Myanmar House Logo

Myanmar House

Real Estate in Myanmar

Maintenance Fees / စုပေါင်းကျခံရမည့် ကန်ထရိုက်တိုက် အဆောက်အအုံ ပြင်ဆင်စရိတ်စနစ်

November 16, 2022 131 views
Maintenance Fees / စုပေါင်းကျခံရမည့် ကန်ထရိုက်တိုက် အဆောက်အအုံ ပြင်ဆင်စရိတ်စနစ်

YgnHome

Maintenance Fees / စုပေါင်းကျခံရမည့် ကန်ထရိုက်တိုက် အဆောက်အအုံ ပြင်ဆင်စရိတ်စနစ်

Maintenance Fees / စုပေါင်းကျခံရမည့် ကန်ထရိုက်တိုက် အဆောက်အအုံ ပြင်ဆင်စရိတ်စနစ်

“မိမိနေထိုင်ရာ တိုက်ခန်းကို ပြင်ဆင်မယ်ဆိုရင် မြေရှင်ရဲ့ သဘောတူညီချက် လိုတယ်ဆိုတာ ဟုတ်ပါသလား ဆရာ”ဟု စာရေးသူထံ မိတ် ဆွေတစ်ဦးက လာရောက်ဆွေးနွေးပါသည်။

“ဘယ်အပိုင်းကို ပြင်ဆင်ချင်တာလဲ။ မိမိနေထိုင်ရာ တိုက်ခန်းကို ဆေးသုတ်မယ်၊ အလှဆင်မယ်ဆိုရင် တော့ အိမ်ရှင်၊ မြေရှင်ရဲ့ သဘောတူညီချက် မလိုပါဘူး”

“အခန်းတစ်ခန်းထပ်ဖွဲ့ချင်လို့ပါ ဆရာ။ ပြီးတော့ မီးဖိုခန်းလည်း နည်းနည်းပြင်ဆင်စရာလေးရှိလို့ပါ”

“မိတ်ဆွေကြီးက အဲဒီအခန်းကို ဝယ်ထားတာကြာပြီလား။ မူလကတည်းက အခန်းတွေ ကန့်ထားပြီးသား မဟုတ်လား”

“ဝယ်စဉ်က အိပ်ခန်းတစ်ခန်းဖွဲ့ထားပါတယ်”

“ခိုင်ခိုင်မာမာအုတ်စီပြီး အခန်းဖွဲ့ထားတာလား”

“မဟုတ်ဘူး ဆရာ၊ ဟောခန်းသဘောမျိုးပါ။ အထပ်သားနဲ့ အခန်းကန့်ထားတာဖြစ်ပါတယ်”

“အခုကိစ္စက နောက်ထပ်အခန်း တစ်ခန်းထပ်ဖွဲ့ချင်တဲ့ သဘောမဟုတ်လား”

“ဟုတ်ပါတယ် ဆရာ။ အချို့က ပြောတော့ ခိုင်ခိုင်မာမာ ဆောက်လုပ် ခြင်းမပြုရဘူးလို့ ပြောကြတယ်”

“မှန်ပါတယ်။ နံရံကို ဖောက်ပြီး ခိုင်ခိုင်မာမာထပ်ခိုးဖွဲ့တာမျိုး၊ အုတ်နံရံ ကာရံထားပြီး မူလဖွဲ့ထားတဲ့ အခန်းကို ဖျက်ပစ်တာမျိုး မလုပ်ရဘူး။ မြေရှင်က သဘောမတူရင် တရားစွဲဆိုပိုင်ခွင့်ရှိလာနိုင်တယ်”

“ဟုတ်ကဲ့ အဲဒါကြောင့် စိုးရိမ်လို့ မေးမြန်းဆွေးနွေးတာပါ”

“အခုကိစ္စက အထပ်သားနဲ့ ကာရံပြီး အခန်းဖွဲ့မှာဆိုတော့ မြေရှင် သဘောတူညီချက်ရဖို့ မလိုအပ်ပါဘူး”

“ဆရာ ပြောသလို မြေရှင်က တရားစွဲ နှင်ချတာမျိုးဖြစ်မှာစိုးရိမ်မိလို့ပါ”

“ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်ခင်ကြည်နှင့် လီအောင်အီဆေးအမှု ၁၉၅၈ ခုနှစ် တရားစီရင်ထုံးမှာ သစ်သား ထရံအဟောင်းတစ်ခုကို တပ်ဆင်ခြင်းသည် ခိုင်မြဲသော အဆောက်အအုံ ဆောက်ခြင်းမဟုတ်။ ထိုသို့ပြု လုပ်ခြင်းဖြင့် အိမ်ကို မထိခိုက်ပေဟု ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် မိတ်ဆွေရဲ့ အခန်းတစ်ခန်းကို အထပ်သားနဲ့ ဖွဲ့ခြင်းဟာ ခိုင်မြဲသော အဆောက်အအုံဆောက်လုပ်ခြင်း မဟုတ်တဲ့အတွက် ဥပဒေအရ အရေးယူနိုင်တဲ့ အပြုအမူမဟုတ်လို့ ပြောချင်ပါတယ်”

“ဟုတ်ကဲ့ ဆရာ၊ အခုမှ စိတ်ထဲ ရှင်းသွားတော့တယ်။ ဒါပေမယ့် တစ်ခုတော့ မေးချင်တယ်”

“ပြောပါဗျာ။ လွတ်လွတ်လပ်လပ်ပြောနိုင်ပါတယ်။ တိုက်ခန်းကို ပြင်ဆင်ပြီး ပြန်ရောင်းမယ်စိတ်ကူးလို့လား”

“ရောင်းမယ်လို့တော့ စိတ်မကူးပါဘူး ဆရာ။ အချို့ကပြောတော့ အောက်ထပ်တိုက်ခန်းမို့ စျေးဆိုင်ဖွင့် လို့ရတယ် ပြောတယ် ဆရာ”

“အဲဒါတော့ မြေရှင်ရဲ့ သဘောတူညီချက်ရဖို့ လိုတယ်။ စတိုးဆိုင်ဖွင့်မယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေး ကော်မတီရဲ့ ခွင့်ပြုချက်ကို ရယူရပါတယ်။ လိုအပ်ရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံခွင့်ပြုချက်ရယူ ဆောင် ရွက်ရပါတယ်”

“ဟုတ်ကဲ့ ဆရာ၊ ဗဟုသုတအ ဖြစ် ဆွေးနွေးတာပါ ဆရာ။ အ ဆောက်အအုံတစ်တိုက်လုံး ပြင်ဆင်ဖို့ လိုရင် ဘယ်လိုဆောင်ရွက်ရပါသလဲ ဆရာ”

“အဆောက်အအုံတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ မိလ္လာကိစ္စ၊ ဆေးသုတ်မယ့် ကိစ္စမျိုးဆိုရင်တော့ အဆောက် အအုံမှာနေထိုင်ကြတဲ့ သူတွေက စုပေါင်းထည့်ဝင်ဆောင်ရွက်ကြရမှာ ဖြစ်တယ်”

“အဲဒါနဲ့ ပတ်သက်လို့ သီးခြား ပြဋ္ဌာန်းထားတဲ့ ဥပဒေရှိပါသလား”

“ဥပဒေအဖြစ်နဲ့ သီးခြားပြဋ္ဌာန်းထားတာတော့ မရှိသေးဘူး။ အများဆိုင် အိမ်ရာတွေမှာတော့ အဲဒီစနစ်ကို မူလကတည်းက ကျင့်သုံးနေကြပြီဖြစ်ပါတယ်။ အိမ်ရာမှာ နေထိုင်တဲ့ တိုက်ခန်းပိုင်ရှင်တွေစုပေါင်းပြီး ကော်မတီ တစ်ခုဖွဲ့စည်းထားတယ်။ လစဉ် ဝန်ဆောင်မှုအတွက် စုပေါင်း ထည့်ဝင်ငွေစုဆောင်းထားကြတယ်။ အဲဒီစုပေါင်း ထည့်ဝင်ငွေနဲ့ အဆောက်အအုံကို စုပေါင်းပြင်ဆင် ဆောင်ရွက်ကြပါတယ်”

“ဟုတ်ကဲ့ ကွန်ဒိုအိမ်ရာတွေမှာတော့ စုပေါင်းထည့်ဝင်ငွေနဲ့ ဆောင်ရွက်ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုလို ကန်ထရိုက်တိုက်ပုံစံမျိုးမှာ ကုန်ကျစရိတ် ကောက်ခံရတာ မလွယ်ဘူး ဆရာ”

“မြေရှင်နဲ့ ညှိနှိုင်းဆောင်ရွက်ရတာမျိုးက တိုက်ခန်းနေသူ အားလုံး ညီညွတ်မှုရှိဖို့ လိုတယ်”

“ကျွန်တော်နေတဲ့ တိုက်ဆိုရင် အပေါ်ထပ်က ရေစီးကျတာတွေရှိ လာတယ်။ နံရံက ဘိလပ်မြေတွေက လည်း ကွာကျစပြုနေပြီ။ ဒါကြောင့် တစ်ခါတစ်ရံမှာတော့ တိုက်ခန်းကို ရောင်းသွားဖို့ စိတ်ကူးမိတယ်”

“အိမ်ပြင်ဆင်မှုနဲ့ ပတ်သက်လို့က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ အသေးစားပြင်ဆင်မှုနဲ့ အကြီးစားပြင်ဆင်မှုဆိုပြီး ပြင်ဆင်ခွင့်လျှောက်ထားနိုင်ပါတယ်။ အဆောက်အအုံ တစ်ခုလုံးကို ပြင်ဆင်ဖို့ လိုရင်တော့ အကြီးစားပြင်ဆင်မှု လျှောက်ထားပြင်ဆင်ရမှာ ဖြစ်တယ်”

“ဒါဆိုရင် အိမ်ရှင်ရဲ့ သဘောတူ ညီမှုရှိဖို့ လိုမှာပေါ့ ဆရာ”

“ရှင်းအောင်ပြောရရင် ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ဥပဒေပုဒ်မ (၇၄) မှာ မြို့တော် နယ်နိမိတ်အတွင်း အဆောက်အအုံ တစ်ခုခု သို့မဟုတ် အစိတ်အပိုင်း တစ်ရပ်ရပ်၏ ပျက်စီးမှုအခြေအနေသည် မြို့တော် အင်္ဂါရပ်ကို ထိခိုက်စေလျှင်ဖြစ်စေ နောင်တွင် အန္တရာယ် ရှိနိုင်သည့်အထိ အခြေအနေဆိုးရွား လာနိုင်လျှင်ဖြစ်စေ ကော်မတီသည် ပိုင်ရှင်သို့မဟုတ် နေထိုင်သူအား မူလအတိုင်း ပြန်လည်ပြင်ဆင်ရန် ဆင့် ဆိုနိုင်သည်။ ယင်းအဆောက်အအုံ ပိုင်ရှင်က ငြင်းဆန်ခြင်းမရှိစေရလို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် အဆောက်အအုံနဲ့ ပတ်သက်လို့ စုပေါင်း ပြင်ဆင်ဖို့လိုအပ်လာရင် မြေပိုင်ရှင်က ငြင်းဆန်ခွင့် မရှိပါဘူး”

“ကုန်ကျစရိတ်ကို တိုက်ခန်းနေသူများနဲ့ မြေရှင်က စုပေါင်းကျခံရမှာ မဟုတ်လား ဆရာ”

“ဟုတ်ပါတယ်။ ဒါပေမယ့် ကုန်ကျစရိတ်ကိုနောက်မှ ထည့်ဝင်ပါမယ်ဆိုပြီး အကြွေးသတ်မှတ်တဲ့သူတွေလည်း ရှိလာနိုင်တယ်”

“ဟုတ်တယ် ဆရာ။ ဥပဒေက ကုန်ကျစရိတ်ကို စုပေါင်း ထည့်ဝင်ရမယ်လို့ ပြဋ္ဌာန်းပေးထားရင် ကောင်းမယ် ဆရာ”

“မကြာတော့ပါဘူး။ စုပေါင်းကျခံရမယ့် အဆောက်အအုံပြင်ဆင် စရိတ်စနစ် အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ အိမ်ရာ အဆောက်အအုံနဲ့ ပတ်သက်တဲ့ အခမ်းအနားတစ်ခုမှာ ပြောဆိုသွားတာ ရှိပါတယ်”

“ဒါဆိုရင်တော့ ဝမ်းသာစရာပဲပေါ့ ဆရာရယ်”

“ဟုတ်ပါတယ်။ ယခုအခါ နိုင်ငံတော် အစိုးရရဲ့ ဦးဆောင်မှုနဲ့ တိုင်းဒေသကြီးတွေမှာ ဝန်ထမ်းအိမ်ရာ တန်ဖိုး သင့်၊ တန်ဖိုးနည်းအိမ်ရာတွေကို ရောင်းချပေးနေပြီဖြစ်တယ်။ တချို့အိမ်ရာတွေမှာ လက်ရောက် ရယူနေထိုင် နေကြပြီဖြစ်တယ်။ ဒါကြောင့် စုပေါင်းပိုင် အဆောက်အအုံတွေဖြစ်တဲ့အတွက် အဆောက်အအုံ ပြင်ဆင်စရိတ် ကို တိုက်ခန်းနေသူ အားလုံး ထည့်ဝင်ရမယ့်စနစ် ဆောင်ရွက်လာမှာ ဖြစ်ပါတယ်”

“ဆရာပြောသလို အကြွေးနဲ့ ပေးဆပ်မယ်ဆိုလို့ တစ်ဦးဦးက စိုက်ထုတ်ထားမယ်ဆိုရင် အဲဒီကုန်ကျစရိတ်ကို ဥပဒေနဲ့အညီ တောင်းဆိုခွင့်ရှိလာ နိုင်တာပေါ့”

“မှန်ပါတယ်။ ငွေမပြေကျန်ငွေ ရလိုမှုအဖြစ် တရားစွဲရယူနိုင်တဲ့အထိ ပြည့်စုံစွာပြဋ္ဌာန်းလာလိမ့်မယ်လို့ မျှော်လင့် ရပါတယ်”ဟု ဆွေးနွေး လိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

Related Posts