Myanmar House Logo

Myanmar House

Real Estate in Myanmar

အပျောက်စနစ်တိုက်ခန်းများတွင် မြေရှင်အား အိမ်လခပေးရုံဖြင့် အိမ်ငှား ဖြစ်မလာခြင်း

December 9, 2022 195 views
အပျောက်စနစ်တိုက်ခန်းများတွင် မြေရှင်အား အိမ်လခပေးရုံဖြင့် အိမ်ငှား ဖြစ်မလာခြင်း

အပျောက်စနစ်တိုက်ခန်းများတွင် မြေရှင်အား အိမ်လခပေးရုံဖြင့် အိမ်ငှား ဖြစ်မလာခြင်း

တစ်နေ့က မိတ်ဆွေတစ် ဦး စာရေးသူရုံးခန်းသို့ အပြေးအ လွှားရောက်လာသည်။

“သူငယ်ချင်းကို ကြည့်ရ တာ အရေးကြီးတဲ့ ကိစ္စရှိနေပြီ ထင်တယ်”ဟု စာရေးသူက နှုတ် ဆက်ခရီး ဦးကြိုပြုလိုက်ပါသည်။

“အင်း-ဒီလိုကွ၊ ငါ့ဇနီး သည်က တိုက်ခန်းတစ်ခန်းဝယ်ဖို့ စရန်ငွေပေးလိုက်တယ်”

“ရောင်းသူက ထွက်ပြေး သွားလို့လား”

“အခုတော့ အဲဒီအဆင့် ထိရောက်သွားပြီ။ စရန်ငွေပေးပြီး ကန့်ကွက်ရန်ရှိမရှိ သတင်းစာထဲ မှာ ထည့်ပြီး ကြော်ငြာခဲ့တယ်”

“ဒီတော့ ကန့်ကွက်သူ ပေါ်လာတယ်ပေါ့”

“အေး ဟုတ်တယ်၊ သူ့ရဲ့ ပြောစကားအရတော့ အခုရောင်းတဲ့ သူဟာ ပိုင်ရှင်အစစ်မဟုတ်ဘူး။ ကန့်ကွက်သူက ခွင့်ပြုချက်နဲ့ တင်ထားတဲ့သူလို့ပြောတယ်”

“သူငယ်ချင်းတို့ တိုက်ခန်း ဝယ်စဉ်က စာရွက် စာတမ်း တွေ မစစ်ဆေးကြည့်ဘူးလား”

“စစ်တော့ စစ်ဆေးတယ်လို့ ဇနီးသည်က ပြောတာပဲ၊ အိမ်ပွဲစားနဲ့ သေချာစစ်တယ်လို့ ပြောတယ်၊ ဇနီးသည် ပြောတာတော့ မြေရှင်ထံမှာ အိမ်လခ ဖြတ်ပိုင်းကို ရောင်းသူအမည်နဲ့ ပေးထားတယ် ပြောတယ်” ဟု ပြောရင်း သူငယ်ချင်းက အိမ်လခ ဖြတ်ပိုင်း တစ်ခု ကို ပြပါသည်။

“တိုက်ခန်းဝယ်ထားတဲ့ စာချုပ်စာတမ်းအဆင့်ဆင့်ကို ပြသေးလား” စာရေးသူက ရုတ် တရက် မေးလိုက်ပါသည်။

“တိုက်ခန်းအရောင်းအဝယ်စာချုပ်တွေကတော့ လောလောဆယ်ဘယ်နားထားမိမှန်းမသိဘူးပေါ့။ ကွာနေတာလည်း ဆယ်နှစ်ကျော်၊ ဆယ့်သုံးနှစ် နီးနီးရှိပြီဆိုတော့ ဘယ်နားထားမိမှန်း မသိဘူးလို့ ပြောတယ်လို့ သိရတယ်။ ဒါကြောင့် သတင်းစာထဲ ထည့်ကြော်ငြာဖြစ် သွားတာ”

“စရန်ငွေက အတော် များများ ပေးလိုက်သလား”

“တစ်ပတ်အတွင်း မြေရှင် နဲ့တွေ့ပေးပြီး နာမည် ပြောင်းပေးမယ်ပြောတော့ စရန်တစ်ဝက် လောက်ချလိုက်မိတယ်။ ကျပ်သိန်းနှစ်ရာ နီးနီးလောက် ဖြစ်သွား တယ်”

“ဒါကြောင့် သူငယ်ချင်း က ပူပူလောင်လောင်ဖြစ်နေတာ ကိုး”

“အေး-အဲဒါ ဘာဆက် လုပ်ရင် ကောင်းမလဲလို့”

“အခုတိုက်ခန်းမှာ ဘယ် သူနေသေးလဲ၊ ရောင်းသူက ရှိသေး လား၊ သူကဘာပြောလဲ”

“သူကတော့ တရားဝင်အပျောက်စနစ်နဲ့ ဝယ်ထားတာ ပေါ့၊ အခုပိုင်ရှင်ဆိုတဲ့ အမျိုးသမီး ရဲ့ ဖခင်လက်ထက်က ဝယ်ထား တာလို့ ပြောတာပဲ”

“အဲဒီရောင်းတယ်ဆိုတဲ့ အဘိုးကြီးက ဘယ်ရောက်သွားလဲ”

“သေသွားလို့ပေါ့ သူငယ် ချင်းရာ။ အခုဖခင်ရဲ့ တိုက်ခန်း ဖြစ်ပြီး ဖခင်က သူမသေမီခွင့်ပြု ချက်နဲ့ နေခွင့်ပေးခဲ့တာလို့ ပြော တာပဲ”

“ဒီတော့ မူလကတည်း က အဘိုးကြီးရဲ့ သမီးက အဲဒီတိုက် ခန်းမှာ မနေဘူးပေါ့”

“အစကတော့ ဖခင်နဲ့ အတူနေတာပဲ၊ အိမ်ထောင်ကျသွား တော့ အစိုးရဝန်ထမ်းဖြစ်တဲ့ ခင် ပွန်းနဲ့အတူ လိုက်နေတယ်ပြော တယ်”

“ကဲ-ထားပါတော့လေ၊ ဥပဒေအရတော့ ဖခင်က ခွင့်ပြုချက်နဲ့ ထားခဲ့တာမှန်ရင် သမီးဖြစ် သူက သေသူဖခင်ရဲ့ အမွေဆက် ခံသူဖြစ် လို့ ခွင့်ပြုချက်နဲ့ထားတဲ့ ကိစ္စကလည်း သမီးထံ ဆက်ခံခွင့်ရတယ်။ ဒါပေမယ့် ဖခင်က မကွယ်လွန်မီ ရောင်းသွားတာ မှန်ရင် တော့ သမီးက ဆက်ခံခွင့်ရှိမှာမ ဟုတ်ဘူး”

“အမျိုးသမီးကြီးကတော့ လက်ရှိနေတဲ့ သူတွေကို ခွင့်ပြုချက် ကို ရုပ်သိမ်းပြီးနှင်လိုမှု စွဲမယ်လို့ တော့ သိရတယ်” ဟု သူငယ်ချင်း က ရှင်းပြပါသည်။

“ဒါနဲ့ပတ်သက်လို့ သူငယ် ချင်း ဗဟုသုတရအောင် အထူးအ ယူခံ ခုံရုံးကဆုံးဖြတ်ထားတဲ့ အမှု ကို ပြောပြမယ်”

“ဒေါ်သန်းသန်းမေပါ ၄ ဦးနှင့် ဒေါ်အမီနာပါနှစ်ဦး (၄င်း၏ အခွင့်ရ ကိုယ်စားလှယ် ဒေါ်သန်း ဌေး) ၂ဝဝ၃ ခုနှစ် မြန်မာနိုင်ငံ တရား စီရင်ထုံး စာမျက်နှာ ၁၅၁ အမှုမှာ ဒေါ်သန်းသန်းမေပါ ၄ ဦးက၊ ဒေါ်အမီနာပါ (၂) ဦးအပေါ် ၄င်းတို့သည် အိမ်ငှား များဖြစ်ကြောင်း မြွက်ဟကြေညာမှုစွဲဆိုခဲ့ရာ အနိုင်ဒီကရီကို ရန်ကုန်တိုင်း တရားရုံးက ချမှတ်ပေးခဲ့သည်။ တိုင်းတရားရုံး၏ အမိန့် ကို ဒေါ်အ မီနာက မကျေနပ်၍ တရားရုံးချုပ် သို့ အယူခံဝင်ရာ အောင်မြင်ခဲ့ပြီး တိုင်းတရားရုံး၏ အမိန့်ကို ပယ် ဖျက်ခဲ့ သဖြင့် ဒေါ်သန်းသန်းမေတို့ က အထူးအယူခံခုံရုံးသို့ အယူခံ ဝင်လာသော အမှုဖြစ်သည်။

အထူးအယူခံခုံရုံးက သုံး သပ်ဆုံးဖြတ်သည်မှာ ဒေါ်သန်း သန်းမေပါ ၄ ဦး၏ ဖခင်ဦးရှိတ်မို ဟာမက်သည် အချင်းဖြစ်တိုက် ခန်းကို မူလပိုင်ရှင် ဟာဂျီလသစ် တို့ထံမှ အပျောက်ဝယ်ယူငှားရမ်း ပြီး တစ်လလျှင် ငှားရမ်းခ ၃၃ ကျပ် ၇၅ ပြားပေးဆောင်ကာ လိုင် စင်ရရေပိုက်နှင့် ရေသန့်လုပ်ငန်း လုပ်ကိုင်ခဲ့ကြောင်း၊ ဒေါ်သန်းသန်း မေတို့၏ မိခင်ဒေါ်အုန်းတင်က ညီမဖြစ်သူ ဒေါ်အမီနာအား အ ချင်းဖြစ် တိုက်ခန်း၏ နောက်ဘက် ခန်းတွင် အခမဲ့နေထိုင်ခွင့်ပြုခဲ့ ကြောင်း၊ ဖခင် မိခင်များကွယ် လွန်သွား၍ ဒေါ်သန်းသန်းမေတို့ သားသမီး ၄ ဦးက အမွေဆက်ခံ ပိုင်ဆိုင်ပြီး အိမ်ငှားများဖြစ်လာ ကြောင်း၊ ဒေါ်အမီနာတို့အပေါ် ခွင့်ပြုချက်ထားသူအား နှင်လိုမှုစွဲ ဆိုထားကြောင်း အဆိုပြုထား သည်။

ဒေါ်အမီနာတို့က အချင်း ဖြစ်တိုက်ခန်းကို ဦးရှိတ် မိုဟာမက် ထံမှ ၁၉၆၄ ခုနှစ်ကပင် ငွေကျပ် သုံးထောင်ဖြင့် ဝယ်ယူ ပိုင်ဆိုင်ပြီး အိမ်လခများပေး၍ အဆက်မပြတ် ယနေ့တိုင် နေထိုင်လျက်ရှိကြောင်း၊ မိမိ ကိုယ်ပိုင်ဝယ်၍ တရားဝင် အိမ်ငှားအဖြစ် နေထိုင်ခြင်းဖြစ် ကြောင်း ထုချေထားသည်။

ဒေါ်အမီနာက ၄င်း၏ အမည်ပြောင်း၍ အိမ်လခများပေး သွင်းခြင်းနှင့် ပတ်သက်၍ မြေရှင် စူရ်ရတီဗလီအတွက် အိမ်ငှားခ များကောက်ခံသူတို့အနေဖြင့် ဒေါ်အမီနာတို့က ကွယ်လွန်သူ ဦးရှိတ်မိုဟာမက်၏ အမွေခံဟု ပြောသောကြောင့် အမည်ပြောင်း ပေးခဲ့ကြောင်း ဆိုထားသည်။

ဒေါ်သန်းသန်းမေပါ ၄ ဦး သည် သေဆုံးသူ မူလအိမ်ငှား ဦးရှိတ်မိုဟာမက်နှင့် ဒေါ်အုန်း တင်တို့၏ သားသမီးများဖြစ်ကြ သဖြင့် ကွယ်လွန်သူမိဘများ၏ တရားဝင် ကိုယ်စားလှယ်များဖြစ် ကြသောကြောင့် ၁၉၆ဝ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၂ (ဆ)အရ အချင်းဖြစ်အခန်း၏ အိမ်ငှား များအဖြစ် ဆက်လက်တည်ရှိ ကြောင်းပေါ်ပေါက်သည်။ ထို့ ကြောင့် တရားရုံးချုပ်၏ အမိန့်ကို ပယ်ဖျက်ပြီး ဒေါ်သန်းသန်းမေတို့ သည် အချင်းဖြစ်အခန်းတွင် နေ ထိုင်ခြင်းမပြုသော်လည်း အိမ်ငှား အဖြစ် ဆက်လက်တည်ရှိကြောင်း အမိန့် ချမှတ်ခဲ့ပါသည်။

“ဒီစီရင်ထုံးနဲ့ သူငယ် ချင်းရဲ့အဖြစ်အပျက်က တူနေတာ တွေလိမ့်မယ်၊ ဒါကြောင့် မူလပိုင် ရှင်ဆိုတဲ့ အမျိုးသမီးကြီးက လက် ရှိနေသူတွေကို ခွင့်ပြုချက်ကို ရုပ်သိမ်းပြီးနှင်လိုမှု စွဲမယ်ဆိုရင် သူငယ်ချင်းတို့အတွက် အထောက် အထား အခွင့်အရေး တစ်ရက် ရမှာ ဖြစ် တယ်။ သူငယ်ချင်းတို့က လည်း ကတိအတိုင်း စရန်ငွေအ ပေါ် ပြန်လည်ရလိုမှု စွဲဆိုရမှာဖြစ် တယ် သူငယ်ချင်း”

စာရေးသူက စိတ်ရှည်စွာ ရှင်းပြလိုက်၍ မိတ်ဆွေဖြစ်သူမှာ လမ်းစရပြီး ကျေနပ်သွားပါသည်။ သို့ဖြစ်၍ တိုက်ခန်းဝယ်သူများ အနေဖြင့် အဝယ်မမှားကြစေရန် သေချာစိစစ်ဝယ်ယူသင့်ကြောင်း ဗဟုသုတအဖြစ် ရေးသားလိုက်ပါ သည်။

ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်

Related Posts