Myanmar House Logo

Myanmar House

Real Estate in Myanmar

ဆိုင်းဘုတ်ခွန်

December 1, 2022 538 views
ဆိုင်းဘုတ်ခွန်

ဆိုင်းဘုတ်ခွန်

ဆိုင်ဖွင့်ထားပြီး ဆိုင်းဘုတ်တပ်တာနဲ့ ဆိုင်းဘုတ်ခွန်ဆောင်ရပါတယ်။ ဆိုင်းဘုတ်ခွန်ကို တစ်ပေပတ်လည် 500/- (or) 1,200/- (or) 5,000/- နှုန်းဖြင်ဆောင်ရပါတယ်။ သက်တမ်းက တစ်နှစ်ပါ ခင်ဗျာ။ ဆိုင်းဘုတ်အပြင် အခြားကြော်ငြာဘုတ်များလည်း အထက်ပါအတိုင်း ဆောင်ရပါတယ် ခင်ဗျာ။

500/- က အိမ်ဆိုင်ပါ။
1,200/- က ပုံမှန်ဆိုင်ပါ။
5,000/- က Company ကဖွင့်ထားတဲ့ဆိုင်ပါ။ ဆိုင်းဘုတ်ကို Composites နဲ့ လုပ်ထားရင်လည်း ဆောင်ရပါတယ်။

ဘယ်လိုဆောင်ရလဲ  ?
မြို့နယ် စည်ပင်ရဲ့ ဖွဲစည်းပုံမှာ မြို့နယ်အတွင်းရှိတဲ့ ရပ်ကွက်အလိုက် ဝန်ထမ်းတစ်ဦကို (1) ရပ်ကွက် (သို့) (2) ရပ်ကွက် စသည်ဖြင့် တာဝန်ပေးထားပါတယ်။ ထိုဝန်ထမ်း မှ မိမိတာဝန်ယူထားရသော ရပ်ကွက်အတွင်းရှိ စည်ပင်နှင့်ပတ်သက်သော လုပ်ငန်းများကို တာဝန်ယူလုပ်ဆောင်ရပါတယ်။ တာဝန်ကျရာ ရပ်ကွက်အတွင်း လှည့်ပတ်သွားလာပြီး စည်ပင်ကိစ္စများလုပ်ရန်ရှိပါက လာရောက်ဆက်သွယ် ပြောဆို၊ အသိပေးပါလိမ့်မယ် ခင်ဗျာ။ 
         အဲ့ဒီတော့ မိမိဆိုင်ဖွင့်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းပြုလုပ်တာနဲ့ သူတို့သိပါတယ် ခင်ဗျာ။ စည်ပင်နှင့်ပတ်သက်သော ကိစ္စများလုပ်ဆောင်ရန် လာရောက်ပြောပါလိမ့်မယ် ခင်ဗျာ။ လာပြောပါက ဆိုင်းဘုတ်ခွန် ဆောင်လိုက်ရုံပါဘဲ ခင်ဗျာ။

ဆိုင်ဘုတ်ခွန်ဆောင်ပြီးရမယ့် သက်သေခံလက်မှတ်
စည်ပင်သို့ ဆိုင်းဘုတ်ခွန်ဆောင်ထားကြောင်း ငွေသွင်း ချလန်သာရပါမယ် ခင်ဗျာ။

ဆိုင်ဘုတ်ခွန်ဆောင်ရာတွင် ကြုံဖူးတာတစ်ခုကတော့ Sqft 60 ကျော်လို့ 1sqft ကို 5,000/- တောင်းတာပါ။ ရန်ကုန် Downtown ထဲက မြို့နယ် တစ်ခုမှာပါ။ ဆိုင်းဘုတ်က အရှည် 55ပေနဲ့ အမြင့်က 6 ပေပါ။ 330sqft ပါ။ 1 sqft ကို 5,000/= နဲ့တောင်းပါတယ်။ သူတို့ပြောတာတော့ V9 နဲ့ လုပ်ထားတဲ့ ဆိုင်းဘုတ်လည်း 60 sqft ကျော်ရင် 5,000/- ပေးရမယ် ပြောပါတယ်။ တော်တော်လေးရှင်းလိုက်ရပါတယ် ခင်ဗျာ။

ကျွန်တော် တင်ထားသော အချက်အလက်များသည် ဥပဒေ ကို ပြောခြင်းမဟုတ်ပါ ခင်ဗျာ။ ကျွန်တော့် အတွေ့အကြုံကို ဝေမျှခြင်းသာဖြစ်ပါတယ် ခင်ဗျာ။

Crd.  Original Writer

Related Posts