Myanmar House Logo

Myanmar House

Real Estate in Myanmar

​ြမန်မာနိုင်ငံနှင့် ဂျပန်တစ်ပတ်ရစ်ကားများ

December 15, 2022 465 views
​ြမန်မာနိုင်ငံနှင့် ဂျပန်တစ်ပတ်ရစ်ကားများ

​ြမန်မာနိုင်ငံနှင့် ဂျပန်တစ်ပတ်ရစ်ကားများ
🚕🚗🚕🚗🚕🚗🚕🚗🚕🚗🚕🚗🚕🚗

🚘နိုင်ငံအတွင်း မော်တော်ယာဉ် ထုတ်လုပ်မှု စစ်စစ်ကို အနည်းအကျဉ်းမျှ စတင်အကောင်အထည်မဖော်ရသေး သောကြောင့် မြန်မာနိုင်ငံကားဈေးကွက်သည် ပြည်ပနိုင်ငံမှ မော်တော်ယာဉ်တင်သွင်းခြင်းကို အထူးအားပြုခဲ့ရ သည်မှာ ယခုဆိုလျှင် ဆယ်စုနှစ်များစွာပင်ကျော်လွန်၍ ရာစုနှစ်တစ်ခုသို့ပင် ရောက်တော့မည်လည်း ဖြစ်သည်။ မြန်မာနိုင်ငံကားဈေးကွက်အတွက် မော်တော်ယာဉ်များ အများဆုံးတင်သွင်းသည့် ပြည်ပနိုင်ငံမှာ အခြားမဟုတ် မြန်မာလူမျိုးများနှင့် အလွန်ရင်းနှီးသည့် အာရှနိုင်ငံတစ်ခုဖြစ်သည့် ဂျပန်နိုင်ငံပင်ဖြစ်သည်။

🚘ဂျပန်ထုတ်ကားများ မြန်မာနိုင်ငံတွင် ယခုလောက်နှစ်ရှည်စွာ လွှမ်းမိုးထားနိုင်သည်မှာဂျပန်ကားတို့၏ အရည်အသွေးကြောင့်ဟု ဆိုခြင်းထက် ဈေးနှုန်းအရဟုဆိုလျှင် ပိုမှန်မည်လည်းဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ရှိသောဂျပန် ကားအများစုမှာ အသုံးပြုပြီးသား တစ်ပတ်ရစ်ကားများသာဖြစ်လေသည်။

🚖“ဂျပန်ကားတွေက အရည်အသွေးအားဖြင့် အာရှထဲမှာ အကောင်းဆုံးပါ။ နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် သူ့ထက်ကောင်းတဲ့ ကားတွေအများကြီးပါ။ ဒါပေမယ့် ပြည်တွင်းမှာ ဘာလို့ ဂျပန်ကားကို အဓိကအသုံးပြုနေလဲ ဆိုရင် အရည်အသွေးဆိုတာထက် ဈေးနှုန်းကြောင့်ဆိုပိုမှန်ပါတယ်။ သူထက်ကောင်းတဲ့ ဥရောပထုတ်၊ အမေရိ ကထုတ် ကားတွေက ဒီကအခွန်နဲ့ တွက်ကြည့်ရင် လူလတ်တန်းစားတောင်ဝယ်မစီးနိုင်တဲ့ပမာဏမို့ပါ။ ဒါတောင် ဒီမှာ ဂျပန်ကားဆိုပေမယ့် အသစ်တွေက နည်းပါတယ်။ အဟောင်းတွေပဲများနေတဲ့ အဓိကအကြောင်းအရာ က အခွန်ကြောင့်ပါ” ဟု ဝါရင့်မော်တော်ယာဉ်အကျိုးတော်ဆောင်တစ်ဦးက ပြည်တွင်းကားဈေးကွက်တွင် ဂျပန် တစ်ပတ်ရစ်ကားများ များပြားနေရခြင်းအပေါ်သုံးသပ်ပေးခဲ့သည်။

🚖စီးပွားရေး မဖွံ့ဖြိုးတိုးတက်သေးသော မြန်မာနိုင်ငံတွင် မော်တော်ယာဉ်အတွက် သတ်မှတ်ထားသည့် အခွန် နှုန်းထားများမှာ အလွန်ကြီးမြင့်ခြင်းကြောင့် ပြည်တွင်းရှိမော်တော်ယာဉ်အသုံးပြုသူတို့သည် ကားအသစ်ထက် ပြည်ပမှအသုံးပြုပြီးသား တစ်ပတ်ရစ်ကားများကိုသာ ဦးစားပေးရွေးချယ်ဝယ်ယူရသည့် အခြေအနေတွင်ရှိခဲ့ သည်။

🚖တစ်နည်းဆိုရလျှင် မြန်မာနိုင်ငံ၏ မော်တော်ယာဉ်တင်သွင်းဝယ်ယူမှုအပေါ် သတ်မှတ်ထားသည့် အခွန် နှုန်းထားကြောင့် ပြည်တွင်းမော်တော်ယာဉ်အသုံးပြုသူများသည် ကားအသစ်ထက် ကားအဟောင်းများကိုသာ အဓိကအသုံးပြုခဲ့ခြင်းဖြစ်သည်။ ထို့အတွက်လည်း လက်ရှိပြည်တွင်းကားလမ်းဈေးကွက်နှင့် ကားလမ်းမများပေါ် တွင် ဂျပန်တစ်ပတ်ရစ်ကားများကို နေရာတိုင်းတွင် ဒုနှင့်ဒေးတွေ့ရမည်လည်းဖြစ်သည်။

🚖ပေါချောင်ကောင်းလိုချင်သူတွေအတွက် ဆေးဆိုးပန်းရိုက်(လက်ပူတိုက်)ကားများ

🚖မည်သည့်ကုန်ပစ္စည်းပင်ဖြစ်စေကာမှု အဆစ်ရမှ၊ ဈေးလျှော့ပေးမှ၊ သတ်မှတ်ထားတဲ့ဈေးထက် နည်းနည်းလေး သက်သာလိုက်မှ ကြိုက်နှစ်သက်သည်မှာ ကျွနု်ပ်တို့ မြန်မာလူမျိုးတို့၏ စရိုက်ပင်ဖြစ်သည်။ ဤအချက်မှာ ဈေးကွက်ဝေစု ရရှိအောင် ကြိုးစားရသည့် စီးပွားရေးလုပ်ငန်းရှင်တို့၏ စိန်ခေါ်မှုပင်ဖြစ်သည်။ လက်တလော မြန်မာနိုင်ငံကားဈေးကွက်သည် သူထက်ငါ ဝန်ဆောင်မှု ကောင်းမှရောင်းချရသည့် ကားဈေးကွက်မျိုးမဟုတ်ဘဲ ဈေးလျှော့ချနိုင်သည့် သူသာလျှင် ရေရှည်ရပ်တည်နိုင်သည့် ဈေးကွက်ဖြစ်သည့်အတွက် လုပ်ငန်းရှင်တို့မှာ လည်း မိမိလုပ်ငန်း ရေရှည်ရပ်တည်နိုင်အောင် ဆောင်ရွက်ကြလေသည်။ ဈေးကွက်အတွင်း ပုံမှန်ရှိသည့် ကားဈေးနှုန်ထက် လျှော့ချနိုင်ရန်နှင့် မိမိအတွက်အမြတ်ကျန်ရန် ပုံမှန်မဟုတ်သော နည်းလမ်းများဖြင့် ဆောင်ရွက်ရန် လိုအပ်လာခဲ့သည်။

🚖“အပြိုင်အဆိုင်သဘောမျိုး လုရောင်းနေရတော့ ဒါမျိုးတွေတော့ ရှိတယ်။ ဈေးလျှော့ဖို့ တင်သွင်းတဲ့ကားကို ဝိတ်လျှော့ရတာပေါ့။ ဒီရောက်မှ လိုတာလုပ်ပြီး ပြန်ရောင်းနေတဲ့ လူတွေရှိတယ်။ အရင်တုန်းကဆို တိုက်ကြေ ကားတွေသွင်းပြီး ဆိပ်ကမ်းမှာတင် အပြီးပြန်ပြင်ပြီး လုပ်တာမျိုးတွေတောင်ရှိတယ်။ ဒီမှာ အဲ့လို ပြင်လို့မရလည်း ဂျပန်မှာ ပြင်လို့ရတာမျိုးတွေလည်း ရှိသေးတယ်” ဟု ဟံသာဝတီကားပွဲစားတန်းဟောင်းမှ အကျိုးတော်ဆောင် တစ်ဦးက ဆိုခဲ့သည်။
ယင်းတွင် လုပ်ငန်းရှင်တို့သည် တင်သွင်းသောကားများကို အခွန်အပြည့်ဆောင်ပြီး ဈေးနှုန်းလျှော့နိုင်ရန် အတွက် ဝိတ်(ဂရိတ်)လျှော့ရန် အထူးကျိုးစားရတော့သည်။ ထိုမှမဟုတ်လျှင် အခွန်ကို တတ်နိုင်တဲ့ နည်းဖြင့် လျှော့ချပြီး ဂရိတ်အပြည့် တင်သွင်းသည့် ပုံစံမျိုးကို လုပ်လာကြရသည်။ ဤတွင် ပေါချောင်ကောင်း လိုချင်သူများအတွက် ဆေးဆိုးပန်းရိုက်(လက်ပူတိုက်)ပြီးသော ကားများကို အဓိကရောင်း ချခဲ့ကြသည်။ ထို့နောက်ဖြစ်ရပ်အချို့ကတော့ပြည်တွင်းမော်တော် ယာဉ်ဈေးကွက်ကို ပိုမိုအကြီးတန် စေခဲ့သည်။

🚖တစ်ပတ်ရစ်ကားများနှင့် ဒွန်တွဲလာသည့် ပြဿနာများ

🚖အခွန်နှုန်းထားကြောင့်ပဲဖြစ်ဖြစ်၊ အခြားသောအကြောင်းရာကြောင်ပဲဖြစ်ဖြစ် ကားအသစ်မဟုတ်သော အသုံးပြု ပြီးသား တစ်ပတ်ရစ်ကားများကို ဝယ်ယူရာတွင် စစ်ဆေးသင့်သည်များကို ပြည်တွင်းရှိ ကားအသုံးပြုသူများ ဖတ်ရှုမှတ်သားခဲ့ဖူးပြီလည်းဖြစ်သည်။

🚖စီးပွားရေးလုပ်ငန်းရှင်အချို့မှာ ဂျပန်နိုင်ငံမှ တိုက်ကြေကားများတင်သွင်းလာကာ ပြည်တွင်း၌ လက်ပူတိုက် ပြင် ဆင်ပြီး ဈေးကွက်အတွင်း အရောင်းတင်ကြလေသည်။ အရေးယူမှု အရှိန်မြှင့်ဆောင်ရွက်လိုက်ခြင်းကြောင့် ယခု လက်ရှိတွင် တိုက်ကြေကားတင်သွင်းမှု မရှိတော့ဟုဆိုနေသော်လည်း မသိခင်အချိန်က တင်သွင်းခဲ့သော တိုက် ကြေကားအရေအတွက် မည်မျှလောက် ဈေးကွက်ထဲရောက်ခဲ့သည်ကို မသိနိုင်ချေ။

🚖“ကားဟောင်းဝယ်တော့မယ်ဆို ဘယ်လောက်ပဲ မှန်ပါတယ်။ ဘာပါတယ် ဆိုတဲ့နေရာ သွားသွားဝယ်ဝယ် တတ်သိနားလည်တဲ့ သူတစ်ဦးနဲ့ သွားဝယ်သင့်တယ်။ ကားဆိုတာမျိုးက ဝိတ်လျှော့ရတာ အလွယ်ဆုံးပဲ။ အထဲက Original ပစ္စည်းတစ်ခု မပါလာတာနဲ့ အတိုင်းအတာ တစ်ခုအထိ ဈေးလျော့သွားနိုင်တယ်။ ကားက အခုဝယ်လိုက် တစ်ရက်ပဲခြား သွားပြန်ရောင်း စကျသွားတာမျိုး၊ အဲ့တော့ Used ကားဝယ်မယ့်လူက ပိုပြီး ဂရု စိုက်သင့်တယ်” ဟု ဘာတာ ကားဟောင်းရောင်းဝယ်ရေး စခန်းမှ ကားဝယ်ရောင်းတစ်ဦးက သုံးသပ်ပြောကြား ခဲ့သည်။

🚖ပြည်တွင်းမှ မော်တော်ယာဉ် အသုံးပြုသူများကတော့ ကားအဟောင်းပုံထဲက အကောင်းတွေကို မက်မောစွာ ဝယ်နေကြဆဲပင်ဖြစ်သည်။ ယေဘုယျအားဖြင့် ကားအဟောင်းများသည် ကားအသစ်များလောက် လုံခြုံမှု အပိုင်းနှင့် စိတ်ချရမှု အပိုင်းကို ၁၀၀ ရာခိုင်နှုန်း ပေးစွမ်းနိုင်ဖွယ်မရှိပေ။ အများအားဖြင့်တော့ တစ်ပတ်ရစ် ကားဟောင်းများတွင် ပြည်တွင်း၌ မဟုတ်ရင်တောင် ပြည်ပမှ အကြီးစားပြင်ဆင်မှုများ ပါလာတတ်သည်။ စက်ရုံ ထုတ် ပစ္စည်းများ(ပြည်တွင်းခေါ် OR ပစ္စည်းများလည်း) လဲလှယ်ထားခြင်းများရှိတတ်သည်။ ထိုအရာများမှာ အဆိုးဝါးဆုံး အပိုင်းပင်ဖြစ်သည်။

🚘ကီလိုမီတာလျှော့ထားသော တစ်ပတ်ရစ်ကားများနှင့် မြန်မာနိုင်ငံကားဈေးကွက်

🚖လက်ရှိ ပြည်တွင်းမှာ ဂျပန်တစ်ပတ်ရစ် ကားများတွင် အများဆုံးတွေ့နေရသည်က ကီလိုမီတာ လျှော့ခြင်းပင် ဖြစ်ပေလိမ့်မည်။ မြန်မာနိုင်ငံအတွင်းရှိ ဂျပန်တစ်ပတ်ရစ်များအနက် ၉၀ ရာခိုင်နှုန်းမှာ ဂျပန်မှ လာသည့် မူလ ကီလိုမီတာ မဟုတ်ကြပေ။ မူလနှုန်းထက် တစ်ဆကျော်လောက်လျှော့ထားပြီးသားများပင်ဖြစ်သည်။ အဆိုပါ ကီလိုမီတာ/ မိုင်နှုန်းအတိုင်းသာ ကား၏ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်မည်ဆိုလျှင် အလွန် ကို အန္တရာယ်ရှိနိုင်သည်။ ဥပမာ- ဂီယာဝိုင်လဲလှယ်မှု၊ အင်ဂျင်ဝိုင် နှင့် ကားအောက်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပင်ဖြစ်သည်။

🚖ယင်းကဲ့သို့ ရောင်းချသူများမှာ ဂျပန်တစ်ပတ်ရစ်ကားများကို ကီလိုမီတာ လျှော့ရခြင်းမှာ ပြည်တွင်းမှ မော်တော် ယာဉ်ဝယ်ယူသူများသည် တခြားသူ၏ အသုံးပြီးတစ်ပတ်ရစ်ကားအား ပြန်လည်ဝယ်ယူခြင်းကြောင့် ခရီးနှုန်း ပမာဏ အနည်းငယ်သာအသုံးပြုထားသည့် ကားများကိုသာ ပို၍အလေးပေးရွေးချယ်မှုကြောင့်လည်းဖြစ်သည်။ ဂျပန်တစ်ပတ်ရစ်ကား လေလံဈေးကွက်တွင် ကီလိုမီတာနည်းသည့် ကားများမှာ လေလံအောင်ဈေးများပြား ကာ ကီလိုမီတာများသည့် ကားများမှာ လေလံအောင်ဈေးနည်းလေ့ရှိသည်။ ထို့အတွက် ပြည်တွင်းမှ မော်တော်ယာဉ် လုပ်ငန်းရှင်အချို့သည် ကီလိုမီတာများသည့် ကားများကိုဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူကာ ပြည်တွင်း ရောက်မှ ကီလိုမီတာလျှော့ချခြင်းဖြင့် ဈေးနှုန်း ကစားလေ့ရှိသည်။

🚖ပုံမှန်အားဖြင့် ၃ နှစ်မျှ အသုံးပြုထားသောကားများကို လေလံပစ်လေ့ရှိသည့် ဂျပန်လေလံကားဈေးကွက်တွင် ကီလိုမီတာ ၄သောင်းကျော် ၅သောင်းဝန်းကျင်ရှိသည့်ကားမှာ အလွန်းရှားလှသည်။ သို့သော် လက်ရှိ မြန်မာ နိုင်ငံ ကားဈေးကွက်တွင် ကီလိုမီတာ ၄ သောင်းဝန်းကျင်ကား အများအပြားတွေ့နိုင်သည်။ ထို့အတွက် ကားကို ဈေးနှုန်းချိုသာစွာ ရောင်းနိုင်ရန် ဝိတ်လျှော့မည်ဆိုပါက ကီလိုမီတာလျှော့ခြင်းသည် မဖြစ်မနေလုပ်ရသည့် အရာ တစ်ခုဖြစ်လာခဲ့သည်။

🚖ကားအဟောင်းထဲက အကောင်းကို ဘယ်လိုရှာဝယ်မလဲ

🚖ဤခေါင်းစဉ်ပါ အကြောင်းအရာနှင့် ပတ်သက်၍ ပြည်တွင်းကားဈေးကွက်မှ ကျွမ်းကျင်လုပ်ငန်းရှင်းများ၊ နားလည်တတ်ကျွမ်းသူများ၊ Printing နှင့် အွန်လိုင်းမီဒီယာအမျိုးမျိုးတို့ကြောင့် ကားဟောင်းဝယ်ရင် ဘယ်လို ဘယ်ပုံစံနဲ့ ဝယ်ယူရမည်ဆိုသည်ကို သိရှိပြီးသားဖြစ်ပေမယ့် ကားအဟောင်းဝယ်မယ်ဆိုပါက အသေချာဆုံးက တတ်သိနားလည်သည့် သူနှင့်သွားရောက်ကြည့်ရှုပြီးမှ ဝယ်ယူသင့်သည်။ ဂျပန်နိုင်ငံ၏ Cancelation စာရွက် ထက် ကားအားမျက်မြင်စစ်ဆေး၍ ကြည့်ရှု့ခြင်းက ပိုပြီးထိရောက်လှသည်။

🚖မြန်မာနိုင်ငံကို အမှိုက်ရှင်းစနစ်ဖြင့် တစ်ပတ်ရစ်ကားအပြင် တိုက်ကြေကားများပါ ထုတ်ရောင်းနေသော ဂျပန်နိုင်ငံမှ အသိမှတ်ပြု ထုတ်ပေး လိုက်သည့် Cancelation စာရွက်မှာလည်း ယုံကြည်ရရဲ့လားဆိုတာက သံသယဖြစ်စရာ ရှိလာခဲ့သည်။

🚖ထို့အပြင် ယနေ့လို အမျိုးမျိုးသော အတုအယောင်မျိုးပေါများသောခေတ်တွင် စာရွက်ငါးရွက်လောက်အား ပြင်ဆင်မှုအတွက် ခက်ခဲလှသည့်အရာ မဟုတ်ပေ။ ယင်းကြောင့် ကားဟောင်းဝယ်မည်ဆိုပါက ကျွမ်းကျင်နား လည်သူနှင့် မျက်မြင်စစ်ဆေးခြင်းက အဆင်ပြေဆုံးဖြစ်ပေလိ့မ်မည့်အပြင် ဝယ်ယူပြီးပါက ကားတစ်စီးလုံးအား ကားဝပ်ရှော့တွင် စစ်ဆေးမှု ပြုလုပ်သင့်သည်။ ကားတစ်စီလုံး ဝယ်ယူပြီးမှ စစ်ဆေးရန် မတွန့်တိုသင့်ပေ။ ဈေး သက်သက်သာသာဖြင့် ကားဝယ်မည်ဆိုပါက လက်ပူတိုက်ထားသည့် ကားများသာ ရရှိလိမ့်မည်လည်း ဖြစ် သည်။ ထို့အတွက် ပြည်တွင်းမှ ကားဟောင်းဝယ်ယူလိုသူများအနေဖြင့် မိမိပေးလိုက်ရသော တန်ဖိုးနှင့် ကိုက် ညီသည့် ကားကို ရရှိမည်ဖြစ်ခြင်းကြောင့် ကီလိုနည်းခြင်း၊ မနည်ခြင်းထက် Condition သန့်သော သင့်ရာကားများကိုသာ ရွေးချယ်ဝယ်ယူသင့်ပေသည်။ 
🚘🚘🚘🚘🚘
ကားချစ်သူ
Credit 》》
iCar Journal

Related Posts