Myanmar House Logo

Myanmar House

Real Estate in Myanmar

တိုက်ခန်းဝယ်လျှင် အခွန်ဆောင်ဖို့ လိုပါသလား

December 26, 2022 150 views
တိုက်ခန်းဝယ်လျှင် အခွန်ဆောင်ဖို့ လိုပါသလား

တိုက်ခန်းဝယ်လျှင် အခွန်ဆောင်ဖို့ လိုပါသလား

“တိုက်ခန်းအရောင်းအဝယ် မှာ အခွန်ဆောင်ရပါသလား”ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးလာပါသည်။

“တိုက်ခန်း ဝယ်ရောင်းလုပ်ဖို့ စိတ်ကူးလို့လား”

စာရေးသူက မိတ်ဆွေအား မေးလိုက်ခြင်းဖြစ်သည်။

“ဝယ်ရောင်းဆိုတဲ့ ရည်ရွယ် ချက်နဲ့တော့ မဟုတ်ဘူး။ ဒါပေ မယ့် အခုကာလက တိုက်ခန်းတွေ အဝယ်မလိုက်တော့ စျေးသင့်တာနဲ့ ဝယ်ထားမလားစိတ်ကူးလို့ပါ”

“မှန်ပါတယ်။ အရင်ကာလ ထက်တော့ အိမ်ခြံမြေတိုက်ခန်း တွေ အရောင်းအေးနေတာအမှန် ပဲ”

“အချို့က ပြောတော့ အိမ် ခြံ မြေ ဝယ်ရင် အခွန်ဆောင်တဲ့ အ တိုင်း တိုက်ခန်းဝယ်ရင်လည်း အ ခွန်ဆောင်ရမယ်လို့ ပြောတာနဲ့ သူ ငယ်ချင်းဆီလာဆွေးနွေးတာ”

“အေး၊ လောလောဆယ်က တော့ အခွန်ဆောင်ခြင်း၊ မဆောင် ခြင်းက အဓိက မဟုတ်ဘူး။ မိမိ ဝယ်မယ့် တိုက်ခန်းဟာ အရှုပ်အ ရှင်းကိစ္စတွေရှိ၊ မရှိ စုံစမ်းဖို့က အဓိကပဲ”

“အကြမ်းဖျင်းပြောပြပါဦး၊ ဘယ်အချက်တွေကိုစုံစမ်းမေးမြန်း ထားရမယ်ဆိုတာ”

“အခုဝယ်မယ်လို့ စဉ်းစား ထားတဲ့ အဆောက်အအုံက အ သစ်လား၊ လူနေပြီးသားတိုက်ခန်း တွေလား”

“အသစ်ပဲ၊ အခုမှ ဆောက် ပြီးတာ တစ်လခန့်ပဲရှိမယ် ထင် တယ်”

“ပထမဆုံး အချက်က မိမိဝယ်မယ့် တိုက်ခန်းဟာ ကန်ထရိုက်တာက အချိုးကျရရှိထား တဲ့ တိုက်ခန်းလား၊ မြေပိုင်ရှင်ရရှိ မယ့် တိုက်ခန်းလားဆိုတာ သိထား ဖို့လိုတယ်”

“ကန်ထရိုက်တာရမယ့် အခန်းများထဲက တစ်ခန်းကို ပြော တာပဲ”

“ကန်ထရိုက်တာ အခန်းဆို ရင်တော့ နည်းနည်းသတိထားဖို့ လိုတယ်၊ ဆောက်လုပ်ရေးလုပ်နေ စဉ် ငွေအရင်းအနှီးပြတ်သွား လို့ ပေါင်နှံထားတဲ့ အခန်းတွေရှိတတ် တယ်။ ရေမီးစုံ မစုံ၊ မော်တာ၊ မီ တာ သီးခြားစီရှိမရှိ စိစစ်ဖို့ လို တယ်”

“ရေက အဝီစိတွင်းလို့ ပြော တယ်။ တိုက်ခန်းတိုင်းမှာ မော်တာ တစ်လုံးစီ၊ မီတာတစ်ခုစီတပ်ပေး ထားတယ်လို့ သိရတယ်”

“အရေးကြီးဆုံးကတော့ လူ နေထိုင်ခွင့်အတွက် ခွင့်ပြုမိန့်၊ စာရွက်စာတမ်းရှိဖို့ပဲ သူငယ်ချင်း”

“အဲဒါတော့ မေးမထားမိဘူး”

“အေး-အဲဒါက အဓိကပဲ၊ လူ နေထိုင်ခွင့်မရသေးဘဲ တက်နေကြ တာ အများကြီးဖြစ်နေတယ်”

“လျှောက်ထားဆဲဆိုရင် ဖြစ် သလား”

“ဒါလည်း သေချာမေးကြည့် ဖို့လိုမယ်၊ လျှောက်ထားတဲ့ စာရွက် စာတမ်းတွေကြည့်ရရင်တော့ သေ ချာတာပေါ့”

“နေထိုင်ခွင့်မရဘဲနေမိရင် ဘာဖြစ်တတ်သလဲ”

“ဥပဒေကတော့ ဖယ်ရှားတဲ့ အထိလုပ်ပိုင်ခွင့်ရှိတယ်။ ဒဏ်ငွေ ဆောင်ပြီး နေထိုင်ခွင့်အမိန့် လျှောက်တာလည်းရှိပါတယ်”

“ဒါက ကန်ထရိုက်တာက လုပ်ပေးရမှာ မဟုတ်လား”

“ကန်ထရိုက်တာက ကုန်ကျ စရိတ်မခံနိုင်တာနဲ့ အခန်းတွေ အပ်ပြီး ထွက်သွားတာတွေ အမျိုး မျိုးရှိတယ်။ ဒီအချက်ကနောက် တော့ ထပ်ဆွေးနွေးတာပေါ့၊ အခု သူငယ်ချင်းပြောတဲ့ အခွန်အ ကြောင်း ဆွေးနွေးရအောင်”

“ကောင်းပါတယ် သူငယ် ချင်း”

“ပြည်ထောင်စု၏ အခွန်အ ကောက်ဥပဒေမှာ နိုင်ငံသားမည် သူမဆို၊ အခြေပစ္စည်း တစ်ရပ်ရပ် ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း ရယူခြင်းနှင့် လုပ်ငန်းသစ်တည် ထောင်ခြင်း၊ လုပ်ငန်းသစ်ထပ်မံ တိုးချဲ့ခြင်း ကိစ္စရပ်တွေမှာ အခွန် ကောက်ခံတဲ့ နှုန်းထားတွေ ပြဋ္ဌာန်း ထားတယ်”

“အခြေပစ္စည်းဆိုတာက ဘာ ကိုဆိုလိုတာလဲ”

“အိမ် ခြံ မြေ၊ တိုက်ခန်းကို ဆိုလိုတာဖြစ်တယ်။ ဒါကြောင့် တိုက်ခန်းဝယ်ရင် ဥပဒေအရတော့ အခွန်ပေးဆောင်ရမှာပဲဖြစ်တယ်”

“အချို့လည်း ဝယ်ခွန်မ ဆောင်ဘဲ နေကြတာတွေရှိတယ် မဟုတ်လား”

“မှန်ပါတယ်။ များသောအား ဖြင့် တိုက်ခန်းရောင်းဝယ်တဲ့အခါ မှာ ဝယ်ခွန်မဆောင်ဘဲနေကြတာ များပါတယ်။ မြေကွက်ကိစ္စတွေ က တော့ အမည်ပေါက်ပြောင်းမယ်ဆို ရင် ဝယ်ခွန်ဆောင်ပြီးသား ပြေစာ ပါမှ ဆောင်ရွက်ပေးတာဖြစ်လို့ မဖြစ်မနေဝယ်ခွန်ဆောင် ကြတာ ဖြစ်တယ်။ တိုက်ခန်းတွေမှာတော့ မဖြစ်မနေ ဝယ်ခွန်ဆောင်ရမယ့် တင်းကျပ်တဲ့ စည်းမျဉ်းလုပ်ထုံး လုပ် နည်းထုတ်ပြန် ထားတာမတွေ့ ရဘူး။ ဒီအချက်ကြောင့်လည်း ဝယ်ခွန်မဆောင်ဘဲ ရောင်းဝယ်နေ ကြတာဖြစ်တယ်”

