Myanmar House Logo

Myanmar House

Real Estate in Myanmar

အသံလုံခန်း(cavity room) တည်ဆောက်ပုံ

December 14, 2022 391 views
အသံလုံခန်း(cavity room) တည်ဆောက်ပုံ

အသံလုံခန်း(cavity room) တည်ဆောက်ပုံ
**********************************
အသံလုံ အစည်းဝေးခန်းမများ၊ home theatre (အိမ်တွင်းရုပ်ရှင်ရုံ)၊ karaoke lounge (ကာရာအိုကေ သီချင်းဆိုခန်း)၊ music studio (သီချင်းအသံသွင်းခန်း) စတဲ့ အသံလုံခန်းများတည်ဆောက်ပုံကို အကြမ်းဖျင်းတင်ပြပါမယ်။

အသံလုံခန်းဆိုတာ နံရံတစ္ခုကို အုတ်နဲ့စီပြီး 50 mm (၂")ခြားပြီး နောက်ထပ်နံရံတစ်ခု ထပ္စီထားတဲ့ လေဟာနယ်အုတ်ရိုးဖြစ်တယ်။ နံရံ ၂ ခုရဲ့ကြားကို rock wool (glass wool) လို့ခေါ်တဲ့ ဖန်စဖျင်ကို ထည့်ရတယ်။glass wool ဆိုတာ နိုင်ငံခြားကတင်သွင်းရတဲ့ ၂ "ထု ဖျင်လိပ်ဖြစ်တယ်။မီးလုံးဝမလောင်ဘဲ လက်အိပ်မပါဘဲကိုင်ရင် အနည်းငယ်ယားယံတတ်တယ်။

ဒီ့ထက်အသံလုံချင်ရင် မျက်နှာကြက်ကိုပါ ၂ ထပ်ပြုလုပ်ရတယ်။အဲဒီ ၂ ခုကြားမှာလည်း glass wool ကိုသာထည့်ပေးရတယ်။

cold storage များကိုတော နံရံ ၄ ဘက္စလုံး၂ ထပ်၊ မျက်နှာကြက်လည်း ၂ ထပ် ဖြစ်ပြီးကြမ်းခင်းကိုပါ ၂ ထပ်ပြုလုပ်ရပါတယ်။ နောက်ဆုံးအဝင်တံခါးကိုလည်း ready made ၂ ထပ်ကိုမှာယူတတ်ဆင်ရတယ်။ ပြထားတဲ့ပုံမှာ နံရံ ၂ ထပ်စီနည်းကို ပြထားတာဖြစ်တယ်။

လိုအပ်သည်များ ဆရာများဖြည့်ဆွက်ပေးကြပါရန်။


#knowledgesharing

Credit: 

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts