Myanmar House Logo

Myanmar House

Real Estate in Myanmar

အိမ်ရှင်အိမ်ငှားပြဿနာကို တရားရုံးမှာဖြေရှင်းပြီးလို့ အိမ်ရှင်က အနေနိုင်ရခဲ့ပါတယ် ။ ဇာရီမှုနဲ့ ရဲ၊ တရား ရုံးတို့နဲ့ နှင်ထုတ်တော့ မအောင်မြင်ပါဘူး ။ တရားရုံးဆုံးဖြတ်ချက်က မလုပ်မဖြစ်ပါ ။ ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာ သိချင်ပါတယ် ။

December 16, 2022 237 views
အိမ်ရှင်အိမ်ငှားပြဿနာကို တရားရုံးမှာဖြေရှင်းပြီးလို့ အိမ်ရှင်က အနေနိုင်ရခဲ့ပါတယ် ။ ဇာရီမှုနဲ့  ရဲ၊ တရား ရုံးတို့နဲ့ နှင်ထုတ်တော့ မအောင်မြင်ပါဘူး ။ တရားရုံးဆုံးဖြတ်ချက်က မလုပ်မဖြစ်ပါ ။ ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာ သိချင်ပါတယ် ။

အိမ်ရှင်အိမ်ငှားပြဿနာကို တရားရုံးမှာဖြေရှင်းပြီးလို့ အိမ်ရှင်က အနေနိုင်ရခဲ့ပါတယ် ။ ဇာရီမှုနဲ့  ရဲ၊ တရား ရုံးတို့နဲ့ နှင်ထုတ်တော့ မအောင်မြင်ပါဘူး ။ တရားရုံးဆုံးဖြတ်ချက်က မလုပ်မဖြစ်ပါ ။ ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာ သိချင်ပါတယ် ။
=========================
ဒီမေးခွန်းကို မဖြေခင်မှာ ဇာရီအမှုတွေမှာ အတော်များများ တရားရုံးတွေက တရားနိုင်တွေရဲ့ ဘယ်လို သက် သာခွင့် ပေးရမလဲဆိုတာကို ထိရောက်အောင် မလုပ်နိုင်ဘူးဖြစ်နေပါတယ်။ ဒီမှာ အိမ်ရှင်အိမ်ငှားပဲဖြစ်ဖြစ်၊ ဝယ် လိုက်တာပဲဖြစ်ဖြစ် ၊ တရားနိုင်နဲ့တရားရှုံးနှစ်ယောက်ပေါ့ ။ တရားနိုင်က ၊ဒီအဆောက်အဦ ၊ ဒီမြေကို ရယူတော့ မယ် ဆိုရင် ပထမဦးဆုံးလုပ်ရမှာကတော့ ဘိလစ်ကဒ်သွားယူပြီး အကြေင်းကြားရမယ် ။ ပထမဦးဆုံးဖယ်ရှား ပေးပါ၊ ဘယ်နေ့ဘယ်ရက်မှာ ဖယ်ရှားပေးပါ၊ မဖယ်ရှားဘူးဆိုရင်တော့  အင်အားသုံးပြီးတော့ ဖယ်ရ တော့မယ် ဆိုပြီးတော့ တရားရုံးက လုပ်ရပါတယ်။

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁ နည်းဥပဒေ ၃၅အရ အကြောင်းကြားပြီး ဆွဲထုတ်ရပါတယ်။ အဲဒါကို မအောင် မြင်ဘူး၊ သူ့တို့ကလဲ ခုခံတယ်ဆိုရင် တချို့ကလဲ ဘယ် နည်းနဲ့မှ မဖယ်ပေးဘူးဆိုပြီးတော့ သေသေကြေကြေ ခုခံတာတွေရှိတယ်။ ရှိတဲ့အခါကျတော့ ရဲအင်အားနဲ့သွားတဲ့အခါ .. ရဲအင်အားယူသွားတာ အလှကြည့်ဖို့ ယူသွားတာမဟုတ်ပါဘူး။ အဲဒီမှာ အလုပ်လုပ်တဲ့အခါ  ဘိလစ် အရာရှိက လုပ်ငန်းဆောင်တာကို ကျွမ်းကျင်ဖို့ လိုတယ်။ ဥပမာ သူတို့ မဖယ်ပေးတော့ဘူးဆိုတော့ ဒီပါလာတဲ့ ရဲက အိမ်ထဲမှာဖြစ်ဖြစ် မြေထဲမှာဖြစ်ဖြစ်၊ အိမ် ထဲမှာ ရှိတဲ့လူတွေကိုဆွဲထုတ်ရမယ်၊ ပစ္စည်းတွေလည်း ဆွဲချပေး ရမယ်။ ဆွဲချပြီးတော့ အပြင်မှာပုံပေးရပြီးတော့ မယူလဲထားလိုက်တော့ ..အဲ့လိုလုပ်ရမယ်ဟာကို ရဲက ဒီအတိုင်း လက်ပိုက်ကြည့်နေမယ်။ အခုအတိုင်းဆိုရင် အလုပ်မဖြစ်ဘူးဆိုတော့ .. အဲဒီအခါမှာနှစ်မျိုးရှိတယ် ၊ဘာနှစ်မျိုး ရှိသလဲဆိုတော့ ဒီကရီအရ လိုက်နာရမယ့် တာဝန်ရှိတယ်၊ မူလ မလွဲမသွေ တစ်ခါတည်း ဆွဲချလိုက်ပါ။ တချို့ မဆိုင်ပဲ တက်နေတဲ့သူတွေရှိတယ်၊။ လိုက် နာဖို့ တာဝန်မရှိသူဆိုတဲ့ ပုဂ္ဂိုလ်များကျတော့ သီးခြားပုဒ်မနဲ့ အရေးယူလို့ ရတယ်။

တရားမကျင့်ထုံးဥပဒေပုဒ်မ ( ၅၁ ) ဆိုတာရှိပါတယ်၊ ပုဒ်မ ( ၇၄ ) ဆိုတာရှိပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ဒီက ရီအရ ဆောင်ရွက်တဲ့အခါမှာ ဟန့်တားနှောက်ယှက်သူကို အရေးယူတဲ့ပုဒ်မတွေပါ၊ အဲ့ဒါတွေက ထောင်တစ်လ ချလို့ရတယ် ။ နှောက်ယှက်သူကို  inquire လုပ်ပြီး သူတို့က ထောင်ချလိုက် ထောင်ချရုံနဲ့မပြီးသေးဘူး ။ တရား နိုင်ကို လက်ရောက်အပ်ရတယ် ။ အဲဒါကို ဒီပုဂ္ဂိုလ်က မဆောင်ရွက်ရသေးဘူးလား ဒါမှမဟုတ် ဆောင်ရွက် ရက်သားနဲ့ မရတာလား ။အဲဒီပြဿနာရှိတယ်။ အဲဒီတိုင်းမရဘူးဆိုရင်တော့ အထွေထွေအယူခံဆိုပြီးတော့ .. ဥပမာ ဒါက မြို့နယ်ရုံးဖြစ်တယ်ဆိုရင် ခရိုင်ကနေ တိုင်း၊ တိုင်းမှတဆင့် တရား လွှတ်တော်ချုပ်အဆင့်ဆင် ဇာရီ အမှုမှာ တောင်းဆိုပိုင်ခွင့်ရှိတယ်။ တရားရုံးချထားတဲ့ ဒီကရီ မပယ်ဖျက်သရွေ့ လုပ်ပိုင်ခွင့်ရှိပါတယ်။ တရားရုံးရဲ့ ဒီကရီက အတည်ပဲ ။ အစိုးရတစ်ရပ်သာပြောင်းသွားမယ် တရားရုံးရဲ့ ဒီကရီက ပြောင်းလို့မရဘူး။ တရားရုံးရဲ့ အနိုင်ဒီကရီဖြစ်ဖြစ်၊ အရှုံးဒီကရီဖြစ်ဖြစ် ဒီကရီက အတည်ပဲ လုပ်ကို လုပ်ပေးရတယ်။

#DVBlawlab #DVBtvnews #ဇာရီ
credit

Related Posts