Myanmar House Logo

Myanmar House

Real Estate in Myanmar

နေအိမ်ဝယ်ခါနီးရင် စဉ်းစားဖို့လိုမယ်

December 8, 2022 107 views
နေအိမ်ဝယ်ခါနီးရင် စဉ်းစားဖို့လိုမယ်

နေအိမ်ဆိုတာဟာ ကိုယ်ပိုင်ဆိုင်တဲ့ နိဗ္ဗာန်ဘုံလေးပါပဲ။ ဒီအိမ်လေးမှာပဲ မိသားစုတွေ နေထိုင်မယ်၊ ဒီအိမ်လေးထဲမှာပဲ မိသားစု အမှတ်တရတွေ များစွာရှိမှာ ဖြစ်တဲ့အတွက် ဒီအိမ်လေးကြောင့် စိတ်သောက မရောက်ရအောင် စဝယ်ယူစဉ်မှာ ထောင့်စေ့အောင် ကြည့်ရှုစစ်ဆေးထားဖို့ဟာ ကိုယ့်တာဝန်ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် အိမ်တစ်အိမ်ဝယ်ယူဖို့ ဘာတွေပြင်ဆင်ထားရမလဲ၊ ဘာတွေကြိုစဉ်းစားထားသင့်လဲ ဆိုတာကို ဒီဆောင်းပါးလေးနဲ့ ဖော်ပြလိုက်ပါတယ်။ 

၁။ ငွေကို စနစ်တကျ သုံးစွဲပါ

ဥပမာ အိမ်တန်ဖိုးက သိန်း ၃၀၀ ဆိုပါစို့။ မိမိလက်ထဲမှာလည်း သိန်း ၃၀၀ ပဲ ရှိတယ်။ အပိုအစွန်း မရှိသေးဘူးဆိုရင် မဝယ်သင့်သေးပါဘူး။  အိမ်ဝယ်ပြီးနောက် ပိုလျှံတဲ့ ငွေကြေးဟာ ဝန်ဆောင်ခပေးဖို့ ၊ အခွန်ဆောင်ဖို့ အာမခံထားဖို့ လောက်ငှရဲ့လားဆိုတာ တွက်ချက်သင့်ပါတယ်။  ပြင်ဆင်စရိတ်၊ ရေဖိုး၊ မီးဖိုး၊ အခွန်စတဲ့ အပိုဆောင်းငွေတွေ ကုန်ရဖို့ ရှိသေးတာကြောင့် အပိုဆောင်းငွေကို လုံလုံလောက်လောက် ချန်ထားသင့်ပါတယ်။ 

၂။ လက်ရှိငွေကြေးအခြေအနေနဲ့ ချိန်ဆပြီး အိမ်ဝယ်မလား၊ အိမ်ငှားနေမလား ရွေးချယ်ပါ

လက်ရှိ လစာဝင်ငွေကောင်းဖို့ အလုပ်ကြိုးစားနေတယ်၊ အလုပ်နဲ့နီးတဲ့ ရပ်ကွက်မှာလည်း ကိုယ်ကြိုက်တဲ့အိမ်မတွေ့သေးဘူး၊ နောက် ၅ နှစ်မှာ အိမ်ခြံမြေဈေးကွက် ဘယ်လိုရှိနိုင်မလဲ၊ ဈေးကျသွားမလား၊ ဈေးတက်လာမလား စတာတွေကို ချိန်ဆပြီး အိမ်ဝယ်မလား၊ အိမ်ငှားနေမလား ရွေးချယ်သင့်ပါတယ်။ တခါတလေမှာ အိမ်ဝယ်လိုက်ခြင်းထက် ငှားနေတာက ကိုယ့်လက်ရှိ အနေအထားနဲ့ ပိုအဆင်ပြေတတ်ပါတယ်။ 


၃။ အရစ်ကျစနစ်နဲ့ ဝယ်ယူမလား

အခုအချိန်မှာဆိုရင် ဘဏ်တွေက အရစ်ကျစနစ်နဲ့ တိုက်ခန်းဝယ်ခြင်း၊ လုံးချင်းအိမ်ဝယ်ယူခြင်းတို့နဲ့ မိတ်ဆက်ပေးလာပါပြီ။ အရစ်ကျစနစ်နဲ့ အိမ်ဝယ်မယ်ဆိုရင် လက်ရှိအလုပ်အကိုင် ၊ ဝင်ငွေလမ်းကြောင်းရဲ့ အာမခံမူ စတာတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ အရစ်ကျနဲ့ ဝယ်ယူရင်လစဉ် ကုန်မယ့် ကုန်ကျစရိတ်နဲ့ ငှားနေရင် ကုန်မယ့် ကုန်ကျစရိတ်ကို နှိုင်းယှဉ်တွက်ချက်ပြီး ဘယ်လိုနေထိုင်မှုမျိုးက ကိုယ့်အတွက် အဆင်ပြေမလဲ ဆိုတာကို သေချာစဉ်းစားသင့်ပါတယ်။ 

၄။ ပတ်ဝန်းကျင် 

အိမ်တော့ ဝယ်လိုက်ပါပြီရဲ့ အိမ်နီးချင်း မရှိဘူး ( ဒါမှမဟုတ် ) ပတ်ဝန်းကျင်မှာ သူခိုး၊ ဓါးပြပေါတယ် ( ဒါမှမဟုတ် ) ချောင်ကျပြီး လူပြတ်တယ် ( ဒါမှမဟုတ် ) ဈေး၊ ကားလမ်းမနဲ့ ဝေးတယ် ဆိုရင် အချိန်ကြာတာနဲ့အမျှ ကိုယ်ပဲ စိတ်ညစ်ရတတ်ပါတယ်။ ဒါကြောင့် ရေရှည်အတွက် စဉ်းစားပြီး 
 ဈေးနီး ၊ ကျောင်းနီး ၊ ဆေးရုံဆေးခန်းနီး ၊ ပို့ဆောင်ဆက်သွယ်ရေး အားလုံးနဲ့ အလှမ်းမဝေးဘဲ လုံခြုံစိတ်ချမှုရှိတဲ့ နေရာမျိုးကိုသာ ရွေးချယ်သင့်ပါတယ်။ 

၅။ မြေပိုင်ဆိုင်မှု ခိုင်မာခြင်း

ဥပဒေရေးရာ ခိုင်မာတဲ့ မြေပေါ်မှာဆောက်ထားတဲ့ အိမ်ကိုသာ ရွေးချယ်ပါ။ ကိုယ်ဝယ်မယ့် မြေအမျိုးအစားအလိုက် ကောင်းကျိုးဆိုးကျိုးတွေကို နှံ့နှံ့စပ်စပ် လေ့လာပြီး ပိုင်ဆိုင်မှု ခိုင်မာမှသာ ဝယ်ယူတာ အကောင်းဆုံးပါပဲ။ ဒီလိုမဟုတ်ဘူးဆိုရင် မလိုလားအပ်တဲ့ ဥပဒေဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် ငွေကြေးအကုန်အကျ များနိုင်ပါတယ်။

Credit to Original Uploader 

Related Posts