Myanmar House Logo

Myanmar House

Real Estate in Myanmar

အိမ်တက်လုပ်သည့်အခါဝယ်

November 25, 2022 581 views
အိမ်တက်လုပ်သည့်အခါဝယ်

ကမ္ဘာအရပ်ရပ်မှာ နေထိုင်သူ လူမျိုးတိုင်း လိုလိုဟာ အိမ်၊ အဆောက်အအုံ ဆောက်လုပ်ပြီးစီးတဲ့အခါ မင်္ဂလာရှိအောင်၊ အိမ်နီးနားချင်းတွေနဲ့ ခင်မင်ရင်းနှီးမှုတိုးအောင် စတဲ့ရည်ရွယ်ချက်များနဲ့ အိမ်သစ်တက်မင်္ဂလာ၊ အနောက်နိုင်ငံတွေမှာဆိုရင် အိမ်သစ်တက်ပါတီ စသဖြင့် ပြုလုပ်ကြလေ့ရှိပါတယ်။ 

မြန်မာအယူမှာဆိုရင် အိမ်စဆောက်ချိန် မြေနေရာ အကွက်ရိုက်ချိန်မှစ စီးပွားလာဘ်လာဘတွေ တိုးတက်စေရန်အတွက် မင်္ဂလာရည် ပတ်ဖြန်းပေးခြင်း၊ ပကတိမျက်စိနဲ့ မမြင်အပ်တဲ့ အစောင့်အရှောက်များကို ဂါထာမန္နန်များ ရွက်ဖက်ပူဇော်ခြင်းတို့ ပြုလုပ်ကြလေ့ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အိမ်သစ်တက် မင်္ဂလာပြုလုပ်တဲ့အခါ ဘာတွေဆောင်ရွက်သင့်တယ်၊ ဘယ်အချိန်တွေမှာ ပြုလုပ်သင့်တယ် ဆိုတာနဲ့ အိမ်သစ်တက်မင်္ဂလာ အဓိပ္ပာယ်တို့ကို ဗဟုသုတရဖွယ် ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ 

အိမ်တက်မင်္ဂလာဆိုတာဟာ အိမ်အသစ်စက်စက် ဆောက်လုပ်ပြီးစီးမှသာ ပြုလုပ်ဆောင်ရွက်သင့်တဲ့ အခမ်းအနားတစ်ခုတော့ မဟုတ်ပါဘူး။ ကိုယ့်အတွက် နေရာသစ်ကို ရွှေ့ပြောင်းခြင်း၊ မိသားစုလိုက် နေရာသစ်မှာ အိမ်ရှင်အသစ် အနေနဲ့ ရွှေ့ပြောင်းခဲ့ရင်လည်း အိမ်သစ်မင်္ဂလာ ပြုလုပ်လို့ ရပါတယ်။ 

အိမ်တက်မင်္ဂလာပြုလုပ်ရခြင်း ရည်ရွယ်ချက်ဟာ အိမ်နီးချင်းများနဲ့ ရင်းနှီးအောင်ပင့်ဖိတ်ကျွေးမွေး မိတ်ဖွဲ့ခြင်း၊ မိမိတို့ ဒီနေရာသစ်မှာ နေထိုင်မည်ဖြစ်ကြောင်း အသိပေးခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ 



မြန်မာနိုင်ငံမှာတော့ များသောအားဖြင့် နံနက်ခင်းအချိန်မှာ ရဟန်းသံဃာတွေကို ပင့်ဖိတ် ဆွမ်းကပ်ခြင်း၊  ဘေးအန္တရာယ်ကင်းရှင်းပြီး ကျက်သရေမင်္ဂလာအဖြာဖြာ တိုးတက်ကြစေရန်အတွက် မင်္ဂလသုတ် ရတနသုတ် မေတ္တာသုတ် စတဲ့ ပရိတ်တော်များ ရွတ်ဖတ်ခြင်း၊ လှူဖွယ်ဝတ္တု အစုစုတို့ကို လှူဒါန်းခြင်း၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေကို ဧည့်ခံကျွေးမွေး အလှူလုပ်ခြင်းဖြင့် အိမ်သစ်တက်မင်္ဂလာကို ဆင်နွဲလေ့ ရှိကြပါတယ်။ 

ရှေးမြန်မာ့အယူမှာတော့ အိမ်သစ်မင်္ဂလာဆိုတဲ့အတိုင်း မင်္ဂလာမပျက်သွားစေဖို့ သတိထားဆောင်ရွက်ရမယ့် အရာတွေလည်း ရှိပါသေးတယ်။
- အိမ်ပြောင်းပြီး (၆)လအတွင်းသာ အိမ်တက်မင်္ဂလာ ပြုလုပ်ရခြင်း
အိမ်စပြောင်းရွှေ့တဲ့ နေ့က စတင်ပြီးတော့ ၆ လကြာတဲ့အထိ အိမ်သစ်တက်ခြင်း၊ အိမ်ပြောင်းရွှေ့ခြင်းများ မပြုလုပ်သင့်တော့ဘူးလို့ ရှေးအယူအဆက ဆိုပါတယ်။ 

- ကျီးမနားစေရ
အိမ်ဆောက်လုပ်စ အချိန်ကစလို့ အိမ်သစ်မတက်ခင် အချိန်ထိ ကျီးမနားစေရ ဆိုတဲ့ ရှေးစကားပုံရှိပါတယ်။ ဒါဟာ တိရိစ္ဆာန်ကျီးကို ခေါ်ဆိုခြင်း မဟုတ်ပါဘူး။ အိမ်သစ်မင်္ဂလာ မပြုလုပ်ရသေးဘဲ အိမ်သစ်ပေါ်မှာ မေထုန်မှီဝဲခြင်း မလုပ်ဖို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ရှေးအယူမှာတော့ ဒါကို အိမ်ရဲ့ ကျက်သရေမင်္ဂလာ ယုတ်ညံ့စေနိုင်တယ်လို့ ဆိုပါတယ်။ 

Credit: Original Uploader

Related Posts