Myanmar House Logo

Myanmar House

Real Estate in Myanmar

#အမြန်လမ်းမကြီးပေါ်တွင် လိုက်နာရမည့်စည်းကမ်းများ

December 6, 2022 243 views
#အမြန်လမ်းမကြီးပေါ်တွင် လိုက်နာရမည့်စည်းကမ်းများ

#အမြန်လမ်းမကြီးပေါ်တွင် လိုက်နာရမည့်စည်းကမ်းများ.........

၁။ ယာဉ်မောင်းသူသည် ရှေ့မှသွားနေသော ယာဉ်နှင့် အန္တရာယ်ကင်းသော အကွာအဝေးမှ မောင်းနှင်ရမည်။ ယာဘက်ယာဉ်ကြောမှ မောင်းနှင်ရမည်။

၂။ လက်ဝဲဘက်အစွန်ဆုံးယာဉ်ကြောအား ကျော်တက်ရန်မှအပ သာမန်ချိန်များတွင် အသုံးမပြုရပါ။

၃။ ယာဉ်ကျော်တက်ရာတွင် လမ်းလုမောင်းနှင် ကျော်တက်ခြင်းမပြုရ။ မိမိကျော်တက်မည်ကို ရှေ့ယာဉ်မှ သိရှိစေရန် အချက်ပြပြီး သိရှိကြောင်းသေချာမှ ကျော်တက်ရမည်။

၄။ လက်ဝဲဘက်အစွန်ဆုံးယာဉ်ကြောကို အသုံးပြု၍ ကျော်တက်ရာတွင် မိမိကျော်တက်ခဲ့သော ယာဉ်နှင့် အန္တရာယ်ကင်းသော အကွာအဝေးရောက်မှ မူလယာဉ်ကြောအတွင်း signal ပြ၍ ပြန်လည်ဝင်ရောက်ရမည်။

၅။ယာဉ်ကြောပြောင်းလိုပါက အချက်ပြပြီးမှ ပြောင်းလဲမောင်းနှင်ရမည်။

၆။ မလိုအပ်ပဲ ယာဉ်ကြောပြောင်းခြင်း၊ ရုတ်တရက်ကွေ့ခြင်း၊ ရပ်ဆိုင်းခြင်းမပြုရ။

၇။ အမြန်လမ်းမကြီးပေါ်တွင် ဆိုင်ကယ်များ၊ နွားလှည်းများ၊ စက်တပ်အနှေးယာဉ်များ၊ ကုန်တင်ယာဉ်များ တက်ရောက်မောင်းနှင်ခြင်း မပြုရ။

၈။ လမ်းသွယ်မှ အမြန်လမ်းမကြီးသို့ မောင်းဝင်ရာတွင် လက်ယာဘက်အစွန်ဆုံးရှိ ယာဉ်ကြောကို အသုံးပြုရမည်။

၉။ ကွန်ကရစ်လမ်းမကြီးပေါ်တွင် စက်ချို့ယွင်းခြင်းနှင့် မီးလောင်မှု ဖြစ်ပွားစေနိုင်သော ဝါယာကြိုးများ ချို့ယွင်းခြင်းမှအပ မည်သည့်ရပ်နားခြင်းကိုမှ မပြုလုပ်ရ။ လမ်းဘေးမြေသားလမ်းပုခုံး လွတ်ကင်းသည့် နေရာများတွင်သာ ရပ်နားရမည်။

၁၀။ ယာဉ်ပျက်သည့် အခြေအနေမျိုးတွင် ယာဉ်ကို မြေသားလမ်းပုခုံးပေါ်သို့ အမြန်ဆုံးရွေ့ပြောင်းရမည်။ ထိုသို့ ရွေ့ပြောင်းခြင်း မပြုနိုင်ပါက အန္တရာယ် အချက်ပြမီး(Hazard light)ကို ဖွင့်ထားရမည်။ ကားပျက်နေသည့် ဆိုင်းဘုတ်ကို အခြားယာဉ်မောင်းများ မြင်နိုင်စေရန် မီတာ(၃၀)မှ (၅၀) အကွာအဝေးတွင် ထားရှိရမည်။

၁၁။ အမြန်လမ်းမကြီးပေါ်တွင် ခရီးသည်အတင်အချ မပြုလုပ်ရ။ အငှားယာဉ်ကို ရပ်တန့်ငှားရမ်းခြင်း မပြုလုပ်ရ။

၁၂။ ကွန်ကရစ်လမ်းမကြီးနှင့် လမ်းပုခုံးပေါ်တွင် ယာဉ်ကို လိုအပ်သည်ထက် ပိုမို အချိန်ကြာမြင့်စွာ ရပ်နားထားခြင်း (သို့) ရပ်တန့်ပြုပြင်ခြင်း မပြုရ။

၁၃။ မည်သည့်ယာဉ်မျှ လမ်းပြောင်းပြန် မောင်းနှင်ခြင်း မပြုရ။

၁၄။ မိုးရွာသည့်အချိန်တွင် ယာဉ်ကို အရှိန်လျှော့၍ မောင်းနှင်ရမည်။

၁၅။ ယာဉ်မောင်းသူသည် ယာဉ်ကို ဂရုစိုက်၍ မောင်းနှင်ရမည်။ အမြန်နူန်းမြင့် မောင်းနေစဉ် ရေသောက်ခြင်း၊ နောက်လှည့်စကားပြောခြင်း၊ ကွမ်းတံတွေးထွေးခြင်း စသည့် ပေါ့ဆမှုကြောင့် ယာဉ်မတော်တဆ ဖြစ်ပွားနိုင်ပါသည်။

၁၆။ အရက်နှင့် အခြားမူးယစ်စေတတ်သော အရာများ သောက်စားသုံးစွဲပြီး ယာဉ်မောင်းနှင်ခြင်း မပြုရ။

လူလောက် မည်သည့်အရာမှတန်ဖိုးမရှိပါ... 
အားလုံးပဲ အန္တရာယ်ကင်းရှင်းကြပါစေ.

ဗဟုသုတရစေရန် ပြန်လည်မျှဝေဖော်ပြထားခြင်း
ဖြစ်ပါသည်။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit 
ပေးပါသည်။
 

Related Posts