တဲ့ base plate အပေါ်မှာစွပ်ပြီး nut & washer (နတ်ခေါင်းနဲ့ကွင်း)နဲ့ကျပ်ပေးရတယ်။ပြီးရင်တိုင်ကိုမတ်အောင် ချိန်ချပြီး သံချောင်းများနဲ့ယာယီ ချုပ်နှောင်ပြီး ငြိမ်အောင် spotted welding (စပေါ့တွဲ) ဆော်ပေးရတယ်။
    ပေးထားတဲ့ပုံထဲက steel packing ဆိုတာ column ထောင်တဲ့အခါ ချိန်ရအောင် ခုပေးရတဲ့ သံတိုသံစ ကိုခေါ်တာဖြစ်တယ်။ base plate ကိုကွန်ခရစ်မြှုပ်လောင်းစဉ်အခါက base plate အောက်နှုတ်ခမ်းနဲ့ ကွန်ခရစ်အပေါ်နှုတ်ခမ်းကြား 40 mm (၁.၅")လောက် ခြားထားပေးရတယ်။
    မြှုပ်လောင်းထားတဲ့ base plate ပြားကို base template လို့ခေါ်တယ်။တချို့ကလည်း base template ကို သံပြားအပါးစားသို့မဟုတ် အထပ်သားနဲ့ မြှုပ်လောင်းကြပြီး တိုင်စွပ်တဲ့အခါမှာ အထပ်သားကို ခွာလိုက်ရတယ်။
special credit & share with Sayar u tin maung myaing
#အောင်မြင်မှုဆောက်လုပ်ရေး
#credit_to_org_writer 
---------------------------------------

Related Posts