Myanmar House Logo

Myanmar House

Real Estate in Myanmar

အိမ်တွေ၊ အဆောက်အဦတွေဆောက်တဲ့အခါမှာ မဖြစ်မနေသတိထားစစ်ဆေးရမဲ့အခြေအနေတွေရှိပါတယ်။ ဒါတွေကို သင်သိပြီးပြီလား။

December 27, 2022 144 views
အိမ်တွေ၊ အဆောက်အဦတွေဆောက်တဲ့အခါမှာ မဖြစ်မနေသတိထားစစ်ဆေးရမဲ့အခြေအနေတွေရှိပါတယ်။  ဒါတွေကို သင်သိပြီးပြီလား။

အိမ်တွေ၊ အဆောက်အဦတွေဆောက်တဲ့အခါမှာ မဖြစ်မနေသတိထားစစ်ဆေးရမဲ့အခြေအနေတွေရှိပါတယ်။ 
ဒါတွေကို သင်သိပြီးပြီလား။ 
.
သင့်စိတ်ကူးအတိုင်း ပြီးဆုံးသည်ထိတည်ဆောက်နိုင်ပြီး လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့အတွက်
နံပါတ် (1)အနေနဲ့ ဆောက်လုပ်ခွင့်ပြုချက်ရှိမရှိစစ်ဆေးဖို့လိုပါတယ်။
.
🟢ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီ၏ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ဆောက်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်း (သို့မဟုတ်)
🟢ဆောက်လုပ်ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်လုပ်ခြင်း
ဒါတွေဟာ ဆောက်လုပ်ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ခြင်းဖြစ်ပါတယ်။
ဒီလိုဆိုရင်တော့ ဆောက်လက်စနဲ့တင် ရပ်ဆိုင်းခြင်းခံရနိုင်ပါတယ်။
.
နံပါတ်(2)အချက်ကတော့ မြေပိုင်ဆိုင်မှုအထောက်အထားမှန်ကန်မှုရှိမရှိကို စစ်ဆေးဖို့လိုအပ်ပါတယ်။
.
မြေပိုင်ဆိုင်မှု အမျိုးအစားပေါ်မူတည်ပြီး လိုအပ်တဲ့ အထောက်အထားပြစာရွက်စာတမ်းတွေက ကွဲပြားမှုရှိနိုင်ပါသည်။
ဒါကြောင့် ရောင်းချသူဆီကနေ မြေပိုင်ဆိုင်မှုအထောက်အထားအပြည့်အစုံကို စုံစုံလင်လင်တောင်းယူပြီး သေချာ စစ်ဆေးသင့်ပါတယ်။
ဂရန်မြေ၊ ပါမစ်မြေ ၊ ဘိုးဘွားပိုင်မြေ ပိုင်ဆိုင်မှုမှန်ကန်တယ်ဆိုရင်တော့ ဖျက်သိမ်းခံရခြင်း မရှိနိုင်ပါဘူး။
🟢မြေပိုင်ဆိုင်မှု အထောက်အထားလည်းမှန်ကန်မယ်။
🟢တရားဝင်ဆောက်လုပ်မှုအတွက် အာမခံကြေးလည်းသွင်းထားတယ်ဆိုရင်တော့ ဖျက်သိမ်းခံရခြင်းမှ ကင်းလွတ်နိုင်ပါတယ်
တည်ဆောက်နေစဉ်အတွင်း Project ဖျက်သိမ်းခံရနိုင်တဲ့ အချက် (2) ချက်အကြောင်းကိုပြောပြခဲ့ပြီးပြီဆိုတော့ ဒီနေ့မှာ ကျန်ရှိနေတဲ့အချက်ကိုဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
.
အိမ်နဲ့အဆောက်အဦ‌ဆောက်တဲ့အခါမှာ မဖြစ်မနေစစ်ဆေးသင့်တဲ့ နံပါတ် (3) အချက်ကတော့
.
🟢ခွင့်ပြုမိန့်သက်တမ်းကုန်ဆုံးခြင်း (သက်တမ်းထပ်မံတိုးခြင်းမပြုလုပ်ပါက)
ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီကနေ ခွင့်ပြုမိန့်ရထားတယ်ဆိုရင် ဆောင်ရွက်ခွင့်ရပြီသားလုပ်ငန်းများကို စတင်လို့ရပါပြီ။
အကယ်လို့ ခွင့်ပြုမိန့်ရပြီး တစ်နှစ်အတွင်း လုပ်ငန်းဆောင်ရွက်ခြင်းမရှိပါက Project ဖျက်သိမ်းခံရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် Project ရွေ့ဆိုင်းခြင်း၊ ရပ်ဆိုင်းခြင်းတွေ ရှိခဲ့ရင်လည်း ခွင့်ပြုမိန့်ပျက်ပြယ်သွားမှာဖြစ်ပါတယ်။ ခွင့်ပြုမိန့်ရထားပြီး ၁ နှစ်အတွင်း အပြီးမဆောက်လုပ်နိုင်ရင်တော့ ရက် (၃၀) အတွင်း သက်တမ်းတိုးလျှောက်ရမှာဖြစ်ပါတယ်။
.
နောက်ဆုံးအချက် နံပါတ် (၄)ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏စည်းမျဉ်း ဥပဒေနှင့် ညီညွတ်မှုရှိမရှိ စစ်ဆေးဖို့လိုအပ်ပါတယ်။ အောက်ပါအချက်တွေထဲက တစ်ခုကိုတွေ့ရှိရင်တော့ အဆောက်အအုံဆောက်လုပ်ခြင်းကို ဆိုင်းငံ့ခြင်း (သို့မဟုတ်) ပယ်ဖျက်ခြင်း ပြုလုပ်နိုင်ပါသည်။
.
🟢(က) အဆောက်အအုံ‌ဆောက်လုပ်ရန် (သို့မဟုတ်) ထမ်မံဆောက်လုပ်မဲ့ မြေပိုင်ဆိုင်မှုသည် တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းခြင်း၊ ပိုင်ဆိုင်မှုအငြင်းပွားခြင်း။
.
🟢(ခ) လမ်းတည်‌နေရာ နှင့် ဦးတည်ချက်ကို သတ်မှတ်ပြဌာန်းခြင်းမပြုရသေးတဲ့ ရန်ကုန်မြို့တော်၏မြေနေရာအစိတ်ပိုင်းမှာ အဆောက်အအုံဆောက်လုပ်ရန် လျှောက်ထားခြင်း။

