Myanmar House Logo

Myanmar House

Real Estate in Myanmar

ကုမ္ပဏီပိုင် မြေနှင့်အိမ် ကိုဝယ်မည်ဆိုလျှင်

December 7, 2022 162 views
ကုမ္ပဏီပိုင် မြေနှင့်အိမ် ကိုဝယ်မည်ဆိုလျှင်

ကုမ္ပဏီပိုင် မြေနှင့်အိမ် ကိုဝယ်မည်ဆိုလျှင်

“ကုမ္ပဏီအမည်ပေါက် မြေ ကွက်ဝယ်မယ်စိတ်ကူးလို့ ဆရာ။ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ သိ ချင်ပါတယ်”ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ ရောက်လာပြီး ဆွေးနွေး ပါသည်။

“မြေကွက်ဆိုတော့ အဆောက် အအုံမပါဘူးပေါ့”

“အဆောက်အအုံသဘောမျိုး တော့ပါတယ်။ ဒါပေမယ့် လူနေ အ ဆောက်အအုံ မဟုတ်ဘူးဆရာ။ ဂို ဒေါင်လို အခန်းကျယ်ဖွဲ့ထားတာ”

“ကုမ္ပဏီအမည်ပေါက်ဆိုတော့ မြေအမျိုးအစားက ဘာလဲ သိပါသ လား”

“ဘိုးဘွားပိုင်မြေ ဆရာ”

“ဒါဆိုရင် ခွဲစိတ်ထားတဲ့မြေဖြစ် မှာပေါ့”

“ဟုတ်ကဲ့၊ မြေပုံမှာတော့ ပေ ၆ဝ ပတ်လည်လို့ ဖော်ပြထားပါတယ်”

“မြေကွက်ခွဲပြီး အမည်ပေါက်ဆို တော့ အရောင်းအဝယ် မခက်ခဲပါ ဘူး”

“ကုမ္ပဏီရဲ့ ရှယ်ယာအများဆုံး ကတော့ ရောင်းမယ်ဆိုတဲ့ သူပဲ ဆရာ”

“မြေအမည်ပေါက်က ကုမ္ပဏီ ဖြစ်နေတဲ့အတွက် ကုမ္ပဏီပိုင်မြေ အဖြစ် ရပ်တည်ပြီးဖြစ်နေတယ်”

“ဒါဆိုရင် ကုမ္ပဏီအမည်နဲ့ပဲ အ ရောင်းအဝယ်စာချုပ် ချုပ်ဆိုရမှာပေါ့”

“မှန်ပါတယ်။ ရောင်းသူသည် ကုမ္ပဏီဖြစ်ရပါမယ်။ ရှယ်ယာပိုင်ရှင် အများဆုံးဖြစ်လို့ မိမိတစ်ဦးတည်း သဘောနဲ့ ရောင်းပိုင်ခွင့်မရှိပါဘူး”

“အခု ဒါရိုက်တာအဖွဲ့ဝင်တွေ မှာ မြေဝယ်စဉ်က ဒါရိုက်တာတွေ မဟုတ်တော့ဘူး ဆရာ။ အပြောင်းအ လဲတွေ ဖြစ်ကုန်ပြီ”

“ဒါကတော့ ကျမ်းကျိန်လွှာနဲ့ တကွ ဒါရိုက်တာစာရင်းကိုတင်ပြရ မှာပေါ့”

“ဒါရိုက်တာ အစည်းအဝေးမှတ် တမ်းတင်ပြရမှာပေါ်နော်”

“မှန်ပါတယ်။ စာရွက်စာတမ်း ပြည့်ပြည့်စုံစုံတင်ပြဖို့တော့ လိုမယ်။ ကုမ္ပဏီအမည်နဲ့ ဝယ်စဉ်က ကုမ္ပဏီ ကိုယ်စား ဘယ်သူက လက်မှတ်ရေး ထိုးပါသလဲ”

“ကုမ္ပဏီမှာ အတွင်းရေးမှူး အဖြစ် တာဝန်ယူတဲ့ ဒါရိုက်တာ အဖွဲ့ ဝင်တစ်ဦးက လက်မှတ်ရေးထိုးထား ပါတယ်”

“အခုလည်း ကုမ္ပဏီမှာအတွင်း ရေးမှူးအဖြစ် တာဝန်ယူဆဲလား”

“သူက ထွက်သွားပြီဆရာ၊ ဒါ ကြောင့် လက်မှတ်ရေးထိုးဖို့လည်း ခက်ခဲနေလို့ ဆရာ”

“စာရွက်စာတမ်းပြည့်စုံဖို့တော့ လိုပါမယ်။ ပထမဦးဆုံးကုမ္ပဏီမှတ်ပုံ တင် လက်မှတ်တင်ပြရမယ်။ အဲဒီ မှာ ဒါရိုက်တာအဖွဲ့အမည်စာရင်းပါ မယ်။ အပြောင်းအလဲရှိခဲ့ရင်လည်း ကုမ္ပဏီဒါရိုက်တာ အဖွဲ့ရဲ့ အစည်းအ ဝေး မှတ်တမ်းဆုံးဖြတ်ချက်၊ အခု အရောင်းအဝယ်လုပ်ရာမှာ ကုမ္ပဏီ ကိုယ်စား မည်သူ့ကို ခန့်ထားကြောင်း ဒါရိုက်တာအဖွဲ့ရဲ့ ဆုံးဖြတ်ချက်၊ ကုမ္ပဏီပိုင်မြေကွက်ကို ကုမ္ပဏီ ဒါရိုက်တာအဖွဲ့အပါအဝင် ရှယ်ယာ ရှင်တို့က ရောင်းချရန် သဘောတူ ကြောင်း ဆုံးဖြတ်ချက်စတဲ့ စာရွက် စာတမ်းတွေ ပြည့်စုံအောင်ဆောင် ရွက်ထားဖို့ လိုပါတယ်”

“အရောင်းအဝယ်စာချုပ် ချုပ် ရင် အဲဒီစာရွက်စာတမ်းတွေ တင်ပြရ မှာပေါ့နော်”

“မှန်ပါတယ်။ ရောင်းချရန် မြေပုံမြေရာဇဝင်ကူးယူဖို့ လျှောက် ထားရာမှာကစပြီး အစောကပြောတဲ့ အထောက်အထားဆက်စပ်စာရွက် စာတမ်းတွေ လိုအပ်မှာဖြစ်ပါတယ်”

“မြေအရောင်းစာချုပ်ချုပ်တဲ့ အခါမှာ မူလဝယ်စဉ်က ကုမ္ပဏီ ကိုယ်စားလက်မှတ်ရေးထိုးသူမဟုတ် ဘဲ အခြားတစ်ယောက်က ကုမ္ပဏီ ကိုယ်စား လက်မှတ်ရေးထိုးရင် တရား ဝင်တယ်ပေါ့”

“မြေကွက်ဝယ်စဉ်က ကုမ္ပဏီ ကိုယ်စား လက်မှတ်ရေးထိုးသူက ပြောင်းရွှေ့သွားကြောင်း၊ ဒါမှမဟုတ် ကုမ္ပဏီ ဒါရိုက်တာမှ နုတ်ထွက် ကြောင်း အထောက်အထား တင်ပြပြီး အခြားသူကို ကုမ္ပဏီကိုယ်စား ခန့် အပ်ကြောင်း ဒါရိုက်တာအဖွဲ့ရဲ့ အ စည်းအဝေးဆုံးဖြတ်ချက် တင်ပြ ဆောင်ရွက်နိုင်ပါတယ်”

“မြေကွက်ဝယ်စဉ်က အခု ရောင်းမယ်ပြောတဲ့သူရဲ့ တစ်ဦးတည်း ပိုင်ငွေကြေးနဲ့ ဝယ်ထားတယ်ဆိုတော့ သူပိုင်မြေကွက် မဖြစ်နိုင်ဘူးလား။ သူ တစ်ဦးတည်း အရောင်းစာချုပ် ချုပ် လို့ မရဘူးလား”

“တစ်ဦးတည်းပိုင် ငွေကြေးနဲ့ ဝယ်ထားတဲ့ မြေကွက်ဖြစ်သည့်တိုင် ကုမ္ပဏီအမည်နဲ့ဝယ်ပြီး အမည်ပေါက် ဖြစ်နေမှ ကုမ္ပဏီအမည်နဲ့ပဲ အရောင်း စာချုပ်ကို ချုပ်ဆိုရပါမယ်”

“ဒါဆိုရင် ကုမ္ပဏီရှယ်ယာရှင် အပါအဝင် ဒါရိုက်တာအဖွဲ့ဝင်အား လုံးက မြေကွက်ကို ရောင်းချလိုကြောင်း သဘောတူညီချက်ရှိမရှိ မေးမြန်းစုံ စမ်းမှ ဖြစ်မယ်ပေါ့”

“ဟုတ်ပါတယ်။ သက်ဆိုင်သူ အားလုံးက သဘောတူမှ တရားဝင် အရောင်းအဝယ်ပြုလုပ်ဆောင်ရွက် နိုင်မှာ ဖြစ်တယ်”

“အချို့ကပြောတော့ ကုမ္ပဏီ သက်တမ်းလည်း အရေးကြီးတယ်လို့ ပြောတယ်။ အဲဒါက ဘယ်လိုကိစ္စပါ လဲ”

“မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ အရ ကုမ္ပဏီမှတ်ပုံတင်ရုံးမှာ မှတ်ပုံ တင်ရမှာဖြစ်ပါတယ်။ ကုမ္ပဏီမှတ်ပုံ တင်လက်မှတ်ကို သက်ဆိုင်ရာက ထုတ်ပေးမှာဖြစ်ပြီး သက်တမ်းကုန်ဆုံး ပါက သက်တမ်းတိုးလျှောက်ထားရ မှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အစိုးရ ရုံးအပါအဝင် တရားရုံးတို့မှာ တင်ပြဖို့ လိုအပ်ရင် သက်တမ်းကျော်လွန်သွား တဲ့ ကုမ္ပဏီများအနေနဲ့ လုပ်ငန်း ဆောင်ရွက်လို့ရမှာ မဟုတ်ပါဘူး”

“ဒါဆိုရင် အခုလို အိမ်မြေ အ ရောင်းအဝယ်ကိစ္စမှာလည်း ကုမ္ပဏီ က မှတ်ပုံတင် သက်တမ်းမကုန်သေးတဲ့ ကုမ္ပဏီဖြစ်ဖို့လိုတာပေါ့နော် ဆရာ”

“ဟုတ်ပါတယ်။ ဒါလည်း အ ရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါ တယ်။ အမှုအခင်းဖြစ်နေတဲ့ ကုမ္ပဏီ ဟုတ်မဟုတ်လည်း စုံစမ်းဖို့လိုပါ တယ်။ တစ်ခါတစ်ရံမှာ စာရင်းဖျက် သိမ်းဖို့ တရားရုံးမှာ လျှောက်ထားနေ ဆဲကိစ္စရပ်တွေရှိတတ်တယ်”

“ဟုတ်ကဲ့၊ ကျွန်တော်လည်း ကြားဖူးတယ် ဆရာ။ တချို့ ေြ<ွကးမြီ ကိစ္စတွေနဲ့ ဝရမ်းကပ်ထားတဲ့ ပစ္စည်း ဖြစ်နေတာမျိုးလည်း ရှိတတ်တယ် ပြောတယ်”

“အကောင်းဆုံးကတော့ လွယ် လွယ်ကူကူငွေမချေဖို့ပါပဲ။ သက်ဆိုင် ရာ သတင်းစာထဲကနေ ကန့်ကွက်နိုင် ကြောင်း ကြေညာမယ်။ ကန့်ကွက် သူပေါ်လာရင် ညှိနှိုင်းဆောင်ရွက် မယ်၊ စရန်ငွေပေးရင် တာဝန်ပိုင်းကို သေချာစွာ ကတိစာချုပ် ချုပ်ဆိုဖို့လို အပ်ပါတယ်”

“တကယ်လို့ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဦးက သဘောမတူဘူးဆိုရင် ဘယ်လိုဖြစ်နိုင်သလဲ”

“ကုမ္ပဏီဆိုတာ စုပေါင်းပါဝင် တာဖြစ်တဲ့အတွက် အစုရှယ်ယာဝင် တွေရဲ့ သဘောတူညီချက်မရှိရင် တော့ အရောင်းအဝယ်မလုပ်တာ အကောင်းဆုံးပါပဲ”

“ကုမ္ပဏီပိုင် မြေကွက်ကပိုပြီး ရှုပ်ထွေးနေသလား ဆရာ”

“ဒီလိုလည်း မဟုတ်ပါဘူး။ ကုမ္ပဏီထူထောင်ပြီးစီးပွားရေး လုပ် ကိုင်သူတွေဟာ များသောအားဖြင့် မိသားစုကုမ္ပဏီဖွဲ့ကြတာများပါ တယ်။ ကုမ္ပဏီအဖွဲ့ဝင် ဒါရိုက်တာ တွေဟာ သားသမီးတွေ၊ မိဘတွေဖြစ် တတ်ပါတယ်။ ဒီလိုကုမ္ပဏီပိုင် မြေ ကွက်၊ ပစ္စည်းတွေဆိုရင်တော့ အငြင်း ပွားစရာသိပ်မရှိပါဘူး”

“မိသားစုအတွင်း သဘောတူညီ ချက်ရဖို့ပဲ လိုတာပေါ့နော်”

“မှန်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦးချင်း ပိုင်ဖြစ်ဖြစ်၊ ကုမ္ပဏီပိုင်မြေကွက် ဖြစ် ဖြစ်၊ ဥပဒေနဲ့အညီ ပိုင်ဆိုင်ခွင့်ရှိသူ ဖြစ်ဖို့လိုပါတယ်။ ဒါမှရောင်းပိုင်ခွင့်ရှိ ပြီး တရားဝင်မှတ်ပုံတင် အရောင်း အဝယ်စာချုပ် ချုပ်ဆိုနိုင်မှာဖြစ်ပါတယ်” ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

Credit to: ‌ဈေးကွက်ဂျာနယ်

Related Posts