Myanmar House Logo

Myanmar House

Real Estate in Myanmar

တစိမ့်စိမ့်နဲ့ ဘေးဖြစ်နေစေတဲ့ လူတော်တော်များများသတိမထားမိသော အိမ်တွင်းအန္တရာယ်တွေ

December 9, 2022 122 views
တစိမ့်စိမ့်နဲ့ ဘေးဖြစ်နေစေတဲ့ လူတော်တော်များများသတိမထားမိသော အိမ်တွင်းအန္တရာယ်တွေ

အိမ်ဆိုတာ လုံခြုံမှု၊ စိတ်အပန်းပြေမှုတွေ အပေးနိုင်ဆုံးသော အကောင်းဆုံးနေရာလို့ လူတိုင်းခံယူထားတတ်ကြပါတယ်။ အန္တရာယ်ကင်းတယ်လို့ ယုံကြည်ထားတဲ့ အိမ်ထဲမှာ လူတိုင်းလိုလိုသတိမထားမိတဲ့ အန္တရာယ်တွေရှိနေတာကြောင့် ရှောင်ရှားနိုင်ဖို့အတွက် မျှဝေပေးချင်ပါတယ်။

မှို

နေရောင်ခြည်လုံးဝမရတဲ့ စိုထိုင်းထိုင်းနေရာတွေ၊မြေအောက်ခန်းနေရာတွေ၊ မျက်နှာကြက်၊ ကြမ်းခင်း၊ ပရိဘောဂအဟောင်းတွေရဲ့
ခြေထောက်တွေနဲ့ ပြတင်းပေါက်၊ တံခါးပေါက်ရေထုတ်ပိုက်၊ ရေချိုးခန်းတို့မှာ မှိုတွေ ရှိနေတတ်ပါတယ်။
မှိုတွေအရမ်းများလာတဲ့ အခါ ချောင်းဆိုး၊ နှာချေ၊ ယားယံ၊ ခေါင်းကိုက်တာကစလို့အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တတ်ပါတယ်။

ခဲ

ခဲပါတဲ့ အိမ်သုတ်ဆေးသုံးရင် ဆေးမှုန်၊ ဆေးခဲတွေကြမ်းပေါ် အဝတ်အစားတွေပေါ်၊ကလေးကစားစရာတွေပေါ် ကျကုန်ရင် လက်ကနေ တဆင့် ခဲမှုန်တွေ ပါးစပ်ထဲ ဝင်နိုင်ပါတယ်။
ခဲဆိပ်သင့်ရင် စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ သွေးတိုးခြင်း၊ မျိုးပွားမှုအတွက် အခက်အခဲဖြစ်စေခြင်း၊ကလေးများ ကြီးထွားမှု နှေးကွေးပြီး ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်။
သန့်ရှင်းရေးပစ္စည်းများ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ အစွန်းချွတ်ဆေး၊ကြွေကြေးချွတ်ဆေးစတဲ့ သန့်ရှင်းရေး ပစ္စည်းတွေမှာ အဆိပ်အတောက်တွေပါပြီးအဲဒါတွေကို ကိုင်တွယ်ပြီးရင် သေချာစွာ ဆေးကြောသန့်စင်ဖို့ လိုအပ်ပါတယ်။
အဲ့ဒီအဆိပ် အတောက်တွေကြောင့် အသက်ရှူခက်ခဲခြင်း၊ နာတာရှည် ခေါင်းကိုက်ခြင်း၊ဦးနှောက်၊အသည်းနဲ့ကျောက်ကပ် ကို ပျက်စီးစေခြင်း၊ လေသင်တုန်းဖြတ်ခြင်း စတာတွေ ဖြစ်နိုင်လို့ပါ။

ကော်ဇော

ကော်ဇောအကြာကြီး ခင်းထားပြီး သန့်ရှင်းရေး မလုပ်ဘူးဆိုရင် အမှုန်အမွှားနဲ့ ပိုးပေါင်းစုံ ကပ်ငြိနေတာကြောင့် အရေပြားရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါနဲ့ အသည်း၊ သိုင်းရွိုက်ဂလင်းတွေကို ဆိုးကျိုးပေးနိုင်ပါတယ်။
လေသန့်ဖြန်းဆေး အဆိပ်အတောက်ဖြစ်စေတဲ့ ပါဝင်ပစ္စည်းအချို့ကြောင့် ပါးစပ်၊ အစာပြွန်၊ အစာအိမ်တွင် အနာဖြစ်ခြင်း၊ ချောင်းဆိုးရင်ကျပ်ဖြစ်ခြင်း တို့အပြင် ကင်ဆာအထိပါ ဖြစ်နိုင်တာကြောင့် စနစ်တကျ သုံးစွဲဖို့ လိုအပ်ပါတယ်။
ကလေးနို့ဘူး ရောဂါပိုး အများဆုံး ကပ်ငြိနိုင်တာက ကလေးနို့ဘူးတွေဖြစ်ပြီး နို့ဘူးတွေ ဆေးကြောတဲ့အခါ အရမ်းအပူပေးပြီးခဏခဏ ဆေးတဲ့အခါမျိုးမှာ ပလတ်စတစ်က ဓာတ်ပြောင်းပြီး နို့ထဲကို ရောသွားတတ်တာကြောင့် သတိချပ်သင့်ပါတယ်။



ပရုတ်လုံး

အဝတ်တွေ၊ စာအုပ်တွေ ပိုးမကိုက်အောင်ဆိုပြီး ပရုတ်လုံးသုံးကြသလို တချို့ကလည်း ပန်းခြံထဲ၊အိမ်ကြမ်းခင်းတွေမှာ အင်းဆက်တွေ မလာအောင် ထားတတ်ကြပါတယ်။
ပရုတ်လုံးကို ခဏခဏ လက်နဲ့ကိုင်တာများရင် ပရုတ်လုံးထဲက အဆိပ်အတောက်တွေ အရေပြားတို့၊မျက်လုံးထဲတို့ ဝင်တဲ့အခါ အော့အန်ခြင်း၊ မျက်စိအတွင်းတိမ်ဖြစ်ခြင်းမှ ကင်ဆာအထိပါ ဖြစ်နိုင်ပါတယ်။

အလှကုန်များ

ဈေးကြီးပေးဝယ်ထားရတယ်ဆိုပြီး သက်တမ်းကုန်၊ အလှကုန်တွေကို ဆက်မသုံးသင့်ပါဘူး။ယားယံတာ၊ ဓာတ်မတည့်တာကစလို့ ကင်ဆာရောဂါအထိ ဖြစ်နိုင်လို့ပါ။
အပူခံ မကပ်ဒယ်အိုး အပူခံပြီး မကပ်တဲ့ ပလတ်စတစ်တစ်မျိုးကို ဒယ်အိုးအတွင်းပိုင်းမှာ ကပ်ထားတဲ့ လူသုံးများ မီးဖိုချောင်သုံး ပစ္စည်းတွေကိုထာဝရ မသုံးစွဲသင့်ဘူးလို့ ဆေးပညာရှင်တွေက အကြံပြုထားပါတယ်။

ဒီလို အိုးခွက်တွေနဲ့ပဲ အမြဲလိုလို ချက်ပြုတ်မယ်ဆိုရင် အိုးတွင်းကပ်ထားတဲ့ပလတ်စတစ်က ဓာတ်ပြောင်းပြီး ဆိုးကျိုးတွေ ပေးနိုင်လို့ပါ။

Credit to original uploader

Related Posts