Myanmar House Logo

Myanmar House

Real Estate in Myanmar

ဂရန်သက်တမ်းတိုး လျှောက်ထားတာနဲ့ မြေငှားဂရန်မိတ္တူ လျှောက်မယ်ဆိုရင်-

ဂရန်သက်တမ်းတိုး လျှောက်ထားတာနဲ့ မြေငှားဂရန်မိတ္တူ လျှောက်မယ်ဆိုရင်-

လျှောက်ထားသူရဲ့     နိုင်ငံသားစိစစ်ရေးကတ်ပြား၊   ဓာတ်ပုံမိတူ။
ကိုယ်ပိုင်အမည်ပေါက်နာမည်ရှိ သူကိုယ်တိုင်။
မူရင်းဂရန်နဲ့     ပူးတွဲပါမြေပုံ။
ပိုင်ဆိုင်ကြောင်း အထောက်အထားမှတ်ပုံတင်   စာချုပ်စာတမ်းများ။
မြေခွန်ကြွေးကျန်ကင်းရှင်းကြောင်း   ထောက်ခံစာတို့   လိုအပ်ပါတယ်။

ဂရန်သက်တမ်းတိုးလျှောက်ထားရာမှာ   မြေကွက်ကို   ဂရန်သက်တမ်းတိုးပေးရန်   သင့်မသင့်၊   မြေရာဇဝင်မှာ ကန့်ကွက်ချက်ရှိမရှိစိစစ်ပြီး ကြော်ငြာစာကို အမည် ပြောင်းလျှောက်ထားစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရပါမယ်။   ကန့်ကွက်သူမရှိဘဲ   ပြည့်စုံမှန်ကန်ပါက   စည်ပင်သာယာရေးကော်မတီကို တင်ပြပြီးကော်မတီက   သဘော တူပါက   နှစ် ၆၀   မြေငှားဂရန်ထုတ်ပေးပါတယ်။

မြေငှားဂရန်မိတ္တူလျှောက် ထားခြင်း
(က)   နိုင်ငံသား   စိစစ်ရေးမိတ္တူ။
( ခ )     အမည်ပေါက်ကိုယ်တိုင်လျှောက်ထားရန်။
(ဂ)   မှတ်ပုံတင်စာချုပ်စာတမ်းများ။
(ဃ)   တရားရုံးအမိန့်ဒီဂရီ။
(င)       ရဲစခန်းတိုင်တန်းချက်။

ဂရန်မိတ္တူကို     မူလအမည်ပေါက်အတိုင်း   နာမည်နဲ့ထုတ်ပေးပါတယ်။
စိစစ်ခြင်း။
(က)   သတ်မှတ်ပုံစံနဲ့   ပိုင်ဆိုင်မှုအထောက်အထားပြည့်စုံမှုရှိ မရှိစိစစ်ခြင်း။
(ခ)   ကန့်ကွက်ရန် ကြော်ငြာတစ်လထုတ်ပြန်ခြင်း။
(ဂ)   တစ်လပြည့်ပြီး   မြေစာရင်းနဲ့ ပိုင်ဆိုင်မှု   တရားရုံးအမိန့်ဒီဂရီများစိစစ်ခြင်း။
(ဃ)   မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းကန့်သတ်ဥပဒေနဲ့   ငြိစွန်းခြင်းရှိ မရှိ   စစ်ဆေးခြင်း။
(င)   လိုအပ်ပါက     သတင်းစာမှာ ကြော်ငြာထည့်သွင်းခြင်း။
(စ) ပြည့်စုံမှန်ကန်ပါက စည်ပင်သာ ယာရေးကော်မတီကို   တင်ပြ ခြင်း။

ဂရန်မိတ္တူသတ်မှတ်အခွန် တံဆိပ်ခေါင်းကပ်ပြီး ထုတ်ပေးပါတယ်။

 

Credit : the kumudra

Related Posts