Myanmar House Logo

Myanmar House

Real Estate in Myanmar

ဂျပန်နိုင်ငံရှိ မြန်မာသံရုံးတွင် မြန်မာနိုင်ငံသားအချင်းချင်း လက်ထပ်ပါက တင်ပြရန် လိုအပ်သည့် စာရွက်စာတမ်းများ

December 12, 2022 256 views
ဂျပန်နိုင်ငံရှိ မြန်မာသံရုံးတွင် မြန်မာနိုင်ငံသားအချင်းချင်း လက်ထပ်ပါက တင်ပြရန် လိုအပ်သည့် စာရွက်စာတမ်းများ

ဂျပန်နိုင်ငံရှိ မြန်မာသံရုံးတွင် မြန်မာနိုင်ငံသားအချင်းချင်း လက်ထပ်ပါက တင်ပြရန် လိုအပ်သည့် စာရွက်စာတမ်းများ 
************************************

(၁) လက်ထပ်ခွင့်ပြုပါရန် လျှောက်ထားသူနှစ်ဦးမှ လက်မှတ်ရေးထိုးထားသည့် ကိုယ်ရေးလျှောက်လွှာအား ရေးသားတင်ပြ၍ ကိုယ်ရေးလျှောက်လွှာတွင် လက်ထပ်ရန်အတွက် နေ့ရက် (၃) ရက်ကို အဆိုပြုတင်ပြရမည်ဖြစ်ပါသည်။

(၂) ကိုယ်ရေးရာဇဝင်များတွင် ရောင်စုံဓါတ်ပုံ (၁) ပုံစီ  ( 35 x 45 mm အရွယ်အစား၊ နောက်ခံအဖြူ၊ နားရွက်ပေါ်၍ မျက်နှာတွင် ဆံပင်ဖုံးအုပ်မနေခြင်း၊ (၂) လအတွင်း ရိုက်ကူးထားသော ဓါတ်ပုံဖြစ်ရပါမည်။)
ကိုယ်ရေးရာဇဝင်  PDF File Download လုပ်ရန်…
http://www.myanmar-embassy-tokyo.net/CS2016/CV-form.pdf

(၃) လက်ထပ်မည့်သူနှစ်ဦး၏ မြန်မာနိုင်ငံကူးလက်မှတ် ( Passport ) မိတ္တူ(၁)စုံစီ တင်ပြရမည်ဖြစ်ပါသည်။
( မြန်မာနိုင်ငံကူးလက်မှတ် ( Passport ) ၏ ဓါတ်ပုံနှင့် အချက်အလက်များ ပါရှိသော ရှေ့စာမျက်နှာအပါအဝင် အသုံးပြုပြီးသော စာမျက်နှာအားလုံး)

(၄) လက်ထပ်မည့်သူနှစ်ဦး၏ မိဘတစ်ဦးဦး/ အုပ်ထိန်းသူမှ သားသမီးများမှာ အိမ်ထောင်မရှိသူ လူလွတ်ဖြစ်ကြောင်း သက်ဆိုင်ရာဒေသအသီးသီးရှိ မြို့နယ်တရားရုံးတွင် ကျမ်းကျိန်ထားသည့် ကျမ်းကျိန်လွှာ မူရင်းများ တင်ပြရမည်ဖြစ်ပါသည်။

(၅) နှစ်ဖက်မိဘများမှ ထိမ်းမြားလက်ထပ်ခြင်းကို ကန့်ကွက်ရန်မရှိကြောင်း လက်မှတ် ရေးထိုးထားသည့်စာမူရင်း တင်ပြရမည်ဖြစ်ပါသည်။

(၆) လက်ထပ်မည့်သူ နှစ်ဦး၏ နိုင်ငံသား စိစစ်ရေးကတ်ပြား (မှတ်ပုံတင်) မိတ္တူများ တင်ပြရမည်ဖြစ်ပါသည်။

(၇) လက်ထပ်မည့်သူ နှစ်ဦး၏ 在留カード ( Resident card ) မိတ္တူများ တင်ပြရမည်ဖြစ်ပါသည်။

(၈) လက်ထပ်မည့်သူနှစ်ဦး၏ မြန်မာနိုင်ငံမှ အိမ်ထောင်စုစာရင်း မိတ္တူများတင်ပြရမည်ဖြစ်ပါသည်။

(၉) သံရုံးမှ လိုအပ်သည့် စိစစ်မှုများ ပြုလုပ်ပြီး လျှောက်ထားသူထံ ဆက်သွယ် အကြောင်းကြားသည့်အခါ ကျသင့်ငွေများအား
    Sumitomo Mitsui Bank Corporation (SMBC)၊
    Gotanda Branch၊
    Current Account #4035008 ၊
    Embassy of the Republic of the Union of Myanmar, Tel: 03-3441-9291 သို့ ပေးသွင်းရမည်။
    ပေးသွင်းပြီးပါက ပေးသွင်းထားသည့် ဘဏ်ချလံ (မူရင်း) အား သံရုံးသို့ ပြန်လည် တင်ပြရမည် ဖြစ်ပါသည်။

(၁၀) လိုအပ်ပါက သံရုံးမှ ထပ်မံတောင်းခံမည့် အထောက်အထားများ တင်ပြရမည်ဖြစ်ပါသည်။

Embassy of the Republic of the Union of Myanmar in Japan မှ ကူးယူဖော်ပြပါသည်။

crd to original uploader

Related Posts