Myanmar House Logo

Myanmar House

Real Estate in Myanmar

အမွေဆိုင်နှင့် နှစ်ရှည်ငှားရမ်းခြင်းနောက်ဆက်တွဲ အကျိုးဆက်များအကြောင်းပြောကြားလိုက်တဲ့ လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ

November 16, 2022 109 views
အမွေဆိုင်နှင့် နှစ်ရှည်ငှားရမ်းခြင်းနောက်ဆက်တွဲ အကျိုးဆက်များအကြောင်းပြောကြားလိုက်တဲ့  လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ

အမွေဆိုင်နှင့် နှစ်ရှည်ငှားရမ်းခြင်းနောက်ဆက်တွဲ အကျိုးဆက်များအကြောင်းပြောကြားလိုက်တဲ့ 
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
--------------------------------------------------------------------------

  အိမ်၊ ခြံ၊ မြေဆိုင်ရာ ကိစ္စရပ် များနဲ့ပတ်သက်ဆက်နွယ်လို့ သိသင့် သိထိုက်တာတွေထဲက တစ်ချို့ကို သိရှိနိုင်ဖို့ရာအတွက် အိမ်၊ ခြံ၊ မြေ ဥပဒေအကျိုးဆောင်လုပ်ငန်းတွေကို လုပ်ကိုင်နေသူ၊ အိမ်၊ ခြံ၊ မြေနဲ့ ဥပဒေ ဆိုင်ရာသိသင့်သိထိုက်တာ၊ ဗဟုသုတ ရဖွယ်ရာတွေကို ဂျာနယ်များတွင် ဆောင်းပါးရေးသားနေသူ၊ အိမ်၊ ခြံ၊ မြေအကြောင်း ဟောပြောပွဲများတွင် အပြောအဟောကောင်းသူဖြစ်တဲ့ လွှတ်တော်ရှေ့နေ မောင်ကောင်းဖေနဲ့ တွေ့ဆုံမေးမြန်းမှုကို တင်ဆက်လိုက် ရပါတယ်။

˜ အိမ်၊ ခြံ၊ မြေအကျိုးဆောင် လုပ်ငန်းကို လုပ်ကိုင်ခဲ့တာ ဘယ် လောက်ကြာခဲ့ပြီလဲ။

၁၉၉၆ ခုနှစ်လောက်ကပေါ့။ အနှစ် (၂ဝ)ကျော်သွားပြီ။ အိမ်၊ ခြံ၊ မြေစာချုပ်စာတမ်းနဲ့ပတ်သက်ပြီး တစ်စိုက်မတ်မတ်လုပ်တာပေါ့။

˜အမွေဆိုင်အိမ်တွေပေါ် အိမ် ငှားတင်တဲ့အခါ စာချုပ်သက်တမ်းနှစ် ရှည်ဖြင့် ငှားရမ်းခြင်းရဲ့ နောက်ဆက် တွဲမှာ ဘယ်လိုအကျိုးဆက်တွေဖြစ် ပေါ်လာဖို့ရှိပါသလဲ။ အိမ်ပိုင်ဘဝက နေ အိမ်မဲ့ဘဝမျိုးထိရောက်သွားတဲ့ ဖြစ်ရပ်မျိုးနဲ့ကော ကြုံတွေ့ခဲ့ဖူးပါသ လား။

အဲဒါက အိမ်ရှင်အိမ်ငှားဥပဒေ နဲ့ဆိုင်တာပေါ့။ အများဆုံးတွေ့ရတာ က အခန်းတွေကို ဒီလိုပဲ လစာနဲ့ ပေးပြီးတော့ နေကြတယ်။ တစ်ချို့ ဆို (၅)နှစ်၊ (၁ဝ)နှစ်၊ (၁၅)နှစ် ဖြစ်တဲ့အခါကျတော့ ဖယ်မပေးတော့ ဘူး။ အဲဒါနဲ့ ကန်ထရိုက်တိုက်တွေ ဆောက်တဲ့အခါကျတော့ သူတို့ကို (၁)ခန်း ပြန်ပေးရတာတို့ အဲဒီလိုမျိုး တွေဖြစ်တယ်။
အဲဒါတွေက ဘာ ကြောင့်လဲဆိုတော့ ဖယ်မပေးခြင်း ကြောင်းက ဒီအိမ်ရှင်အိမ်ငှားဥပဒေအရ ဆိုရင် အိမ်ငှားတွေကို အိမ်ရှင်က တစ်နှစ်ပဲ ငှားလို့ရတယ်။ 
တစ်နှစ် ထက်ကျော်ပြီး ငှားလို့ရှိရင် အိမ်ရှင် အိမ်ငှားက စာချုပ်ချုပ်ပြီးတော့ မှတ်ပုံတင်နဲ့ ချုပ်ဆိုပြီး ငှားမှသာလျှင် ပိုပြီး တရားဝင်တာပေါ့။

အဲဒါကြောင့် မို့လို့ ငှားလေ့ငှားထမှတ်ပုံတင်ချုပ်ဆို မှုမရှိတဲ့အခါ တစ်နှစ်ကျော်လို့ရှိရင် ဖယ်ပေးစရာမလိုတော့ဘူး။ အိမ်ငှားခ ပဲ ပေးပါဆိုပြီး အဲလိုနဲ့ ဖယ်မပေး တော့ဘဲနဲ့ နေကြတယ်။ အဲဒီမှာမှ မိဘတွေက သေသွားပြီးတဲ့အခါ သားသမီးတွေက အမွေကိစ္စတွေဖြစ် ကြတဲ့အခါမှာ သူတို့ကပါရောပါပြီး သူတို့က တစ်ခန်းရထိုက်တယ်ဆိုပြီး အဲဒါမျိုးတွေ လုပ်ကြတာတို့ အဲဒီအမှု တွေက (၂)နှစ်ကြာတယ်၊ (၅)နှစ် ကြာတယ်။

အဲဒီအမှုတွေနဲ့ ရောပြီး အိမ်ရှင်အိမ်ငှားတွေက မဖယ်ပေးတဲ့ အခါမှာ အခန်းပိုင်တွေ ရသွားကြတာ ရှိတယ်။ ပေးမှသာအမှုကိစ္စက ရှင်း လို့ရတာ။ နို့မို့ဆိုရင် တိုက်ဆောက် မယ်ဆိုရင် ဆောက်တဲ့တိုက်က အဲ ဒီလူတွေက ---တို့က နှစ်ပေါက်နေ တာ။ (၁ဝ)နှစ်ရှိပြီ၊ (၁၅)နှစ်ရှိပြီ ဖယ် မပေးနိုင်ဘူး။ ကျွန်မတို့အတွက် အခန်း တစ်ခန်းပေးမှသာလျှင် ဖယ်ပေးမယ် ဆိုတဲ့ဟာမျိုးကျတော့ အဲဒီမှာ ညှိနှိုင်း ပြီးတော့ ဥပဒေနဲ့မညီလည်း တစ်ချို့ ကျတော့ ညှိနှိုင်းဆောင်ရွက်ပေးခြင်း ဖြင့် ဖယ်ပေးလိုက်တယ်။

ကန်ထရိုက် တိုက်ဆောက်တယ်။ ရတဲ့အခါကျ တော့ ပြန်ပေးရတာရှိတယ်။ အဲဒီ တော့ အမွေဆိုင်တွေအနေနဲ့ကလည်း ပဲ အမွေတွေ ရသင့်ရထိုက်သလောက် မရကြတော့ဘူး။ အမွေဆိုင်အိမ်မှာပဲ ဖြစ်ဖြစ် ယနေ့ခေတ် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ပြီး ငှားကြတဲ့သူဖြစ်ဖြစ် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်စာချုပ်ချုပ် လို့ရှိရင် တစ်နှစ်ထက်ပိုပြီး မချုပ်သင့် ဘူး။ တကယ်လို့ တစ်ယောက်နဲ့ တစ်ယောက် သဘောတူစာချုပ်တစ်ခု လုပ်ပြီးတော့မှ အသစ်ပြန်ချုပ်ဆိုတာ မျိုး လုပ်သင့်တယ်လို့ အကြံပေးချင် တာပါ။

˜စာချုပ်စာတမ်း ဒီထက်ပို ခိုင်မာဖို့ ဒီပေါ်မှာ ထပ်ဆင့်အကြံပြု ပါဦး။

အိမ်ရှင်အိမ်ငှားစာချုပ်မှာ တစ်နှစ်ကျော်တဲ့ဟာတွေက မှတ်ပုံ တင်ချုပ်ဆိုရမယ်။ မှတ်ပုံတင်နဲ့ စာ ချုပ်စာတမ်း ချုပ်ဆိုပြီဆိုရင် သတ် မှတ်ချက်အရတော့ ပြည့်ရင် ဖယ်ပေး ရတာပေါ့။ ဖယ်မပေးလို့ မရဘူးပေါ့။ အခုက အရပ်ကတိစာချုပ်တွေကျ တော့ တစ်နှစ်ကျော်သွားလည်း ဖယ် မပေးတော့ဘူး။ အဲဒါကြောင့် ဒီလိုမျိုး နှစ်ရှည်လများ ချုပ်ချင်တယ်ဆိုရင် အရင်ဆုံး ဟိုတုန်းကတော့ အခွန် ရှောင်ကြတယ်။ အခုကျတော့ အခွန် ဆောင်ပြီးတော့ အိမ်ရှင်အိမ်ငှားဥပဒေ အရ ငြိသွားအောင် စာချုပ်စာတမ်းရုံး မှာ မှတ်ပုံတင်ချုပ်ဆိုပြီး ငှားရင် အ ကောင်းဆုံးပဲလို့ အကြံပေးချင်ပါ တယ်။

˜တစ်ချို့ အိမ်၊ ခြံ၊ မြေ အ ရောင်းအဝယ်ပြုကြရာမှာ အရပ်ကတိ စာချုပ်နဲ့ အလွယ်တကူရောင်းဝယ်ကြ တာ ရှိသလို၊ ဂရန်မိတ္တူနဲ့ အရောင်း အဝယ် ပြုလုပ်ကြတာလည်း ရှိ တယ်။ ဒီပေါ်မှာ ဖြစ်ပွားလာစရာရှိ တဲ့ နောက်ဆက်တွဲဥပဒေအကြောင်း အရာတွေပေါ် ဗဟုသုတရစေဖို့ ပြော ကြားပေးပါဦး။