(အဆိုပါ ဆောက်လုပ်မည့်‌နေရာသည် ရန်ကုန်မြို့တော်၏ဖောက်လုပ်ရန် လျာထားသော လမ်းများအတွက် သော်လည်းကောင်း၊ ရေမြောင်း ရေပေး‌‌‌ဝေ‌မှု (သို့မဟုတ်) လေဝင်လေထွက် အခြေအနေတို့အတွက်သော်လည်းကောင်း အတားအဆီး အနှောက်အယှက်ဖြစ်မည်ဟု ထင်မြင်ယူဆခြင်း။)
.
🟢(ဂ) ကျန်းမာရေးနှင့်မညီညွတ်သော မြေနေရာဖြစ်နေခြင်း။
.
🟢(ဃ) ကော်မတီက သတ်မှတ်ထားသော ပုံစံနှင့် မကိုက်ညီသည့် မြေနေရာ ဖြစ်နေခြင်း။
.
ဒါကြောင့် လူကြီးမင်းအနေနဲ့ အဆောက်အဦဆောက်တဲ့အခါမှာ ဒီအချက်တွေကို မဖြစ်မနေသေသေချာချာ စစ်ဆေးဖို့၊ သိထားဖို့လိုအပ်ပါတယ်။
#tccb
#credit
#building

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts