Myanmar House Logo

Myanmar House

Real Estate in Myanmar

သင့်အိမ်မှာ ဘာကြောင့်အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားသင့်တာလဲ

November 30, 2022 294 views
သင့်အိမ်မှာ ဘာကြောင့်အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားသင့်တာလဲ

သုတေသနပညာရှင်တွေရဲ့အဆိုအရ လူနဲ့အိမ်မွေးတိရစ္ဆာန်တွေကြားက သံယောဇဥ်နှောင်ကြိုးက ကျန်းမာစေပြီး စိတ်ဖိစီးမှုကိုလျော့နည်းစေတာ တွေ့ရပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေမွေးခြင်းရဲ့ ကောင်းကျိုးတစ်ခု ကတော့ သင့်ရဲ့စိတ်ကျန်းမာရေးကို ကောင်းမွန်စေတာပါ။ ဒါထက်ပိုပြီး အိမ်မွေးတိရစ္ဆာန်လေးတွေမွေးခြင်းရဲ့ အကျိုး ကျေးဇူးတွေကို ပြောပြပေးပါချင်ပါတယ်။။

စိတ်ဖိစီးမှုကာကွယ်ပေးတယ်

ဆွီဒင်နိုင်ငံမှ အသေးစားလေ့လာမှုတစ်ခုအရ စေတနာဝန်ထမ်းအမျိုးသမီးတစ်ဦးကို အိမ်မွေးခွေးတကောင်မွေးစားခွင့် ပေးလိုက်တဲ့အခါ ၁၅ မိနစ်နဲ့ ၃၀ မိနစ်အတွင်းမှာပဲ သူမရဲ့စိတ်ဖိစီးမှုဟော်မုန်းလျော့ကျ သွားတာတွေ့ရပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဆော့ကစားတဲ့အခါ လူ့ခန္ဓာကိုယ်တွင်းကပျော်ရွှင်စေတဲ့ အောက်ဆီတိုဆင်ဟော်မုန်း တိုးပွားလာတဲ့အတွက် စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။

အထီးကျန်ခြင်းကိုသက်သာစေတယ်

အထီးကျန်ခြင်းက နှလုံးရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါတွေအပြင် အခြားဆိုးကျိုးတွေနဲ့ပါဆက်စပ်နေပါတယ်။ သို့သော် အိမ်မွေးတိရစ္ဆာန်မွေးထားတဲ့သက်ကြီးရွယ်အိုတွေဟာ မမွေးတဲ့တခြားလူကြီးတွေထက် အထီးကျန်မှု လျော့နည်းသွားတယ်လို့ဆိုပါတယ်။ အထူးသဖြင့် တစ်ယောက်တည်း နေထိုင်ရတဲ့သူတွေအတွက် ခွေး (သို့) ကြောင်လေးတစ်ကောင်ရှိတာက အဖော်ရစေပါတယ်။



ကိုယ်လက်လှုပ်လျားမှုပုံမှန်လုပ်ဖြစ်စေတယ်

သင့်မှာ ခွေးလေးတစ်ကောင်ရှိတယ်ဆိုပါစို့။ သူ့ကိုသင်လမ်းလျှောက်ထွက်ပေးဖို့လိုမှာသေချာပါတယ်။ သို့သော် ဒီလမ်းလျှောက်တာက သင့်ရဲ့ကျန်းမာရေးအတွက်ပါအထောက်အကူပြုစေမှာပါ။ ဒါ့ကြောင့် အိမ်မွေးခွေးလေးတစ်ကောင်ပိုင်ဆိုင်ထားတာက သင့်ကိုကိုယ်လက်လှုပ်လျားလုပ်ဖို့ပါ တဖက်တလမ်းက ကူညီပေးပါလိမ့်မယ်။

နှလုံးကျန်းမာရေးကောင်းစေတယ်

အိမ်မွေးကြောင်လေးတစ်ကောင်ပိုင်ဆိုင်တာက နှလုံးရောဂါဖြင့်သေဆုံးနိုင်ခြေကိုလျော့နည်းစေနိုင်ကြောင်း သုတေသီတွေရဲ့တွေ့ရှိချက်အရ အိမ်မွေးတိရစ္ဆာန်တစ်ကောင်မှ မမွေးဖူးသူတွေဟာ မွေးဖူးသူတွေထက် နှလုံးရောဂါဖြစ်နိုင် ခြေပိုများပါတယ်။ အကြောင်းကတော့ ဒီချစ်စရာသတ္တဝါလေးတွေဟာ သင့်ကိုစိတ်ဖိစီးမှုသက်သာစေနိုင်စွမ်းရှိလို့ ပဲဖြစ်ပါတယ်။

Credit By : Kwee

Related Posts