Myanmar House Logo

Myanmar House

Real Estate in Myanmar

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေကို အိမ်နဲ့ မြေဝယ်ယူခွင့်ပြုဖို့ ဝန်ကြီးများအဖွဲ့ သဘောတူ

November 8, 2022 228 views
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေကို အိမ်နဲ့ မြေဝယ်ယူခွင့်ပြုဖို့ ဝန်ကြီးများအဖွဲ့ သဘောတူ

ထိုင်းနိုင်ငံရဲ့ ဝန်ကြီးများအဖွဲ့က အောက်တိုဘာလ ၂၆ရက် ချမှတ်လိုက်တဲ့ အဓိက ဆုံးဖြတ်ချက်တစ်ရပ်အရ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံမှာ အိမ်နဲ့ မြေတွေ ဝယ်ယူခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အနည်းဆုံး ဘတ်သန်း ၄၀ ရင်းနှီးမြှုပ်နှံပြီး အဲ့ဒီရင်းနှီးမြှုပ်နှံမှုကို သုံးနှစ်ကျော်ကြာအောင် ထိန်းသိမ်းထားနိုင်တဲ့ ဘယ်နိုင်ငံခြားသားမဆို ထိုင်းနိုင်ငံမှာ အိမ်နဲ့ မြေဝယ်ယူခွင့်ရရှိမှာ ဖြစ်တယ်လို့ Bangkok Biz Newsကဖော်ပြပါတယ်။ဒါပေမယ့် မြေယာဥပဒေ ပုဒ်မ ၆၃အရ နိုင်ငံခြားသားတွေ ဝယ်ယူတဲ့ မြေဟာ ၁၆၀၀စတုရန်းမီတာ ထက်ပိုမများ ရဘူးလို့ သတ်မှတ်ထားပါတယ်။

ဒီဥပဒေသစ်ကို မကြာခင် Royal Gazette သတင်းမှာ ဖော်ပြပြီးနောက် တစ်လအကြာမှာ စတင် အသက်ဝင်လာမှာ ဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေရဲ့ ရင်းနှီးမြှုပ်နှံမှုပိုများလာစေဖို့ ဒီဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာနက ယခုနှစ် စောစောပိုင်းက အဆိုပြုခဲ့တာဖြစ်ပါတယ်။

ထိုင်းအစိုးရ၊ ထိုင်းနိုင်ငံတော်ဘဏ်၊ နိုင်ငံပိုင် အဖွဲ့အစည်းတွေ ဒါမှမဟုတ် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ ငွေတိုက်စာချုပ်တွေ ဝယ်ယူတဲ့ နိုင်ငံခြားသားတွေ အိမ်နဲ့ မြေဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။အခြား ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တဲ့ လူချမ်းသာနိုင်ငံရေးသမားတွေလည်း အိမ်နဲ့ မြေဝယ်ယူနိုင်မှာ ဖြစ်ကြောင်း အဲ့ဒီသတင်းမှာ အသေးစိတ် ဖော်ပြထားပါတယ်။

အိမ်နဲ့ မြေဝယ်ယူမယ့် နိုင်ငံခြားသားတွေ အနေနဲ့ သူတို့ရဲ့ ရင်နှီးမြှုပ်နှံမှု အချက်အလက် အသေးစိတ်ကို တင်ပြပေးရမှာ ဖြစ်ပါတယ်။ဒါပေမယ့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေ အနေနဲ့ စစ်တပ်နေရာတွေမှာ မြေဝယ်ယူခွင့်မရှိဘူးလို့ သတ်မှတ်ထားပါတယ်။

ဝယ်ယူထားတဲ့ အိမ်နဲ့ မြေတွေကို ပုဂ္ဂိုလ် ရေးအရပဲ အသုံးပြုရမှာ ဖြစ်သလို အကောက်ခွန်ဥပဒေနဲ့ ဒေသခံတွေရဲ့ နေထိုင်မှု ဆိုင်ရာ သတ်မှတ်ချက်တွေကို မချိုးဖောက်ရဘူးလို့ လည်း သတ်မှတ်ထားပါတယ်။ဝယ်ယူဖို့ လျှောက်ထားတဲ့ နိုင်ငံခြားသားတွေ အနေနဲ့ မြေယာညွှန်ကြားရေးမှူးရုံးကတစ်ဆင့် လျှောက်ထားရမှာ ဖြစ်ပြီး အဲဒီကတစ်ဆင့် ပြည်ထဲရေးက ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။

 Credit: myanmaplatform

Related Posts