Myanmar House Logo

Myanmar House

Real Estate in Myanmar

မြေရှင်လက်မှတ်မပါလည်းတိုက်ခန်းအရောင်းအဝယ်စာချူပ်ချုပ်လိုရပါတယ်

November 25, 2022 282 views
မြေရှင်လက်မှတ်မပါလည်းတိုက်ခန်းအရောင်းအဝယ်စာချူပ်ချုပ်လိုရပါတယ်

မြေရှင်လက်မှတ်မပါလည်းတိုက်ခန်းအရောင်းအဝယ်စာချူပ်ချုပ်လိုရပါတယ်

မိတ်ဆွေတစ်ဦးက တိုက်ခန်းဝယ်ရာမှာ စာချုပ်ချုပ်ဖို့အတွက် ငှားရမ်းပါတယ်။ တိုက်ခန်း နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှု့အထောက်အထား တွေကို စစ်ဆေးပြီး ဖြစ်ကြောင်း နှင့် စာချုပ်ချုပ်ဆိုရန်သာ ကျန်တဲ့အကြောင်းအုပ်ချုပ်ရေးမှုး နဲ့ထွေရာလေးပါး စကားပြောဖြစ်တယ်။

 

အဲဒီနောက်တော့ အုပ်ချုပ်ရေးမှုးက စာချုပ်ချုပ်ဆိုရာမှာ မြေရှင်မပါဘူးလား လို့မေးပါတယ်။ ဝယ်သူက မပါကြောင်း ဖြင့်ဖြေပါတယ်။ အုပ်ချုပ်ရေးမှုးက ဘာဆက်ပြောသလဲဆိုတော့ ...........

 

" မြေရှင်လက်မှတ်မပါလျင် တိုက်ခန်းအရောင်းအဝယ်က လုံးဝတရားမဝင်ဘူး။ မြေရှင်လက်မှတ်ရအောင်ယူပါ " ပါးစပ်အဟောင်းသားဖြစ်သွားမိပါတယ်။ ဘယ်ဥပဒေအရ တရားမဝင်တာလဲ လို့မေးလိုက်ချင်ပေမယ့် မသိတဲ့သူ ကိုမေးနေလည်း ဘာမှမရနိုင်ဘူးဆိုတာ သိနေတော့ မမေးမိခဲ့လိုက်ပါဘူး။

 

ဒါနဲ့ မြေရှင်ကို လက်မှတ်ထိုးခိုင်းရင် လက်မှတ်ထိုးခက ဘယ်လောက်ပေးရတာလဲ လို့မေးကြည့်တော့ ၂ % ပေးရတယ် ။ ဒါက ပုံမှန်ဈေးတဲ့ဗျာ။

 

ဝယ်သူကလည်း ဘေးကပါတဲ့ရှေ့နေဆိုတာကြီးကို မေ့နေပြီ။ အုပ်ချုပ်ရေးမှုး စကားကိုပဲအထင်တကြီးနဲ့။

.

ဒီလိုနဲ့ရောင်းသူ ရောက်လာတော့ စာချုပ်ချုပ်ဆိုကြပါတယ်။ အားလုံးပြီးတော့ ဝယ်သူကို ခေါ်ပြီး ရှင်းပြလိုက်ပါတယ်။

တိုက်ခန်းအရောင်းအဝယ်စာချုပ်မှာ မြေရှင်လက်မှတ်မပါလျင် တရားမဝင်ဘူးဆိုတာ လုံးဝမဟုတ်ပါ။ မြေရှင်ကို ပေးရမယ်ဆိုလျင် မြေငှားခသာပေးရပါမယ်။ ယနေ့ခေတ်မှာ မြေငှားခ ယူတဲ့မြေရှင်ဆိုတာကလည်း နည်းပါးပါတယ်။ ဆိုပြီး သေချာရှင်းပြလိုက်တော့မှ ဝယ်သူက သဘောပေါက် သွားပါတယ်။ အသိတစ်ခုကြောင့် ၂ % ဆိုတဲ့ငွေပမာဏ သက်သာရပါပီ။

 

မြေရှင်လက်မှတ် ဘာကြောင့်မဖြစ်မနေ မလိုတာလဲ။ ရှင်းရှင်းလေးပါ။

 

တိုက်ခန်းတွေဘယ်သူပိုင်တယ်ဆိုတာမြေရှင်သိတယ်လေလိမ်ရောင်းလိုမရအောင်မြေရှင်လက်မှတ်ထိုးပါမှစာချူပ်ပါလို့ထုံစံလုပ်ထားလို့ပါ မြေရှင်လက်မှတ်ပါမှ အရောင်းအဝယ်တရားဝင်ပါသည်ဟု မည်သည့်ဥပဒေကမျှပြဌာန်းထား ခြင်းမရှိပါ။

 

Ref : ( စာချုပ်ရှေ့နေ)

Credit- ShweProperty
ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts