Myanmar House Logo

Myanmar House

Real Estate in Myanmar

အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခြင်းနှင့် လိုက်နာရန် အချက်များ

November 11, 2022 196 views
အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခြင်းနှင့် လိုက်နာရန် အချက်များ

အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခြင်းနှင့် လိုက်နာရန် အချက်များ

တစ်နေ့က ငယ်သူငယ်ချင်း တစ်ဦး စာရေးသူထံ ရောက်လာ ပြီး-
“ယခုနေတဲ့ အဆောက်အအုံ နဲ့ တိုက်ခန်းတွေက ဆွေးနေတယ်။ အချို့က ပြောတော့ ပြင်ဆင်ခွင့် လျှောက်ထားလို့ရတယ်ဆိုတာ ဟုတ်သလား၊ ဘယ်လို ဆောင် ရွက်ရတယ်ဆိုတဲ့ ကိစ္စတွေ သိထား ချင်လို့ သူငယ်ချင်းဆီလာခဲ့တာ” ဟု ပြောပါသည်။

“သူငယ်ချင်း ပြောစကားအရ ဆိုရင် အဆောက်အအုံ တစ်ခုလုံး ဟောင်းနွမ်း၊ ဆွေးနေတယ်လို့ သဘောရတယ်”

“ဟုတ်တယ်၊ လွန်ခဲ့တဲ့ အနှစ် ၃ဝ လောက်က ဆောက်ထားတဲ့ ကန်ထရိုက်တိုက်ခန်းတွေဖြစ်တယ်”

“အထပ်ဘယ်နှထပ်ရှိလဲ”

“ခြောက်ထပ်ရှိမယ် ထင် တယ်။ ခေါင်မိုးထပ်မှာလည်း လူ နေခန်းထပ်ပြီး ဖွဲ့စည်းထားတာ ရှိတယ်”

“ကန်ထရိုက်တာတစ်ခြမ်း၊ မြေရှင်တစ်ခြမ်း ရင်ခွဲဆောက်ထား တယ်ဆိုတော့ အခန်းအရေအ တွက်က ….”

“အဲဒီ ပုံစံမဟုတ်ဘူး သူငယ် ချင်း။ တစ်လွှာချင်း၊ ဘေးလှေခါး အတက်နဲ့ ခြောက်လွှာ၊ အပေါ်ဆုံး အခန်းပါဆိုတော့ ခုနစ်ခန်းပေါ့”ဟု စာရေးသူ၏ စကားမဆုံးမီတွင် သူ ငယ်ချင်းဖြစ်သူက ရှင်းပြခြင်းဖြစ် သည်။

“အိမ်တိုင်တွေက ကွန်ကရစ် တိုင်တွေပဲလား”

“မဟုတ်ဘူး။ သစ်ရိုင်းတွေနဲ့ ဆောက်ထားတာဆိုတော့ တိုင်တွေ က ခြလိုက်ချင်နေပြီ။ ကြမ်းခင်း တွေကလည်း သစ်သားကြမ်းခင်း တွေ”

“အင်းပေါ့လေ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော်ခန့်က ဆောက်လုပ်ထားတယ်ဆိုတော့ သစ်သားခင်းတွေပဲ ဖြစ်မှာပေါ့”

“နောက်ဘက် ရေချိုးခန်း၊ ရေ အိမ်ခန်းရှိတဲ့ အခြမ်းဘက်ဆိုရင် အပေါ်ကြမ်းခင်းကနေ ရေအမြဲ စိမ့်ကျနေတာ။ ကြမ်းခင်း ဘိလပ် မြေလည်း အမြဲကွာကျနေတာဆို တော့ ပြိုများကျလာရင် ဒုက္ခပဲလို့ တွေးမိတယ်”

“ဘေးနံရံတွေကလည်း ရေ စိမ့်ပြီလား”

“ရေစိမ့်ကျနေရုံ မဟုတ်ဘူး။ မိုးတွင်းဆိုရင် ဘေးအုတ်နံရံတွေက ရေတွေစိမ့်ပြီး၊ ရေစီးကြောင်းတွေ စီးကျနေတာ”

“သူငယ်ချင်း ပြောပုံအရ တော့ အဆောက်အအုံက အတော် လေး ဆွေးမြည့်နေတဲ့ သဘောဖြစ် နေတယ်”

