Myanmar House Logo

Myanmar House

Real Estate in Myanmar

ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရာတွင် ၎င်းတို့နေရပ်များတွင်သာ ချုပ်ဆိုခွင့်ပြု

December 8, 2022 308 views
ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရာတွင် ၎င်းတို့နေရပ်များတွင်သာ ချုပ်ဆိုခွင့်ပြု

ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရာတွင် ၎င်းတို့နေရပ်များတွင်သာ ချုပ်ဆိုခွင့်ပြု

မဲဆောက်၊ ဒီဇင်ဘာ ၎

ပြည်ပအလုပ်အကိုင်ရှာဖွေရေးတရားဝင်(ထိုင်း) လိုင်စင်ရကုမ္ပဏီများအနေဖြင့် ထိုင်းနိုင်ငံ၌သွား ရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများနှင့် အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ် ချုပ်ဆိုရာတွင် ၎င်းတို့၏နေရပ်များတွင်သာ ချုပ်ဆိုခွင့်ပြုခဲ့သည်။

ထိုသို့ မြန်မာအလုပ်သမားများ၏ နေရပ်များ၌ စာချုပ်ချုပ်ဆိုခွင့်ပြုခြင်းအား အလုပ်သမားဝန် ကြီးဌာန၊အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ပြည်ပအလုပ် အကိုင် ရှာဖွေးရေးကုမ္ပဏီများထံ ဒီဇင်ဘာလ ၁ ရက်၊ရက်စွဲဖြင့် ညွှန်ကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မကွေးတိုင်းအတွင်းနေထိုင်ကာ ထိုင်းနိုင်ငံ၌သွားရောက်အလုပ်လုပ်ကိုင်မည့်သူများသည် မကွေးတိုင်း၊ ရခိုင်ပြည်နယ်တွင် နေထိုင်သူများသည် ရခိုင်ပြည်နယ်တို့တွင် စာချုပ်ချုပ်ဆိုရမည်ဖြစ်သည်။

ထို့အတူ ချင်းပြည်နယ်တွင် နေထိုင်ကာ ထိုင်းနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများမှာမူ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့၌ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ် ချုပ်ဆိုနိုင်ကြောင်း သိရသည်။

စာချုပ်ချုပ်ဆိုရာတွင် အလုပ်သမားများနေထိုင်သည့် လိပ်စာတွင်ချုပ်ဆိုပြီး အမှန်တကယ် နေထိုင်သည့် အထောက်အထားအား စာချုပ်ချုပ်ဆိုရေးလုပ်  ငန်းစဉ် ကြီးကြပ်ရေးအဖွဲ့များထံ ပြသရမည်ဖြစ်သည်။

ထို့ပြင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနသို့ အလုပ်ခန့်ထားမှုဆိုင်ရာသဘော တူစာချုပ် ချုပ်ဆိုခွင့်တင်ပြရာ၌ အလုပ်သမားများနစ်နာမှုမရှိစေရန်နှင့်သတ် မှတ်ရက်အတွင်း သက်ဆိုင်ရာလုပ်ငန်းခွင်သို့ရောက်ရှိစေရန် တင်ပြရမည်ဖြစ် သည်။

ထိုသို့ တင်ပြရာတွင်လည်း စာချုပ်ချုပ်ဆိုမှုနှင့်အလုပ်သမားအမည်စာရင်းအား ထိုင်းအလုပ်ရှင်မှသိရှိကြောင်းနှင့်စာချုပ်ချုပ်ဆိုပြီးသည့် အလုပ် သမားများအား သက်မှတ်ရက်အတွင်းခေါ်ယူမည်ဆိုသည့် အလုပ်သမားသံအရာရှိရှေ့၌ လက်မှတ်ထိုးထားသည့် ဝန်ခံကတိစာ(မူရင်း)ကိုလည်း ပူးတွဲတင်ပြရမည်ဖြစ်သည်။

ယခင်က မြန်မာအလုပ်သမားများနှင့်ပြည်ပအ လုပ်အကိုင်ရှာဖွေရေးကုမ္ပဏီများကြား အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်အား ကိုယ်ပိုင်သင်တန်းကျောင်းများနှင့်အလုပ်သမားများကို လူတွေစစ်ဆေးရန် ဖွင့်လှစ်ထားသည့် ရုံးခန်းများ၌ ချုပ်ဆိုရန်ခွင့်ပြုထားခြင်းကို ရပ်ဆိုင်းသွားမည်ဖြစ်သည်။

#မြဝတီမဲဆောက်မီဒီယာ

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit 
ပေးပါသည်။

Related Posts