Myanmar House Logo

Myanmar House

Real Estate in Myanmar

အမွေတောင်းဆိုရမည့် ကာလစည်းကမ်းသတ် နှင့် အမွေရှင်သေဆုံးပြီးနောက် အချိန်ကာလ ဘယ်လောက်အတွင်း အမွေမှုစွဲဆိုရသလဲ။ တရားစွဲဆိုပြီးမတောင်းရင် အမွေဆုံးရှုံးမှုရှိ /မရှိ⚖

December 12, 2022 621 views
 အမွေတောင်းဆိုရမည့် ကာလစည်းကမ်းသတ် နှင့် အမွေရှင်သေဆုံးပြီးနောက် အချိန်ကာလ  ဘယ်လောက်အတွင်း အမွေမှုစွဲဆိုရသလဲ။  တရားစွဲဆိုပြီးမတောင်းရင် အမွေဆုံးရှုံးမှုရှိ /မရှိ⚖

⚖👨‍⚖️ အမွေတောင်းဆိုရမည့် ကာလစည်းကမ်းသတ် နှင့် အမွေရှင်သေဆုံးပြီးနောက် အချိန်ကာလ 
ဘယ်လောက်အတွင်း အမွေမှုစွဲဆိုရသလဲ။ 
တရားစွဲဆိုပြီးမတောင်းရင် အမွေဆုံးရှုံးမှုရှိ /မရှိ⚖👨‍⚖️

**************************************

🔺 အမွေတောင်းဆိုခြင်းနှင့် အမွေမှုစွဲဆိုခြင်းတို့ 
သဘောတရားခြင်းမတူပေ။

☑ အမွေတောင်းဆိုခြင်းသည် အမွေရှင် မိဘများ
အနက် တစ်ဦးဦးကွန်လွန်ပြီးနောက်( သို့ ) ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုချိန်တွင် အမွေ ခွဲဝေပေးရန် ကျန်ရစ်သူမိဘထံမှ  တောင်းဆိုခြင်းဖြစ်သည်။

☑ အမွေမှုစွဲဆိုခြင်းမှာ အမွေရှင် မိဘများ နှစ်ဦးစလုံး မရှိတော့သည့် အခြေအနေမျိုးတွင် အမွေဆက်ခံခွင့်ရှိသည့် အမွေဆိုင်အချင်းချင်း အမွေခွဲ ဝေပေးစေလိုမှု အမွေဆိုင်အချင်းချင်း တရားစွဲဆိုခြင်းဖြစ်သည်။

⚖ အမွေတောင်းဆိုရမည့် ကာလစည်းကမ်းသတ်⚖
***************************************

🔺 အမွေရှင်မိဘ  နှစ်ဦးအနက် တစ်ဦးဦးကွယ်လွန် သွားသည့်အခြေအနေတွင် -

၁။ ကျန်ရစ်သူမိဘ မသေဆုံးမီ အချိန်ကာလ အတွင်း ( ကျန်ရစ်သူ မိဘ နောက်အိမ်ထောင် မပြု 
သည့်အခြေအနေ) တောင်းဆိုနိုင်သည်။

⛔ မှတ်ချက်- သေဆုံးသူအမွေရှင်နှင့် လိင်တူ သြရသ (သား/သမီး) ကသာ အမွေတောင်းခွင့် ရှိသည်။

၂။ ကျန်ရစ်သူမိဘနောက်အိမ်ထောင်ပြုသည့် အချိန်မှစ၍ တစ်ဆယ့်နှစ်နှစ်အတွင်း -

⛔ မှတ်ချက်  - သြရသ (သား/ သမီး) သာမက ကနိဋ္ဌ သားသမီးများလည်း အမွေ တောင်းဆိုခွင့်ရှိ သည်။ သို့ရာတွင် လိင်တူ မိဘသေဆုံးပြီးနောက် သြရသ
အခွင့်အရေးကို ရယူပြီးပါက ကျန်ရစ်သူမိဘ နော က် အိမ်ထောင်ပြုချိန်တွင် သြရသ ( သား/သမီး)မှာ အမွေထပ်မံတောင်း ဆိုခွင့်မရှိပေ။

⚖ အမွေရှင်သေပြီး ဘယ်လောက် ကာလအတွင်း အမွေမှု စွဲဆိုရသလဲ။ တရားစွဲဆိုပြီး မတောင်း ခဲ့ရင် အမွေဆုံးရှုံးခြင်းရှိ/ မရှိ ⚖
*************************************

၁။ အမွေရှင်သေဆုံးပြီးနောက် အမွေပုံပစ္စည်းကို ခွဲဝေပေးပါလို့ အမွေစားအမွေခံတွေက မတောင်းမချင် ကာလ စည်းကမ်းသတ်မကျော်ပါ။ အမွေဆိုင်အိမ်မြေပေါ်တွင် အမွေဆိုင်တစ်ဦး နေထိုင်ရုံသက်သက်ဟာ အခြား
အမွေဆိုင်အားလုံးရဲ့ကိုယ်စား အမွေပုံပစ္စည်းလက်ဝယ် ထားရှိခြင်းပဲဖြစ်တယ်။ ကျန်တဲ့အမွေဆိုင်တွေရဲ့ 
ရပိုင်ခွင့် အကျိုးစီးပွားကို ဆန့်ကျင်နေထိုင်ရာ မရောက် တဲ့အတွက် ကာလစည်းကမ်းသတ် မရှိတဲ့အခြေ
အနေဖြစ်တယ်။

၂။ သို့ရာတွင် ကျန်အမွေဆိုင်များက အမွေပစ္စည်း 
ခွဲဝေပေးပါလို့ နှုတ်၊ စာ နဲ့ အတိအလင်း တောင်းဆိုပါလျက် အမွေပစ္စည်း လက်ရှိနေသူက အတိအလင်း၊ ဆန့်ကျင်ငြင်းဆို ( မောင်ပိုင်စီး ထား) ရင်တော့ ငြင်းဆိုတဲ့ နေ့ကစပြီး ( ၁၂) နှစ် ကာလအတွင်း အမွေမှုစွဲဆိုရမယ်။ အတိအလင်းအမွေခွဲဝေပေးဖို့ ငြင်းဆိုတဲ့နေ့ကစ
ပြီး ကျန်အမွေဆိုင်တွေရဲ့ အကျိုးစီးပွားကို ဆန့်ကျင်နေထိုင်ရာ ရောက်ပါတယ်။ ( ၁၂) ကာလအတွင်း အမွေခွဲဝေပေးစေလိုမှု တရားမစွဲဆိုပါက ကျန်အမွေဆိုင်
အားလုံး အမွေဆုံးပါတယ်။

🔺 အနှစ်ချုပ်ဆိုရလျှင် 🔺

🔺- မိဘနှစ်ဦးအနက် တစ်ဦးဦးကွန်လွန်ပြီး တစ်ဦး
ကျန်မယ်ဆို နောက်အိမ်ထောင်မပြုမီမသေခင်အချိန်နှင့် နောက်အိမ်ထောင်ပြုသညိ့အချိန်မှစ၍ ၁၂ နှစ်အတွင်း အမွေတောင်းရမယ်။

🔺- နှစ်ဦးစလုံးကွယ်လွန်ပြီး အမွေဆိုင်အချင်းချင်း
အမွေခွဲဝေပေးစေလိုမှုအတွက်ကတော့ အမွေခွဲဝေပေးရန် ငြင်းဆိုသည့်နေ့ကစ၍ ၁၂ နှစ်အတွင်း တရားစွဲဆိုရမယ်။

# ကိုးကား 
# ဆရာဦးမြစိန် "မြန်မာဓလေ့ထုံးတမ်းဥပဒေ"🙏
# UTK (စိတ်၊ လိပ်၊ ဥ၊တု)  ( Crimes Journal) 🙏 
" မြန်မာဗုဒ္ဓဘာသာဝင်တို့၏ အမွေမှုများအကြောင်း"
# General Knowledge - AKH

Aung Kyaw Htun - Law  👨‍⚖️
ဥပဒေဗဟုသုတပြန့်ပွားစေရန် ရည်ရွယ်မျှဝေသည်။

Related Posts