အချို့က အန္တရာယ်ရှိ အ ဆောက်အအုံအဖြစ် သတ်မှတ်နိုင် တဲ့ အခြေအနေရောက်နေပြီလို့ ပြောကြတယ်”

“ရန်ကုန်မြို့တော် စည်ပင် သာယာရေးနယ်နမိတ်အတွင်းရှိတဲ့ အဆောက်အအုံ ပြင်ဆင်ခွင့်နဲ့ ပတ်သက်လို့ ရန်ကုန်မြို့တော် စည် ပင်သာယာရေး ကော်မတီ အင်ဂျင် နီယာဌာန (အဆောက်အအုံ) ထံ လျှောက်ထားရတယ်”

“ပြင်ဆင်မယ့် အပိုင်းကို ပုံဆွဲ ပြီး တင်ပြရမှာလား”

“ဥပဒေအရဆိုရင် အ ဆောက်အအုံ ပြင်ဆင်ခြင်းနဲ့ ပတ် သက်လို့ သုံးမျိုးရှိတယ်။ ပထမအ ချက်က အသေးစားပြင်ဆင်ခွင့်၊ ဒုတိယပိုင်းက အကြီးစားပြင်ဆင် ခွင့်၊ တတိယအခြေအနေကတော့ အဆောက်အအုံတစ်ခုလုံးကို ဖြို ဖျက်ပြီး အသစ်ဆောက်လုပ်ခွင့်ဆို ပြီး ရှိတယ် သူငယ်ချင်း”

“အဆောက်အအုံ တစ်ခုလုံး ကို ခိုင်ခန့်အောင်ပြန်ပြင်မယ်ဆို ရင်တော့ အသေးစား ပြင်ဆင်ခွင့် တော့ ရမယ်မထင်ဘူး”

“အသေးစားပြင်ဆင်ခွင့်မှာ တိုက်ခန်းရဲ့ ဝဲယာအုတ်နံရံကို ပလာစတာခွာပြီး ပြန်ချောမယ်၊ ဆေးသုတ်မယ်၊ ခေါင်းမိုးသွပ်လဲ မယ်၊ တိုက်ခန်းအတွင်း အထပ် သားနဲ့ အခန်းဖွဲ့မယ်စတဲ့ အသေး စားကိစ္စတွေပြင်ဆင်မှုကို အသေး စား ပြင်ဆင်မှုလို့ သတ်မှတ်ထား တယ်။ အဆောက်အအုံတစ်ခုလုံး ကို ပြင်ဆင်မယ်ဆိုရင်တော့ အ ကြီးစားပြင်ဆင်ခွင့်ကို လျှောက် ထားရတယ်”

“အန္တရာယ်ရှိ အဆောက်အ အုံအဖြစ် သတ်မှတ်ပေးတာရှိ တယ်လို့ ပြောကြသူတွေလည်းရှိ တယ်။ အန္တရာယ်ရှိ အဆောက်အ အုံအဖြစ် သတ်မှတ်တဲ့ ကိစ္စက ဘယ်လိုဆိုတာ ရှင်းပြပါဦး”

“ရန်ကုန်မြို့တော် စည်ပင် သာယာရေးဥပဒေ ပုဒ်မ ၅၁ မှာ လူနေထိုင် အသုံးပြုရန် မသင့် လျော်သည့် အဆောက်အအုံဖြစ် ပြီး အန္တရာယ်ဖြစ်စေနိုင်ပါက ဘေးအန္တရာယ်ရှိ အဆောက်အအုံ အဖြစ်၊ သတ်မှတ်ခြင်း၊ ယင်း အ ဆောက်အအုံမှာ နေထိုင်အသုံးပြု သူများကို ဖယ်ရှားရန် ညွှန်ကြား ခြင်း၊ အဆောက်အအုံအား ဖျက် သိမ်းခြင်း၊ အသစ်ပြန်လည်တည် ဆောက်ခြင်း ကိစ္စရပ်များကို ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ဆောင်ရွက်နိုင်တယ် လို့ ပြဋ္ဌာန်းထားတယ်။ ဒါကြောင့် သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အ အုံ)က လာရောက် စစ်ဆေးပြီး လူ နေရန် မသင့်လျော်တော့ဘဲ အန္တရာယ်ရှိနိုင်တဲ့ အဆောက်အ အုံဖြစ်ရင် အန္တရာယ်ရှိ အဆောက် အအုံအဖြစ် သတ်မှတ်ပေးမှာဖြစ် တယ်”

“အန္တရာယ်ရှိ အဆောက်အ အုံအဖြစ် သတ်မှတ်ပေးပေမယ့် နေထိုင်သူတွေက ဆင်းမပေးဘဲ နေနိုင်သမျှ ဆက်နေရင် ဘာဖြစ် နိုင်သလဲ”

“ပုဒ်မ ၅၂ မှာ ပုဒ်မ ၅၁ ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို နေ ထိုင်သူတို့က လိုက်နာရန် ပျက် ကွက်လျှင် ပျက်ကွက်သူထံ မြို့ တော်စည်ပင်သာယာရေးကော်မတီ ၏ ဖျက်သိမ်းဖယ်ရှားရှင်းလင်းရေး အဖွဲ့က ရက်ပေါင်း ၃ဝ အတွင်း ဖျက်သိမ်းရှင်းလင်းဖယ်ရှားပေးရန် အမိန့်ထုတ်ဆင့်နိုင်တယ်။ ထုတ် ဆင့်တဲ့ အမိန့်ကို လိုက်နာရန် ပျက်ကွက်ငြင်းဆိုရင် ဖျက်သိမ်း ရှင်းလင်းရေးအဖွဲ့က နေထိုင်အသုံး ပြုသူ အပါအဝင် အဆောက်အ အုံနဲ့ ပစ္စည်းများကို ဖျက်သိမ်းဖယ် ရှားနိုင်တယ်။ ဖျက်သိမ်းဖယ်ရှား ခြင်းအောင်မြင်နိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုး ရအဖွဲ့ထံမှ လုံခြုံရေးနဲ့ အခြားအ ကူအညီတွေ တောင်းခံနိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်”

“ပြင်ဆင်ဆောက်လုပ်ခွင့်ပြု တဲ့အခါမှာ အချိန်ကာလ သတ် မှတ်ပေးတာရှိသလား၊ သတ်မှတ် ထားတဲ့ စည်းကမ်းထက်ကျော်လွန် ဆောက်လုပ်တဲ့ ကိစ္စရပ်တွေရှိခဲ့ရင် ဘယ်လို အရေးယူတာတွေရှိသလဲ”

“ရန်ကုန်မြို့တော် စည်ပင် သာယာရေး ဥပဒေပုဒ်မ ၆၁ မှာ အဆောက်အအုံပြင်ဆင် ဆောက် လုပ်ခြင်းနဲ့ ပတ်သက်လို့ တားမြစ် ချက်တွေကို ပြဋ္ဌာန်းထားတယ်။ ခွင့်ပြုသတ်မှတ်ထားတဲ့ ပုံစံ အ ချက်အလက်များထက် ကျော်လွန် ပြီး ဆောင်ရွက်ပိုင်ခွင့်မရှိပါဘူး။ ဆောင်ရွက်ပါက ကျော်လွန် ဆောက်လုပ်ထားတဲ့အပိုင်းကို ပြန် လည်ဖျက်သိမ်းအရေးယူ ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မည်သူမျှ လူနေထိုင်ခြင်းမပြုရန် တားမြစ်ချက် သင်္ကေတအမှတ်အ သား ရေးမှတ်ထားတဲ့ အဆောက် အအုံ၊ ဒါမှမဟုတ် အဆောက်အ အုံရဲ့ တစ်စိတ်တစ်ဒေသအတွင်း ဝင်ရောက်နေထိုင်ခြင်းမပြုလုပ်ရ လို့ တားမြစ်ထားပါတယ်။ တစ် ဆက်တည်းမှာပဲ ဖြိုဖျက်ထားတဲ့ အန္တရာယ်ရှိ အဆောက်အအုံတည် ရှိရာ မြေကွက်အတွင်းကိုလည်း ဝင်ရောက်နေထိုင်ခြင်း မပြုရလို့ တားမြစ်ထားပါတယ်”

“တားမြစ်ထားတဲ့ အချက် တွေကို မလိုက်နာရင် ဘယ်လို အရေးယူနိုင်သလဲ”

“သက်ဆိုင်ရာ စည်ပင်သာ ယာရေး ဌာနမှ ဥပဒေတားမြစ် ချက်တွေအပေါ် မလိုက်နာ ပျက် ကွက်သူအား တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ဆွေးနွေးပေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်

Related Posts