Myanmar House Logo

Myanmar House

Real Estate in Myanmar

ကျွန်မကို ဒီရက်ပိုင်း အမေးများတဲ့ မေးခွန်းတွေထဲမှာ အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်မလဲ ရသေးဘူး ။ဟိုဟာလုပ်လို့ရလား? ဒီဟာလုပ်လို့ရလား? ? ဆိုပြီးတော့မေးကြပါတယ်။

November 29, 2022 760 views
ကျွန်မကို ဒီရက်ပိုင်း အမေးများတဲ့ မေးခွန်းတွေထဲမှာ အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်မလဲ ရသေးဘူး ။ဟိုဟာလုပ်လို့ရလား? ဒီဟာလုပ်လို့ရလား? ? ဆိုပြီးတော့မေးကြပါတယ်။

ကျွန်မကို ဒီရက်ပိုင်း အမေးများတဲ့ မေးခွန်းတွေထဲမှာ အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်မလဲ ရသေးဘူး ။ဟိုဟာလုပ်လို့ရလား? ဒီဟာလုပ်လို့ရလား? ? ဆိုပြီးတော့မေးကြပါတယ်။

ဥပဒေမှာ အသက်ပြည့်မှလုပ်လို့ရတဲ့အလုပ်၊ အသက်မပြည့်ခင် လုပ်နိုင်တဲ့အလုပ်တွေ ရှိပါတယ်။ ဥပမာ အသက်မပြည့်ရင် (၁၈နှစ် ) ပဋိဉာဉ်အက်ဥပဒေအရ သူပိုင်ဆိုင်တဲ့ပစ္စည်းကို သူကိုယ်တိုင် ရောင်းလို့မရပါဘူး။  တကယ်လို့အသက်မပြည့်သေးသူပိုင်ဆိုင်ထားတဲ့ အိမ်မြေ နဲ့တခြားပစ္စည်းကိုဝယ်မိသူက ဥပဒေအရ တရားဝင်မပိုင်ဆိုင်ပဲ ပဋိပက္ခဖြစ်လို့တရားရုံးရောက်ရင် ဝယ်သူက ဆုံးရှုံးရနိုင်ပါတယ်။ အကယ်၍ အသက်မပြည့်သေးသူရဲ့ အုပ်ထိန်းသူကတာဝန်ယူရောင်းဝယ်ပေးရင်တော့ရပါတယ်။

နောက်တစ်ခုက အသက်မပြည်သေးသူကို ကလေးလို့သတ်မှတ်ပြီး ထိုကလေးပြစ်မှုကျူးလွန်တဲ့အခါမှာ ထောက်ကိုမပို့ဘဲ သီးသန့်ခွဲချုပ်ရတယ်။ ဒါ့အပြင် အသက် ၁၈ နှစ်ပြည့်နဲ့ မပြည့်ကို ဥပဒေကြောင်းအရ ပေးထားတဲ့အခွင့်ရေးတွေမတူပါဘူး။

တချို့ကျမကို မက်ဆင်ဂျာကလာပြောတယ် မှတ်ပုံတင်တော့မလဲရသေးဘူး....... ဒီကိစ္စလုပ်လို့ရလားတဲ့။ စာရွက်စာတမ်းအထောက်အထားလိုတယ်ပြောတဲ့အခါ ကျွန်တော့ကိုကျွန်တော် အာမခံပါတယ်တဲ့ 😂😂

အဲ့လိုသာရကြေးဆို ဘဏ်မှာ ကျမကိုယ်ကျမ အာမခံပါတယ်ဆိုပြီး သိန်းတစ်ထောင်လောက်သွားချေးဦးမှပဲနော့ 😂😂
အစိုးရရုံးပိုင်းဆိုင်ရာတွေဟာ စာရွက်စာတမ်းသက်သေကိုပဲ အဓိက ကြည့်ပါတယ်။ သူတို့ကရုံးမှာပဲထိုင်နေတာကိုယ့်နောက်ကြောင်းအသိုင်းအဝိုင်းကိုမသိဘူးလေ။ စာရွက်စာတမ်းခိုင်မာမှုကိုပဲ ကြည့်တာပါ။

လက်ထပ်ချင်တာ၊ စာချုပ်ချုပ်ချင်တာ၊ passport လုပ်ချင်တာနဲ့ အခြားရုံးပိုင်း၊ လုပ်ငန်းပိုင်း တွေမှာ လိုအပ်လာနိုင်တဲ့အတွက် အသက် ၁၈ပြည့်မှတ်ပုံတင်ကို အသက်ပြည့်တာနဲ့လဲ ဖြစ်အောင်လဲပါ။ မှတ်ပုံတင်မှာလဲ အသက် ၁၈ နှစ်ပြည့်ရင်လဲရန်၊ အသက် ၃၀ ပြည့်ရင်လဲရန်ဆိုပြီးရေးထားပါတယ်။

တကယ်လို့ တရားရုံးကိစ္စ ၊ Passport ကိစ္စတွေလုပ်ဖို့လိုတဲ့အခါ မှတ်ပုံတင် မှာ(၁၈) နှစ်ပြည့်မလဲရသေးရင်
ရပ်ကွက်ထောက်ခံစာ၊ ဓာတ်ပုံ ၄ ပုံ၊ သန်ခေါင်းစာရင်းမူရင်းနဲ့ သက်ဆိုင်ရာ လဝက မှာသွားလုပ်ခိုင်းပါတယ်။
တစ်ရုံးတစ်ထုံးမတူတဲ့အတွက်တခြားလိုအပ်တဲ့စာရွက်စာတမ်းတွေထပ်ရှိနိုင်တာမို့ မိမိ ကိစ္စရှိတဲ့ရုံးကိုအရင်သွားစုံစမ်းသင့်ပါတယ်။

ဒေါ်မေသဇင်ဆွေ
တရားလွှတ်တော်ရှေ့နေ

#credit ပြန်လည်ကူးယူ ဖော်ပြတာပါရှင်

Related Posts