Myanmar House Logo

Myanmar House

Real Estate in Myanmar

DV နဲ့ ပတ်သက်ပြီး FAQ ( အမေးများဆုံး မေးခွန်းများ)

DV နဲ့ ပတ်သက်ပြီး FAQ ( အမေးများဆုံး မေးခွန်းများ)

🇺🇸 မိသားစုလိုက် (ခင်ပွန်း, ဇနီး, သားသမီး) လျှောက်ရင် ပတ်စပို့က အကုန်လုံးအတွက် လိုပါလား။
🌱 မိသားစုလိုက် (ခင်ပွန်း, ဇနီး, သားသမီး) လျှောက်ရင် ပတ်စပို့က ဦးဆောင်သူပဲ လိုပါမယ်၊ ကျန်ပူးတွဲတင်မယ့် လူတွေက ၂လက်မ ဓါတ်ပုံသာ လိုပါမယ်။
!
!
🇺🇸 နှစ်ယောက်တွဲတင်ပီး ဥပမာ အဲ့ထဲက (ကလေးပေါက်ခဲ့လို့ အမေ) (ညီမ အစား အကို) (အကိုအစား ညီမ)က မဲပေါက်တဲ့သူအစား သွားလို့ရတာလား
🌱 လူအစား မရပါ။
!
!
🇺🇸 DV ပေါက်, Interview ​အောင်၍ visa ရပြီး မိမိကြိုက်တဲ့အချိန်မှ သွားလို့ရလား။
🌱 visa approved ဖြစ်ခဲ့ရင်သက်တမ်း ၆ လရပါတယ်၊ အဲ့ '၆ လအတွင်းထွက်ရပါမယ်။
!
!
🇺🇸၁၈နှစ်မပြည့်သေးဘူး၊ DV လျှောက်လို့ရလား
🌱 မရပါ။ လျှောက်ဖို့ ၁၈နှစ် ပြည့်ရပါမယ်။ 
!
!
🇺🇸 အခု ဂျပန်/ စင်္ကာပူ/ ကိုရီးယား/ ကာတာ/ ထိုင်း/ မလေး/ ဒူဘိုင်း/ မန်းလေး/ မြစ်ကြီးနား/ နယ်...... မှာ ရောက်နေပါတယ်၊ လျှောက်ချင်ပါတယ်ရလား။
🌱  ဘယ်နိုင်ငံ, ဘယ်မြို့ ဖြစ်စေ မြန်မာနိုင်ငံသား မြန်မာ ပတ်စပို့ ကိုင်ထားရင် ဘယ်ကနေ မဆို လျှေက်လို့ရပါတယ်။
!
!
🇺🇸 DV ပေါက်ရင် စရိတ်ငြိမ်းလား ။ အလုပ်တွေ နေစရာတွေ ရော ပေးလား။ အဆက်သွယ်လည်း မရှိဘူး။ ပေါက်ရင် ဘယ်လောက် ကုန်ကျနိုင်လဲ။
🌱 သံရုံးဗီဇာပဲ ပေးတာပါ၊ ကျန်တာ မိမိဘာသာ ဆက်လျှောက်လှမ်းရပါမယ်၊ အလုပ်နဲ့ နေစရာအတွက် မြန်မာ ဆိုင်တွေ မှာ နေစားငြိမ်းလုပ်ရနိုင်ပါတယ်။ DV ပေါက်ဖို့ ပဲ အရေးကြီးပါတယ်၊ အဆက်သွယ်က ရဖို့ လွယ်ပါတယ်။ 
ပေါက်ရင် သိန်း၁၀၀-၂၀၀ ဆောင်ထားဖို့ လိုပါတယ်။
!
!
🇺🇸 Passport မရှိလို့ ၊ သက်တမ်းကုန်နေလို့၊ passport မပါပဲ လျှောက် ပေးပါလား။
🌱 သက်တမ်းရှိ ပတ်စပို့လိုပါတယ်၊ passport ထဲက နံပါတ်ကို ဖောင်မှာ ဖြည့်ပေးဖို့ လိုပါတယ်။ passport မရှိရင် လျှောက်မရပါ။ (ပတ်စပို့ မလိုတဲ့ သတင်း official တရားဝင်တော့ မထွက်သေးပါ ထပ် သိရရင် တင်ပေးသွားပါမယ်)
!
!
🇺🇸 Family နဲ့လျှေက်တဲ့အခါ မိသားစုအလုံးpassport ရှိ နေရမှာလား? ဒါမှမဟုတ်လောလောဆယ်ဦးစီးလျှောက်မဲ့သူပဲရှိတယ်လျှောက်လို့ရလား?
🌱 ဦးဆောင်သူရဲ့ သက်တမ်းရှိ passport ပဲလိုပါတယ်၊ ကျန်တဲ့သူတွေက ၂လက်မ ပတ်လည်ပုံတွေ နဲ့ အချက်အလက်ပဲ လိုပါတယ်။
!
!
🇺🇸 DV တင်ချင်တာ အင်္ဂလိပ်စာ မပြောတက်ဘူး ရမလား။
🌱 အင်္ဂလိပ်စာ မရလဲ ကိစ္စမရှိပါဘူးနော်၊ ABCD.... လောက်ရရင် ရပါပြီ။
🌱 သံမှုးက မြန်မာလိုလဲ ပြောတက်ပါတယ်။
🌱 ဟိုရောက်သွားရင်လည်း English  စာ ပြန်သင်လို့ရပါတယ်။
!
!
🇺🇸 DV လျှောက်ရင်/ ပေါက်ရင် မိဘနဲ့ ညီမတွေ တခါတည်းပူးတွဲ လျှောက်/ ခေါ်သွားလို့ရပါလား။
🌱 မိဘတွေ မောင်နှမတွေ လျှောက်ခေါ်သွားလို့မရပါ။ 
ဇနီး/ခင်ပွန်းနဲ့ ၂၁နှစ်အောက် သားသမီးတွေပဲ လျှောက်ရင် အတူတွဲလျှောက်ပြီး ပေါက်ရင် အတူခေါ်သွားလို့ရပါတယ်။ 
မိဘတွေ မောင်နှမတွေက ဟိုရောက်မှ လဝက မှာ ပြန်လျှောက်ပြီး ခေါ်လို့ရပါတယ်။
မိဘခေါ်ရင် ၂နှစ်ကြာပြီး မောင်နှမဆို ၁၀နှစ် ဝန်းကျင်ကြာပါမယ်။
!
!
🇺🇸 Passport က PV PJ နဲ့ဆိုရလား။
🌱 ဘယ်အမျိုးအစားမဆိုရပါတယ်ဗျာ။
!
!
🇺🇸 အသက် ၃၀/၄၀ ဖြစ်နေပြီ သွားလို့ အဆင်ပြေပါအုံးမလား။ အလုပ်အကိုင်ကရော အဆင်ပြေပါ့မလား။
🌱 အသက် ၅၀/၆၀ နဲ့ ရောက်သွားပြီး အခြေချ နေထိုင်နေတဲ့သူတွေ ရှိပါတယ်၊ 
ဒါ့ကြောင့် အိပ်မက်တွေသာ ရှိနေရင် အမှန်တကယ် အကောင်ထည်ဖော်ပါ။ 💪🏻💪🏻
အသက်က အရေးမကြီးပါ၊ ဟိုရောက်ရင် ကျောင်းပြန်တက်လို့ရပါတယ်။ အလုပ်အကိုင်တွေလဲ မရွေးရင် ပေါပါတယ်၊ ရနိုင်ပါတယ်။
!
!
🇺🇸 ၁၀တန်းမအောင် ရင် လျှောက်လို့ရလား။
🌱 မြန်မာပြည်အတွက် ၁၀တန်း အောင်ထားမှ ပို အဆင်ပြေပါတယ်ဗျ။ 
မအောင်ရင် သူတို့ သက်မှတ်ထားတဲ့ လုပ်ငန်းမှာ အတွေ့အကြုံ ၂နှစ် နှင့် အဆိုပါ အလုပ်အတွက် သင်တန်း ၂နှစ် တက်ထားရပါမယ်။ ဒီ၂ခုလုံးသည် လွန်ခဲ့သော ၅နှစ်အတွင်းမှာ ဖြစ်ရပါမည်။
!
!
🇺🇸 ပတ်စပို့ သက်တမ်းကုန်နေပြီ၊ လျှောက်လို့ရပါလား။
🌱 သက်တမ်းကျန်တဲ့ ပတ်စပို့မှ ရပါမယ်။

Credit : Henry Naing
https://www.facebook.com/groups/1133222160751515/permalink/1319713192102410/

Related Posts