Myanmar House Logo

Myanmar House

Real Estate in Myanmar

အခုတလော onlineမှာ အသစ်အသစ်သော တပိုင်တနိုင် စီးပွါးရေးလုပ်ငန်းရှင်လေးတွေ တိုးလာတာ သတိထားမိပါတယ်။

December 13, 2022 215 views
အခုတလော onlineမှာ အသစ်အသစ်သော တပိုင်တနိုင် စီးပွါးရေးလုပ်ငန်းရှင်လေးတွေ  တိုးလာတာ သတိထားမိပါတယ်။

အခုတလော onlineမှာ အသစ်အသစ်သော
တပိုင်တနိုင် စီးပွါးရေးလုပ်ငန်းရှင်လေးတွေ 
တိုးလာတာ သတိထားမိပါတယ်။

လုပ်ငန်းအသစ်တွေများပြားလာတာနဲ့အမျှ
ကုန်အမှတ်တံဆိပ် အငြင်းပွါးမှုတွေ 
ကြုံရတာတွေကို လာတိုင်ပင်ဆွေးနွေးကြပါတယ်။

ဒီတော့ ဒီကိစ္စတွေကို ဘယ်လိုကာကွယ်မလဲ?
ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်လို့မရဘူးလားဆရာ

ရပါတယ်။

မိမိဘာသာဆောင်ရွက်လို့မရဘူး လုပ်ငန်းကအခုမှစလည်ပတ်တာဆိုတော့လေ

ရပါတယ်။

မိမိဘာသာဆောင်ရွက်နိုင်အောင် အသေးစိတ် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း

စွန့်စားတီထွင် တပိုင်တနိုင် လုပ်ငန်းစလုပ်ချင်သူတွေအတွက် သိစေချင်လို့ ပြောပြပါမယ်။

" ကုန်အမှတ်တံဆိပ် အမှတ်အသားကို မှတ်ပုံတင် ပြီး ထုတ်လုပ်ဖြန့်ချီ သုံးစွဲဖို့ စာချုပ်စာတမ်း နဲ့ စာရင်းသွင်းခြင်းပါ။

အမှတ်တံဆိပ် ( logo) တွေရဲ့ နောက်နားမှာ (R) ဆိုပြီး စာလုံးလေး မြင်ဖူးကြမှာပါ။

သဘောက registeration (မူပိုင်ရှင်ရှိကြောင်း မှတ်ပုံတင်ထားခြင်း)ပါ။

နေရာက ရန်ကင်း မိုးကောင်းဘုရားနားက စာချုပ်စာတမ်းရုံး ဖြစ်ပါတယ်။

လိုအပ်တာက မိမိ အမှတ်တံဆိပ်အတွက် အသိသက်သေ နှစ်ယောက် ခေါ်သွားရပါမယ်။

မှတ်ပုံတင်ရှိ မည်သူမဆို ရပါတယ်။

ငွေ (၁၀၀) ကျပ်တန် တံဆိပ်ခေါင်း ပါတဲ့ စာချုပ် (၃) စောင် လိုပါတယ်။

ရုံးရောက်ပြီ ဆိုတာနဲ့

၁/ စာချုပ်ဝယ်ပြီး အမှတ်တံဆိပ် (လိုဂို) ပုံ ကပ်ရပါတယ်။

စာချုပ်ထဲမှာ အချက်အလက်တွေ ဖြည့်ပြီး လက်နှိပ်စက်စာစီတဲ့လူတွေထံမှာ ကုန်အမှတ်တံဆိပ်အကြောင်း အသေးစိပ်ရိုက်ခိုင်းရပါတယ်။ မြန်မာလိုရော အင်္ဂလိပ်လိုပါ ရိုက်ရပါတယ်။ ( ရိုက်ပြီးသားပုံစံတွေ ရှိပြီးသားပါ)

၂/ စာရွက်စာတမ်းများပြည့်စုံလျင် ဦးစီးမှူးအခန်းဝင်တွေ့ဖို့ စာရွက်တွေထပ်ထားရပါတယ်။

ကိုယ်အလှည့်ရောက်ပါက သက်သေနှစ်ယောက်နှင့်အတူ ဦးစီးမှူးနဲ့ တွေ့ရပါတယ်။ မေးမြန်းတာတွေကို ဖြေကြားပြီး ဦးစီးမှူးလည်း လက်မှတ်ထိုး၊ ကိုယ်တိုင်လည်း လက်မှတ်ထိုး၊ သက်သေနှစ်ယောက်လည်း လက်မှတ်ထိုးရပါတယ်။

၃/ တစ်ခါ ဌာနမှူးနှင့် ထပ်တွေ့ဖို့ ဦးစီးမှူးလက်မှတ် ထိုးထားပြီး စာရွက်တွေကို ထပ်ထားရပါတယ်။ အလှည့်ရောက်လျင် ဌာနမှူးနဲ့ တွေ့ပြီး အမှတ်တံဆိပ်ပေါ်မှာ လက်မှတ်ထိုးပေးပါတယ်။

၄/ လက်ဗွေ နှိပ်ရန်အတွက် စာရေးမတွေဆီ ပေးရပါတယ်။ ရုံးမှာတင်ခဲ့မည့် စာချုပ်တွေမှာပါ လက်ဗွေနှိပ်ပြီး ချလံယူရန် တစ်ဖက်စားပွဲကို သွားရပါတယ်။

၅/ အားလုံးပြီးစီးလို့ ချလံရပြီဆိုရင် သီတင်းပါတ် (၃)ပါတ် ကြာပါမှ ရခဲ့တဲ့ချလံယူပြီး ရုံးကိုပြန်သွားရမှာဖြစ်ပါတယ်။

၆/ ကုန်ကျစားရိတ်ကတော့ ၃၀၀၀ ကျပ် ဝန်းကျင်သာ ကုန်ကျပါတယ်။

တစ်နိုင်တစ်ပိုင် အသေးစားလုပ်ငန်းများ များစွာပေါ်ထွက်လာစေဖို့ မျှော်လင့်ပြီး မျှဝေးပေးခြင်းဖြစ်ပါတယ်။

#ဥပဒေရေးရာ #lawyers #law #trademark

Credit: 

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts