Myanmar House Logo

Myanmar House

Real Estate in Myanmar

အမေရိကန်မှာ နေရတာ ဘာကြောင့် ကြိုက်တာလဲ?

အမေရိကန်မှာ နေရတာ ဘာကြောင့် ကြိုက်တာလဲ?

အမေရိကန်မှာ နေရတာ ဘာကြောင့် ကြိုက်တာလဲ?
==============================
ဘယ်လဂျိီယမ်ကနေ အမေရိကားမှာ လာအလုပ်လုပ်နေတဲ့ ကောင်မလေး တယောက်ရဲ့ အဖြေပါ အမေရိကားမှာ အကြိုက်ဆုံးအချက်ကတော့ "Freedom" ဆိုတဲ့ လွတ်လပ်မှုရှိတာပါ
မနက် ၃ နာရီထပြီး Ihop မှာ ပန်ကိတ် 🥞 ပဲမှာစားပြီး Roadtrip ပဲထထွက်ဦးမလား? 
Roadtrip ဆိုလို့ တောင်တန်းတွေ ကြည့်မလား? ပင်လယ်ဆီပဲ သွားချင်လား? သဲဂန္တာရ ရှိတဲ့နေရာသွားမလား? နှင်းတောင်ပဲ သွားဦးမလား? တခါတရံ အရာရာကို မေ့ပြီး ကိုယ်သွားချင်တဲ့ နေရာကို သွားရတဲ့ လွတ်လပ်မှုမျိုးကို ကြိုက်မိတယ်
အမေရိကားတိုက်က ကြီးသလို လည်ပတ်စရာလဲများတယ် အိမ်တွေ မိီးဖိုချောင် ရေချိုးခန်း အကုန်ကြီးတယ် Europe မှာတော့ အမေရိကားနဲ့ ယှဉ်ရင် အကုန်သေးတယ် 
ပိုက်ဆံချမ်းသာတာ အောင်မြင်တာထက် ကိုယ်လုပ်ချင်တာ လုပ်ရတာမျိုးကို ကြိုက်တာ ...အမေရိကားမှာလို ဝင်ငွေကောင်းတဲ့ အလုပ်မျိုးလုပ်ပြီး တလ ဒေါ်လာထောင်ချီ Bank Account ထဲစုဖို့ Roadtrip ခဏခဏထွက်ဖို့ က ကျွန်မကြီးပြင်းလာတဲ့ Europe မှာ လုပ်လို့မရဘူး အခွန်ဆောင်ရတာ အရမ်းမြင့်လို့ ...
အမေရိကားမှာတော့ အခွင့်အရေးတွေ အများကြီးရှိတယ် အမေရိကားမှာ အောင်မြင်ဖို့ စွန့်စားသူတွေများကြတယ် 
အမေရိကားမှာ ဆိုရိုးတွေရှိတယ် 
"Go Big or Go Home" ကြီးကြီးမားမားရရင်ရ 
မရရင် အိမ်ပြန်ရမယ် 
“if your dreams don’t scare you they aren’t big enough” သင့်အိပ်မက်က သင့်ကို မကြောက်ရွှံစေဘူး ဆိုရင် သင့်အိပ်မက်က သိပ်မကြီးသေးလို့ပဲ ဖြစ်ရမယ်
Europe မှာ တခုခုလုပ်လို့ အောင်မြင်သွားရင် မနာလိုဖြစ်ကြတယ် အမေရိကားကလူတွေက ပိုပြီး Opened-Minded ဖြစ်ကြလို့ အောင်မြင်သူတွေ အတွက် ဝမ်းသာပေးကြတယ် လက်ခုပ်တီးကြတယ် ပိုပြီးထပ်လုပ်ဖို့ အားပေးကြတယ်
အမေရိကားနဲ့ Europe မှာနေဖူးတဲ့သူရဲ့ အတွေ့အကြုံကို သိချင်မယ်ထင်လို့ အပြုသဘောနဲ့ရေးပေးတာပါ 
American Dream ရှိသူတွေ အောက်တိုဘာလ ၅ ရက်နေ့မှာ တင်လို့ရမယ့် DV တင်ဖို့ မမေ့ကြနဲ့နော်
သင့်ရဲ့ အမေရိကန်ကို ကြိုက်နှစ်သက်တဲ့ အချက်က ဘာဖြစ်မလဲ ပြောပြပေးပါဦးနော်
ချစ်ခြင်းများစွာဖြင့်
#MoefromAmerica ❤️
subscribe on YouTube  💌  shorturl.at/etKY9
(စာကို ကူးယူမယ်ဆိုရင် စာရေးသူနာမည်ပါ ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်)


Credit: MoefromAmerica World
https://www.facebook.com/MoefromAmerica/posts/pfbid0N8auYHWMRPqLCk3QTrYW4SnrGC2kmfko29bbArUCD471QKuS1Zp9ehzzGhjQJVGVl

Related Posts