မြို့သစ်တွေမှာတော့ ၄ဝx၆ဝ အကွက်၊  ၂ဝx၆ဝ အကွက်ရှိကြ တယ်။ အနှစ် ၆ဝ ဂရန်ပဲဖြစ်ဖြစ်၊ ပါမစ်ပဲဖြစ်ဖြစ် အဲလိုဝယ်တဲ့အခါမှာ မူရင်းက တစ်ဦးပဲကိုင်တယ်။ ၄ဝx၆ဝ ကို (၁ဝ)ပေစီ ရောင်းမယ်ဆိုရင် ကျန် တဲ့ (၁ဝ)ပေ (၃)ဦးက ပါမစ်မိတ္တူပဲ ကိုင်တာပေါ့။ ပါမစ်မိတ္တူကိုင်တဲ့ အခါကျတော့ ဥပမာ ဂရန်အမည် ပေါက်ဖြစ်ဖြစ်၊ ပါမစ်အမည်ပေါက် ဖြစ်ဖြစ် အဲဒီလူကနေပြီးတော့မှ နောက်တစ်ဦးကို ရောင်းသွားမယ်ဆို ရင်လည်းပဲ သူက သူပိုင်တဲ့အခြမ်း (၁ဝ)ပေကိုပဲ ရောင်းသွားတယ်။ ရောင်းသွားတဲ့အတွက် ပါမစ်မူရင်း၊ ဂရန်မူရင်းပေးလိုက်ရတာဖြစ်တဲ့အ တွက် ကျန်ရစ်ခဲ့တဲ့သူတွေက နောက် ပြောင်းသွားလို့ရှိရင်လည်း နောက် ပြောင်းသွားတဲ့ သူရဲ့ သူတို့ရဲ့ အာဝါသ အောက်မှာ နေရတာပေါ့။ လွန်ဆန်ပြီး လုပ်လို့မရဘူး။ နောက်တစ်ခုက အဲ လိုမျိုး လုပ်တဲ့အတွက် ဒီပါမစ်က ရေရှည်မှာတော့ လက်ရှိအနေအထား အရ အဆင့်ဆင့်နေသွားလို့ရှိရင် မြေ ပိုင်ဆိုင်မှုကတော့ လက်ရောက်နေ ထိုင်တဲ့အတွက် မဆုံးရှုံးရဘူးပေါ့။
ဒါပေမဲ့လို့ ပါမစ်သမားက ပါမစ်မူရင်း ကို ကိုင်ထားတဲ့သူတစ်ယောက်ကို သူကကျော်ပြီးတော့မှအတူတူ ကျွန် တော်တို့လည်း ငှားပေါ့။ ဒါလေးကို ပိုင်ချင်ပါတယ်ပြောလို့ မရဘူး။ သူက မူရင်းကိုင်ထားတယ်။ တစ်သက်လုံး ကိုင်မယ်။ ဖြစ်နိုင်ရင် မဆုံးရှုံးအောင် ဘာလုပ်သင့်လဲဆိုရင်တော့ ပါမစ်အ မည်ပေါက် ပိုင်ရှင်နဲ့ ညှိနှိုင်းပြီးတော့ မှ (၄)ဦးရှိရင် အနှစ် (၆ဝ)ဂရန်လုပ် လိုက်ပေါ့နော်။ နှစ် (၆ဝ)ဂရန်လုပ် လိုက်လို့ရှိရင်တော့ (၄)ဦးစလုံး အ မည်ပေါက်သွားတဲ့အခါကျတော့ အဲ ဒီမှာ အမည်ပေါက်နေတဲ့အတွက် မိတ္တူပဲ ကိုင်ထားသည်ဖြစ်စေ၊ ဒီမြေ ကွက် တစ်ကွက်ကို ရောင်းကြတယ်၊ ဝယ်ကြတယ်ဆိုရင် ဒီ (၄)ဦးသဘော မတူဘဲနဲ့ ပေါင်ကြတယ်၊ ရောင်းကြ တယ်မျိုးလုပ်လို့ မရတော့ဘူးပေါ့။ ပါမစ်ဆိုရင် အနှစ် (၆ဝ)ဂရန်လုပ် သင့်တာပေါ့။
တကယ်လို့ နှစ် (၆ဝ) ဂရန်ပေါ်မှာ ကိုယ်က ဝယ်နေတယ် ဆိုရင်တော့ မူလအမည်ပေါက်ကနေ ပြီး မိမိတို့အမည်ပေါက် ပြန်ဝယ်တဲ့ပုံစံ လုပ်ပြီးတော့မှ အမည်ပြောင်းရင် ကိုယ့်နာမည်ဖြစ်သွားတာပေါ့။ အဲလိုမှ မလုပ်ဘူးဆိုရင် မူလအမည် ဂရန် ပေါက်ရှိတဲ့ သူဆီက သူသက်ရှိထင် ရှားရှိသေးတယ်ဆို သူရဲ့ ဒီ (၁ဝ)ပေ ပိုင်တဲ့ အခြမ်းလေးတွေ (ခြေရင်းခြမ်း၊ ခေါင်းရင်းခြမ်း)ရှိတယ်ဆိုရင် အဲဒီ အခြမ်းလေးတွေအတွက် ဒါလေးတွေ တော့ ကျွန်တော်တို့ ပိုင်ဆိုင်တယ်ဆို ပြီး အထူးကိုယ်စားလှယ်လွှဲစာတို့ ယူ ထားသင့်တာပေါ့။ ဒါနဲ့ပတ်သက်ပြီး သူကလည်းပဲ ရောင်းချင်တိုင်း ရောင်း လို့ မရဘူး။ မူလဂရန်ကိုင်ထားတဲ့ သူက မိမိတို့ တစ်ခုခုလုပ်မယ်ဆိုရင် (၄)ဦးရဲ့ သဘောတူညီမှုရှိမှသာလျှင် လုပ်နိုင်တဲ့အတွက် ဆုံးရှုံးမှုနည်းနိုင် တာပေါ့။ တကယ်လို့ပါမစ်တို့ ဘာ တို့ မိတ္တူတို့ ကိုင်ထားတဲ့အတွက်က တော့ ရေရှည်မှာကျလို့ရှိရင်တော့ ဘယ်သူရောင်းသွားမှန်းမသိ၊ ဘယ် သူရောက်လာမှန်းမသိ အဲလိုမျိုးတွေ ဆိုရင် ရေရှည်ကျတော့ ရှုပ်ထွေးနိုင် တဲ့အတွက် ပါမစ်မိတ္တူကိုင်ထားတဲ့ သူတွေက ပါမစ်မူရင်းပိုင်ရှင်နဲ့ သေ ချာညှိနှိုင်းပြီးမှ နှစ် (၆ဝ)ဂရန် လုပ် ထားသင့်တယ်လို့ အကြံပေးလိုပါ တယ်။

💁💁💁မူရင်းရေးသားသူကို Credit ပေးပါတယ်ရှင်

Related Posts