Myanmar House Logo

Myanmar House

Real Estate in Myanmar

နှစ်တို အငှားဂရန် (Long of Short Term)

December 28, 2022 149 views
နှစ်တို အငှားဂရန် (Long of Short Term)

နှစ်တို အငှားဂရန် (Long of Short Term)
==============================

မြေပေါ်မှာ အတော်အသင့် တောင့်တင်းခိုင်မာမှု ရှိပြီး သင့်လျော်တဲ့ သက်တမ်းပမာဏနေထိုင် အသုံး ပြုနိုင်မယ့် အ ဆောက်အအုံဆောက်လုပ်ထားခြင်း သို့မဟုတ် ယင်းမြေကွက်ဟာ အရင်ကလိုင်စင် သို့ မဟုတ် ကျူးကျော်အဆင့်သာ သတ် မှတ်ထားခဲ့ရာက အခုမှ ဂရန်စတင်ပေးဖို့ကြံရွယ်တာဖြစ်ရင် နှစ်တိုဂရန်ပဲချထားပေးရမှာဖြစ်ပါတယ်။ ခွင့်ပြုကာလ ၁၀နှစ်ကနေ ၁၅ နှစ်အတွက်ကာလတို ချထားနိုင်ပါတယ်။

ဒီအငှားဂရန်မှာလည်း ဂရန်သက်တမ်း ကုန်ဆုံးတိုင်း အသစ်ပြန်လျှောက်ရမယ့် ဂရန် (Without power of Renewal) အမျိုးအစားဖြစ်ပါတယ်။ သက်တမ်းကုန်ရင် အသစ်ထပ်ပေးမယ်လို့ အာမတော့ မခံပါဘူး။

အသုံးပြုရတဲ့ ပုံစံက Land Revenue 2 / L.B Lease 1& 1(1); Form of Lease for Short Term without Power of Renewal under the Lower Eurma Town and Village Lands Act ဖြစ်ပါတယ်။

(အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ နည်း ဥပဒေ ၈ နှင့် ၂၉ အရ)

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှု လုပ်ငန်း

Credit ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts