Myanmar House Logo

Myanmar House

Real Estate in Myanmar

ချွေတာရေးနည်းနဲ့ အိမ်ပြင်မယ်

November 28, 2022 106 views
 ချွေတာရေးနည်းနဲ့ အိမ်ပြင်မယ်

အိမ်ပြင်ဖို့ စိတ်ကူးထားတယ်၊ စရိတ်စက လည်း အရမ်းကြီး မများချင်ဘူး၊ ဘတ်ဂျက်နည်းနည်းနဲ့ အိမ်ပြင်မယ်ဆိုရင် ဒီဆောင်းပါးလေးထဲက အကြံပြုချက်လေးတွေကို အဆုံးထိ ဖတ်ကြည့်လိုက်ပါနော်။ 

အိမ်ပြင်တဲ့အခါ ပိုက်ဆံအကုန်အကျ များနိုင်တဲ့ နေရာတွေကို သိထားမှသာ ထိထိမိမိ ပိုက်ဆံချွေတာနိုင်မှာပါ။ ဥပမာ - ကိုယ်သုံးချင်တဲ့ ဘတ်ဂျက်ကို သတ်သတ်မှတ်မှတ်ထားပြီး၊ ကိုယ်က ပြတင်းပေါက်မှန်လေးတွေ လဲချင်တယ်ဆိုရင် တပ်ဆင်မယ့်မှန်ကို ကိုယ့်အိမ်ပြတင်းပေါက်နဲ့ အကိုက်ညီဆုံးဖြစ်အောင်၊ ဈေးလည်းမများအောင် ဆိုင်မှာကိုယ်တိုင်ကိုယ်ကျ စစ်ဆေးဝယ်ယူသင့်ပါတယ်။ ဒီလို သတ်မှတ်မထားရင်တော့ အိတ်ကပ်ထဲက ငွေကို အတိုင်းအဆမရှိ သုံးမိနိုင်ပြီး ထင်ထားတာထက် ကုန်ကျစရိတ် ပိုများသွားနိုင်ပါတယ်။ 

- တစ်ပတ်ရစ် အသုံးအဆောင်တွေကို ရွေးချယ်ကြည့်ပါ
ဘက်ဂျက်နည်းနဲ့ အိမ်ပြင်မယ်ဆိုရင် အသစ်ဈေးနှုန်းထက် ထက်ဝက်မကနည်းတဲ့ဈေးနဲ့ ရနိုင်တဲ့ တစ်ပတ်ရစ် ပရိဘောဂလေးတွေဟာ ရွေးချယ်သင့်ဆုံးပါပဲ။ ကိုယ့်အိမ်မှာ အလှဆင်ဖို့ ခုံ၊ ပန်းကန်၊ ဘီဒို၊ စားပွဲခုံ စတဲ့ ပရိဘောဂတွေကို တစ်ပတ်ရစ်ဈေးမှာ ဝယ်လိုက်မယ်ဆိုရင် အိမ်ပြင်ဖို့ ဘတ်ဂျက်ကို ထက်ဝက်နည်းပါး လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ 

- ငွေသားနဲ့ ပေးချေပါ

အိမ်ပြင်တဲ့ အချိန်မှာ ငွေသားနဲ့ပေးချေခြင်းဟာ ပစ္စည်းစရိတ်တွေကိုရော လက်သမားခတွေကိုပါ လျှော့ဈေးနဲ့ ရနိုင်ပြီး Pay တွေနဲ့ ရှင်းတာလို ရာခိုင်နှုန်း မပေးရခြင်းကြောင့် စရိတ်သက်သာစေပါတယ်။ တစ်ချို့ ကန်ထရိုက်တာတွေဆိုရင် လက်ငင်းပေးချေတဲ့အခါ ကုန်ကျစရိတ်ကို လျှော့ပေးလိုက်တာမျိုး ရှိတတ်ပါတယ်။ 



- အဟောင်းတွေကို ရောင်းချပါ။ 

ပစ္စည်းတစ်ခုဟာ ကိုယ့်အတွက် မသုံးမလိုပေမယ့် လိုအပ်မယ့်သူ ရှိလာနိုင်ပါတယ်။ ကိုယ့်အတွက်လည်း အပိုငွေလေး ထွက်လာနိုင်သလို အသုံးလိုသူ အတွေက်လည်း ဈေးသက်သက်သာသာနဲ့ အဆင်ပြေသွားစေနိုင်ပါတယ်။ ဒီကရရှိတဲ့ အပိုငွေနဲ့ အိမ်အတွက်လိုအပ်တာကို ထပ်ဖြည့်မယ်ဆိုရင် ဘတ်ဂျက်ချွေတာရာလည်းရောက်စေပါတယ်။ 

- ပြန်သုံးပါ

ပစ္စည်းတစ်ခုဟာ ကိုယ့်အတွက်အသုံးဝင်သေးတယ် ဆိုရင်တော့ အသစ်ဝယ်မယ့်အစား ရှိတဲ့ပစ္စည်းကိုပဲ ဆက်အသုံးပြုသင့်ပါတယ်။ ဗီရို၊ ကုလားထိုင်၊ စားပွဲခုံနဲ့ မှန်တင်ခုံတွေဟာ အသစ်ဝယ်စရာမလိုဘဲ ပြန်သုံးလို့ ရနိုင်တဲ့ အသုံးအဆောင်တွေပဲ ဖြစ်ပါတယ်။ 

- ကန်ထရိုက်တာ သေချာရွေးချယ်ပါ

အိမ်ခန်းလေး အလှဆုံးဖြစ်ဖို့အတွက် ကန်ထရိုက်တာ အပေါ်မှာလည်း မူတည်ပါတယ်။ ကန်ထရိုက်တာ ရွေးချယ်ရာမှာ ဈေးကြီးလေ ကောင်းလေလို့ မယူဆဘဲ ဈေးသက်သက်သာသာနဲ့ ကောင်းမွနဲ့ ကန်ထရိုက်တာတွေကိုလည်း အများကြီးရှိပါတယ်။ ကန်ထရိုက်တာကို အချိန်တစ်ခုယူပြီး သေချာရွေးချယ်သင့်ပါတယ်။ 

ဒီနေ့လို အစစအရာရာ ဈေးတွေတက်နေတဲ့ ခေတ်ကြီးထဲမှာ ကိုယ့်အိမ်လေးကို ဈေးသက်သက်သာနဲ့ အကောင်းဆုံး ပြင်ဆင်နိုင်ဖို့အတွက် ဖော်ပြထားတဲ့ အချက်လေးတွေက အသုံးချကြည့်ဖို့ အကြံပြုလိုက်ပါတယ်နော်။

Credit : Original Uploader

Related Posts