Myanmar House Logo

Myanmar House

Real Estate in Myanmar

Passport အကြောင်းဗဟုသုတရရှိစေရန် လက်ဆင့်ကမ်း ဝေမျှပေးပါ။

November 14, 2022 2411 views
Passport အကြောင်းဗဟုသုတရရှိစေရန် လက်ဆင့်ကမ်း ဝေမျှပေးပါ။

Passport အကြောင်းဗဟုသုတရရှိစေရန် လက်ဆင့်ကမ်း ဝေမျှပေးပါ။

နိုင်ငံကူးလက်မှတ် ( Passport )
အသစ် ၊ သက်တမ်းတိုး ၊ ပျောက်ဆုံး
လျှောက်ထားလိုသူများသို့....

အရင်ဆုံး online booking နံပတ် ယူရပါမည်။ 
ရရှိလျှင် ချိန်းဆိုသည့်နေ့သွားရောက်၍

passportရှိပြီး သက်တမ်းကျန်သေးတဲ့သူများလဲ ကိုယ်ခရီးသွားမယ့်ရက်နဲ့ ပတ်စပို့သက်တမ်းကုန်ဖို့က အနဲဆုံး ခြောက်လ ကျော်မကျန်ရင်ခရီးထွက်ဖို့ ဗီဇာမရနိုင်တဲ့အတွက် သက်တမ်းတိုးဖို့လိုပါတယ်။

ပြည်ပနိုင်ငံ တစ်ခုခုကိုသွားရောက်ဖို့ နိုင်ငံကူးလက်မှတ်ကို ဘယ်လိုလုပ်ရမလဲ??

မြန်မာနိုင်ငံနိုင်ငံကူးလက်မှတ်ထုတ်ပေးရးဌာန သို့
မှတ်ပုံတင် မူရင်း နှင့် မိတ္တူ ၂ စောင်
သန်းခေါင်စာရင်း မူရင်း နှင့် မိတ္တူ ၂ စောင်တို့ကို ယူဆောင်သွားပါ။
စစ်မှုထမ်း သားသမီးများ (သန်းခေါင်စာရင်းတွင် ဖခင်/မိခင်အလုပ်အကိုင်က စစ်မှုထမ်းဟု ပါရှိပါက) ကကကြည်း ထောက်ခံချက် ရယူသွားပါ ..
စစ်မှုထမ်းဟောင်းသားသမီးများ (သန်းခေါင်စာရင်းတွင် ဖခင်/မိခင်အလုပ်အကိုင်က စစ်မှုထမ်းဟု ပါရှိပါက) တပ်ထွက်စာ မိတ္ထူ တင်ပြရန်လိုအပ်ပါသည် ..

PJ (Passport for Jobs) လျှောက်ထားလိုသူများ နီးစပ်ရာ လေဘာရုံးများမှ ပြည်ပအလုပ်အကိုင်လေဘာကပ် လျှောက်ထားပြီး အသင့်ယူဆောင်သွားပါ .. မိမိသွားရောက်လိုသည့်နိုင်ငံအား ပြောပြ၍ အခမဲ့ လျှောက်ထားရယူနိုင်သည် ။

သက်တမ်းတိုးလျှောက်ထားလိုသူများသည်
မိမိ၏ နိုင်ငံကူးလက်မှတ်မူရင်းနှင့်
နိုင်ငံကူးလက်မှတ်မှ မိမိဓာတ်ပုံပါရှိသည့် စာမျက်နှာ မိတ္တူ ၂ စောင် ယူဆောင်သွားပါ။

၁။ နိုင်ငံကူးလက်မှတ်လျှောက်ထားရေးရုံးသို့ မှတ်ပုံတင်ပြ၍ ဝင်ရောက်ပါ၊
( မှတ်ပုံတင်ကို Scan ဖတ်ပြီး လျှောက်ထားသူကို ဓာတ်ပုံရိုက်ပါလိမ့်မည်)

၂။ အနီးရှိစားပွဲတွင် ပုံစံစာရွက် အခမဲ့ရယူ၍ လိုအပ်သော အချက်အလက်များကို
ဖြည့်သွင်းရေးသားပါ။

၃။ ပုံစံစာရွက်ကို သန်းခေါင်စာရင်းမိတ္တူ၊ မှတ်ပုံတင် မိတ္တူ တို့ဖြင့်တွဲပါ၊
သက်တမ်းတိုးလျှောက်ထားသူများက နိုင်ငံကူးလက်မှတ်မှ မိတ္တူကူးထားသည့်
မိမိဓာတ်ပုံပါသည့် စာရွက်ကိုပါ တွဲပါ
ပျောက်ဆုံး လျှောက်ထားသူများသည် သတင်းစာတွင် ထည့်ထားသည့် ကြော်ငြာမိတ္တူကို
ပါ တွဲပါ၊

၄။ ကောင်တာ ၁၆ ခုဖွင့်ထားရာ
ကောင်တာ ၁ တွင် သက်တန်းတိုး နှင့် ပျောက်ဆုံးသူများ တန်းစီ၍
ကောင်တာ ၇, ၈, ၉, ၁၀ တွင် နိုင်ငံရပ်ခြားရှိ သံရုံးများတွင် ပတ်စပို့သက်တမ်းတိုးဖူးသူ
များတန်းစီပါ .. .
အသစ်ပြုလုပ်သူများက ကောင်တာ ၂ မှ ၁၂ အတွင်း နှစ်သက်ရာကောင်တာတွင် တန်း
စီပါ။

၅၊ တန်းစီနေစဉ် ရဲတပ်ဖွင့်ဝင်များက
တစ်ဦးချင်း ကိုင်ထားသည့် စာရွက်များကို ချုပ်စက်ဖြင့် လိုက်ချုပ်ပေးပြီး
လိုအပ်ချက်ရှိပါက ပြောပြပါလိမ့်မည်။

၆။ ကောင်တာတွင် လက်ဗွေနှိပ်ပြီး
ငွေကျပ် ၂၀၀၀ သွင်းပြီးလျှင် မိမိအမည်ပါသည့် စာရွက်ကို
မိမိတင်ပြသည့် စာရွက်များနှင့်အတူ ပြန်ပေးပါလိမ့်မည်။

၇။ ထို့နောက် ကောင်တာ ၁၃ ၊ ၁၄၊ ၁၅ တစ်ခုခုတွင် လူဝင်မှုကြီးကြပ်ရေးစစ်ဆေးမှု လုပ်ပါ၊
PJ လျှောက်ထားသူများ လေဘာကပ်နဲ့တွဲ၍ ငွေစာရင်းဌာနတွင် ငွေး ၃၀၀၀ ကျပ်ပေးသွင်း၍ PJ တံဆိပ်တုံးရယူပါ။

၈။ငွေသွင်းကောင်တာတွင် ၂၅၀၀ဝိ/- သွင်းပါ
ပျောက်ဆုံးလျှောက်ထားသူများက ငွေ ၆၅၀၀ဝိ/- သွင်းပါ။
ငွေလက်ခံရရှိသည့် စာရွက်တစ်ခု ပြန်ပေးပါလိမ့်မည်၊

၉။ ဓာတ်ပုံရိုက်ရန် ကောင်တာ ၂၆ ခုရှိရာ နှစ်သက်ရာကောင်တာတွင် ဓာတ်ပုံရိုက်ပြီး Scanner တွင် လက်ဗွေနှိပ်ပါ၊
တာဝန်ကျ ရဲ အရာရှိကမိမိစာရွက်များကို သိမ်းဆည်းပြီး မိမိဓာတ်ပုံပါရှိသည့် နိုင်ငံကူး လက်မှတ်ထုတ်ယူရမည့် စာရွက်ကို ပေးပါလိမ့်မည်၊ငွေ ၅၀၀ဝိ/- သွင်းရပါမည်။

၁၀။ လျှောက်လွှာတင်ပြီး ၁၀ ရက်မြောက်နေ့တွင် ယင်းစာရွက်နှင့် မှတ်ပုံတင်ကိုပြကာ
နိုင်ငံကူး လက်မှတ်ကို ထုတ်ယူနိုင်ပြီဖြစ်ပါသည်။
ဒါ့အပြင် လက်ရှိမှာ ရန်ကုန်သာမကမြန်မာပြည်အနှံ့မှာ ပတ်စပို့ရုံး တွေရှိနေပါပြီ
လိပ်စာ တွေကတော့

ရန်ကုန် -
ဆရာစံလမ်း နှင့် စက်မှု (၁)လမ်းထောင့်၊ ဗဟန်းမြို့နယ်။

နေပြည်တော် -
ပခ/၄ဝ-၄၁၊ နေပြည်တော်ကောင်စီလမ်း၊
ကံလှရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်။

မန္တလေး -
အကွက် ၄၁၈၊ ၁၂ လမ်း၊ ၆၄ x ၆၆ ကြား၊ ဒေါနဘွားရပ်ကွက်၊ အောင်မြေသာဇံမြို့နယ်။

မကွေးတိုင်း -
ရွာသစ်ပွဲကြိုရပ်ကွက်၊
ဆေးရုံလမ်း အနောက်ဘက်၊ မကွေးမြို့။

ပဲခူးတိုင်း -
အမှတ် (၁၁၁)၊ ဗန္ဓုလလမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။

ဧရာဝတီတိုင်း -
သစ္စာလမ်း၊ (၅)ရပ်ကွက်၊ ပုသိမ်မြို့။

စစ်ကိုင်းတိုင်း -
ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့။

တနသာင်္ရီတိုင်း -
သစ်တောရုံးလမ်း၊ ဗျောတောဝရပ်ကွက်၊ ထားဝယ်မြို့။

မွန်ပြည်နယ် -
အရာတော်လမ်း၊ မောင်ငံရပ်ကွက်၊ မော်လမြိုင်မြို့။

ရခိုင်ပြည်နယ် -
လေဆိပ်လမ်း၊ စစ်တွေမြို့။

ကချင်ပြည်နယ် -
ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ သီတာရပ်ကွက်၊ မြစ်ကြီးနားမြို့။

ချင်းပြည်နယ် -
ပြည်နယ်မီးသတ်ရုံးလမ်း၊ ဈေးသစ်ရပ်ကွက်၊ ဟားခါးမြို့။

ကယားပြည်နယ် -
ဆေးရုံလမ်း၊ မင်းစုရပ်ကွက်၊ လွိုင်ကော်မြို့။

ကရင်ပြည်နယ် -
သီရိလမ်း နှင့် အ.ထ.က (၄) ကျောင်းလမ်းထောင့်၊ (၄)ရပ်ကွက်၊ ဘားအံမြို့။

မြဝတီမြို့ -
ရန်ကင်းလမ်းသွယ်၊ (၄)ရပ်ကွက်၊ မြဝတီမြို့။

ကော့သောင်းမြို့ -
အမှတ် (၉ဝ)၊ ဗိုလ်ချုပ်လမ်း၊
အောင်သုခရပ်ကွက်၊ ကော့သောင်း။

တာချီလိတ်မြို့ -
အမှတ် (၁/ ၁၅၆)၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်။

ရှမ်း/တောင် (တောင်ကြီး) -
အမှတ် (၂၉၁)၊ ဗိုလ်ချုပ်လမ်း၊
မြို့မရပ်ကွက်၊ တောင်ကြီးမြို့။

ရှမ်း/မြောက် (လာရှိုး) -
ရုံးကြီးလမ်း၊ နယ်မြေ (၇)၊ (၁)ရပ်ကွက်၊ လားရှိုးမြို့။

ရှမ်း/အရှေ့ (ကျိုင်းတုံ) -
တောင်ကြီးလမ်း၊ (၅) ရပ်ကွက်၊ ကျိုင်းတုံမြို့။
crd-original uploader

Related Posts