Myanmar House Logo

Myanmar House

Real Estate in Myanmar

နှစ်ရှည်အငှားဂရန် (Long Term Lease)

December 28, 2022 121 views
နှစ်ရှည်အငှားဂရန် (Long Term Lease)

နှစ်ရှည်အငှားဂရန် (Long Term Lease)
=============================
လျှောက်ထားသော မြေကွက်ပေါ်မှာ တာရှည်ခိုင်ခံတဲ့ တိုက် တာ၊ အိမ်၊ အဆောက် အအုံတွေ အခိုင်အမာဆောက်လုပ်ထား ခဲ့မယ်ဆိုရင် နှစ်ရှည် ဂရန်ချ ထားပေးရမှာဖြစ်ပါတယ်။ ဂရန်ပုံစံက သက်တမ်းကုန်ရင် အသစ်လဲလှယ်ပေးခွင့်ရှိတဲ့ ဂရန်နဲ့ အသစ်လဲလှယ်ခွင့်မရှိတဲ့ ဂရန်အတွက် ပုံစံခွဲခြားပေးရပါ တ ယ်။ ဂရန်သက်တမ်းက သာမာန်အားဖြင့်တော့ တစ်ကြိမ်ခွင့်ပြုရင် နှစ် ၃၀ အထိဖြစ်ပါတယ်။ နှစ် ၃၀ ဂရန်ကို အနှစ် ၃၀ သက်တမ်းကုန်ဆုံးတိုင်း အသစ်လဲလှယ်ပိုင်ခွင့်ရှိတဲ့ (With the power of Renewal up to Ninety years) ဂရန်နဲ့ အနှစ် ၃၀ ပြည့်တာနဲ့ သက်တမ်းထပ်မံပြီး လဲလှယ်ခွင့်မရှိဘဲ သက်တမ်းကုန်ဆုံးတဲ့ (Without the power of Renerwal) အသစ်လဲလှယ်ပိုင်ခွင့် မရှိတဲ့ဂရန်ဆိုပြီး နှစ်မျိုးခွဲခြားပါတယ်။

အနှစ် ၃၀ သက်တမ်းကုန်ဆုံးတိုင်း (With the power of Re newal up to Ninety years) အသစ်လဲလှယ်ပိုင်ခွင့်ရှိတဲ့ ဂရန်ဖြစ်ရင်တော့ အနှစ် ၉၀ တိုင်အောင် နောက်ထပ်နှစ်ကြိမ်တိုင်တိုင် လဲလှယ်ပိုင်ခွင့် ရှိပါတယ်။ ဒီဂရန်မျိုးဟာ နှစ် ၉၀ အထိ ပေးတယ်လို့ ဆိုပေမဲ့လည်း တောက်လျှောက်ပေးတာမျိုးမဟုတ်ပဲ နှစ် ၃၀ စီ လီပြီး  ပေးသာဖြစ်ပါတယ်။ နှစ် ၃၀ သက်တမ်းကုန်ဆုံးသွားရင် အသစ်ထပ်မံလျှောက်ထားဖို့ မလိုပဲ တစ်ကြိမ်ကို နောက်ထပ် နှစ် ၃၀စီ သက်တမ်း တိုးခွင့်ကိုပဲ လျှောက်ရပါမယ်။ သက်တမ်းလာတိုးတာကို ငြင်းပယ်ခွင့် မရှိပါဘူး။ ဂရန်ချပေးတဲ့ ပုံစံက Land Revenue II /Lease I & I(a) Form of Town Land with the Power of Renewal up to Ninety Years ဖြစ်ပါတယ်။

အနှစ် ၃၀ သက်တမ်း ကုန်ဆုံးတာနဲ့ သက်တမ်း ထပ်မံလဲခွင့် မရှိဘဲကုန်ဆုံးသွားတဲ့ (Without the Power of Renewal) အသစ်လဲလှယ်ပိုင်ခွင့် မရှိတဲ့ ဂရန် ဖြစ်ရင်တော့ သက်တမ်း ကုန်ဆုံးတဲ့ နှစ် ၃၀ ပြည့်တိုင်း ဂရန်အသစ် ပြန်လျှောက်ရမှာ ဖြစ်ပါတယ်။

ဂရန်သက်တမ်းအသစ်လျှောက်ထားမှုကို မြေအငှားချပိုင်ခွင့် ရှိသူက ငြင်းချင်လည်း ငြင်းနိုင်၊ အသစ် ထပ်ပေးချင်မှလည်း ပေးနိုင်တဲ့ ဂရန်ဖြစ်ပါတယ်။ 
(အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ ၇ အရ)

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှု လုပ်ငန်း

Credit ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts