Myanmar House Logo

Myanmar House

Real Estate in Myanmar

ပထမဇနီးကွယ်လွန်ပြီး တစ်ဦးတည်းကျန်ရှိသူက မွေးစားသည့် ကိတ္တိမမွေးစားသမီးသည် မွေးစားသူ၎င်း၏ဖခင် နောက်အိမ်ထောင်ပြု ချိန်တွင် မွေးစားသူဖခင်ထံမှ အမွေတောင်းပိုင်ခွင့် မရှိခြင်း.....

December 26, 2022 121 views
ပထမဇနီးကွယ်လွန်ပြီး တစ်ဦးတည်းကျန်ရှိသူက မွေးစားသည့် ကိတ္တိမမွေးစားသမီးသည်   မွေးစားသူ၎င်း၏ဖခင် နောက်အိမ်ထောင်ပြု ချိန်တွင် မွေးစားသူဖခင်ထံမှ အမွေတောင်းပိုင်ခွင့် မရှိခြင်း.....

ပထမဇနီးကွယ်လွန်ပြီး တစ်ဦးတည်းကျန်ရှိသူက
မွေးစားသည့် ကိတ္တိမမွေးစားသမီးသည်  
မွေးစားသူ၎င်း၏ဖခင် နောက်အိမ်ထောင်ပြု
ချိန်တွင် မွေးစားသူဖခင်ထံမှ အမွေတောင်းပိုင်ခွင့်
မရှိခြင်း......❌❌❌

❌❌❌❌❌❌❌❌❌❌❌❌❌❌❌❌

# မြန်မာဓလေ့ထုံးတမ်းဥပဒေအရ မိဘတစ်ဦးဦး
ကွယ်လွန်ပြီးနောက် ကျန်ရစ်သူမိဘ နောက်
အိမ်ထောင်ပြုလျှင် ကျန်ရစ်သူမိဘထံမှ အမွေ
တောင်းခွင်ရှိပေသည်။ အကယ်၍ ထိုကဲ့သို့ 
တောင်းခံခဲ့ခြင်းမရှိလျှင် မိရင်းဖရင်းသေဆုံး
သောအခါ မိထွေးပထွေးထံမှ အမွေတောင်း
ခွင့်ရှိပေသည်။ အကြောင်းမူကျန်ရစ်သူမိဘ
နောက်အိမ်ထောင်ပြုသည်ကို အကြောင်းပြု
ပြီး သားသမီးတို့က ထိုမိဘထံမှ အမွေ 
တောင်းခံခြင်းမှာ ကွယ်လွန်သူအမိ သို့မ
ဟုတ် အဖ၏ အမွေစားအမွေခံအဖြစ်ဖြင့်
တောင်းခံခြင်းဖြစ်သည်။ မိရင်းဖရင်းသေ
ဆုံးသွား၍ မိထွေး ပထွေး ထံမှ အမွေ
တောင်းခံခြင်းမှာမူ ကွယ်လွန်သွားသည့် 
မိရင်းဖရင်း၏ အမွေစားအမွေခံအဖြစ်ဖြင့်
တောင်းခံခြင်းဖြစ်သည်။

#အောက်ဖော်ပြပါအမှုတွင် တရားလိုသည် တရားပြိုင် တဦးတည်းကသာ မွေးစားခြင်းဖြစ်သဖြင့် တရား
ပြိုင်နောက်အိမ်ထောင်ပြုချိန်တွင် တရားလို
သည် ကွယ်လွန်သွားသော တရားပြိုင်၏ 
ဇနီးရခွင့်ရှိသည့် အမွေဝေစုကိုခွဲဝေပေးစေ
ရန် တောင်းဆိုခွင့်မရှိပေ။( မွေးစားဖခင်သေဆုံး
မှသာ မွေးစားဖခင်နှင့်နောက်အိမ်ထောင်ပြုသူ ထံမှ 
ဖခင်၏ ဝေစုကိုတောင်းခံခွင့်ရှိသည်။)

⚖ စီရင်ထုံး
************

                    ဒေါ်ခင်မာချိ ု

                        နှင့်

                   ဦးညွန့်မောင်
# ၂၀၁၈ခုနှစ်၊ တရားမအထူးအယူခံမှု၊ တရား
လွှတ်တော်ချုပ် စာ ၁၆။

### Aung Kyaw Htun ဥပေဒ

Credit ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts