Myanmar House Logo

Myanmar House

Real Estate in Myanmar

ဒေါ်လာသိမ်းဆည်းနည်း

October 3, 2022 1263 views
ဒေါ်လာသိမ်းဆည်းနည်း

ဒေါ်လာသိမ်းဆည်းနည်း

ဒီကာလအတွင်းမှာ 
မိမိတို့ စုဆောင်းရှာဖွေထားတာလေးတွေ 
တန်ဖိုးလျော့မသွားအောင်၊ ထိမ်းသိမ်းရလွယ်အောင် 
ကျပ်ငွေကို ဒေါ်လာ အဖြစ် ပြောင်းလဲသိမ်းဆည်းလာကြပါတယ်။

အမေရိကန်ဒေါ်လာငွေစက္ကူကို ရေငွေ့ရိုက်ပြီး  ဖားဥတက် မှိုစွဲ 
ဝါကျင့်ကျင့် ဖြစ်မသွားရအောင် ထိန်းသိမ်းထားတတ်ဖို့ လိုအပ်ပါတယ်။

လေလုံတဲ့အိတ်တခုထဲမှာ ရေငွေ့စုပ်တဲ့ စီလီကာဂျယ်အိတ်လေးတွေနဲ့အတူ ထည့်သိမ်းထားရင် ရေငွေ့ရိုက်ပြီး မှိုစွဲခြင်းကနေ ကာကွယ်နိုင်ပါတယ်။

အဆိုပါ ဂျယ်အိတ်လေး( anti humidity gel , silica gel )တွေကိုကင်မရာ အပိုပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ မေးဝယ်လို့ ရသလိုဆေးဘူးလေးတွေထဲမှာ ပါလာတဲ့ အထုပ်လေးတွေကိုလဲ
အလွယ်တကူ ယူသုံးလို့ ရပါကြောင်း မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

 

Sharing by
WK Money Changer 
#ဒေါ်လာသိမ်းဆည်းနည်း

Related Posts