“သက်ဆိုင်ရာဝန်ကြီးဌာန က မြေကွက်တန်ဖိုးစံနှုန်းသတ် မှတ်ပေးတာရှိတယ် မဟုတ်လား”

“ရှိတယ်၊ အဲဒီစံနှုန်းပေါ်မူ တည်ပြီး တန်ဖိုးဖြတ်တာဖြစ်တယ်”

“ဒီလိုဆိုရင် တိုက်ခန်းတွေကို စံနှုန်းထား သတ်မှတ်ပေးတာရှိမှာ ပေါ့”

“ရှိတာပေါ့၊ ရန်ကုန်တိုင်းအ တွင်းမှာရှိတဲ့ မြို့နယ်အလိုက် တိုက်ခန်းအထပ်ပေါ် မူတည်ပြီး တစ်စတုရန်းပေပေါ်မှာ တန်ဖိုးစံ နှုန်း သတ်မှတ်ပေးထားပါတယ်”

“ဝယ်ခွန်ဆောင်မယ်ဆိုရင် အခုသတ်မှတ်ထားတဲ့ စံနှုန်းအ တိုင်း ဆောင်ကြရမှာပေါ့”

“မှန်ပါတယ်။ ဝယ်ခွန်ဆောင် မယ်ဆိုရင် သက်ဆိုင်ရာ တန်ဖိုး ဖြတ်အဖွဲ့ထံ တိုက်ခန်းဝယ်ပြီး ရက် ပေါင်း (၃ဝ) အတွင်း လျှောက် ထား ရပါတယ်။ အဲဒီရက်ကျော်ရင် တော့ ဒဏ်ငွေပေးဆောင်ရမှာဖြစ် တယ်”

“အရောင်းအဝယ် စာချုပ် တင်ပြရတာပေါ့”

“မှန်ပါတယ်၊ အရောင်းအ ဝယ် စာချုပ်နဲ့အတူ ဝယ်သူကိုယ် တိုင်သွားရောက်ပြီး တန်ဖိုးဖြတ်ပေး ဖို့ လျှောက်လွှာဖြည့်စွက်တင်သွင်း ရမှာဖြစ်တယ်။ အခက်အခဲမရှိ အောင် သက်ဆိုင်ရာ အခွန်ရုံးက ညွှန်ကြားပြသ အကူအညီပေးသွား မှာဖြစ်တယ်”

“ဝယ်ခွန်ဆောင်ရင် ဘယ်လို အကျိုးကျေးဇူးရနိုင်မလဲ”

“ဒါကတော့ ရှင်းပါတယ်။ ပထမဆုံးအချက်ကတော့ ဝင်ငွေရ လမ်း မဖော်ပြနိုင်တဲ့ ငွေပမာဏက ငွေဖြူအဖြစ် ရရှိသွားမှာဖြစ်ပါ တယ်”

“ပြန်ရောင်းရင်ဘယ်လိုဖြစ်နိုင်သလဲ”

“ပြန်ရောင်းရင်တော့ ဝယ်စဉ်က သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ ရောင်းစဉ်က ရရှိတဲ့အမြတ်အစွန်းမှာပဲ ၁ဝ ရာခိုင် နှုန်း ဆောင်ရမှာ ဖြစ် တယ်။ ရောင်းရငွေပေါ်မှာ ဆောင်ရ မှာမဟုတ်ဘူး”

“ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ရင်တော့ ဝယ်ခွန်ဆောင်တာ က ကောင်းတာပေါ့နော်”

“မှန်ပါတယ်။ အချို့တိုက်ခန်းတွေမှာ ပေါင်နှံထားတာ တွေ၊ အရောင်းထပ်နေတာတွေ ဖြစ်တတ်တယ်။ အဲဒီလို အခြေအနေမျိုးမှာ ဆိုရင် ဝယ်ခွန်ပေးဆောင်ထားသူက ပိုင်ဆိုင်ခွင့်ရမှာမို့ အကောင်းဆုံးကတော့ ဝယ်ခွန်ပေး ဆောင်ထားကာ အကောင်းဆုံးပဲ သူငယ်ချင်း”ဟု အကြုံပြု ဆွေးနွေးပေးလိုက်ပါသည်။

ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်

Related Posts