Myanmar House Logo

Myanmar House

Real Estate in Myanmar

ဆီစားတိုင်း မကောင်းဘူးဆိုတာ ဟုတ်ရဲ့လား

December 28, 2022 290 views
ဆီစားတိုင်း မကောင်းဘူးဆိုတာ ဟုတ်ရဲ့လား

"ဆီလျှော့စားပါ " ဆိုတဲ့စကားကို ပတ်ဝန်းကျင်မှာ အမြဲလိုလို ကြားရတဲ့အခါ ၊ ကျန်းမာရေးဗဟုသုတတွေ ဖတ်ပြီး မြင်ပါများလာတဲ့အခါ လူတွေအတွက် "ဆီ" ဟာ ကြောက်စရာလို ဖြစ်လာပါတယ်။ တကယ်တော့ ခန္ဓာကိုယ်ဟာ စွမ်းအင် ၊ အနွေးဓာတ် နဲ့ တစ်ချို့သောဗီတာမင်တွေကို စုပ်ယူဖို့အတွက် အဆီဓာတ်လိုအပ်ပါတယ်။

၂၀၀၁ ခုနှစ်မှာ အဆုံးသတ်ခဲ့တဲ့ ၈နှစ်ကြာလေ့လာမှုတစ်ခုမှာ အမျိုးသမီး ၅၀,၀၀၀ ကို လေ့လာတဲ့အခါ အဆီနည်းတဲ့ အစားအစာကို စားပေမယ့် နှလုံးရောဂါ၊ ရင်သားကင်ဆာ ၊ အူမကြီးကင်ဆာဖြစ်နိုင်ချေ သိသိသာသာ လျော့ကျတာ မရှိဘူးဆိုပါတယ်။ ၂၀၀၇ ခုနှစ် လေ့လာမှုတစ်ခုအရ အဆီနည်းတဲ့ အစားအစာတွေကို စားသုံးတဲ့ အမျိုးသမီးတွေမှာ မျိုးမပွားနိုင်တဲ့ ပြဿနာ ဖြစ်နိုင်ချေ ပိုများကြောင်း နဲ့ အဆီများတဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးခြင်းက မွေးရာပါ မျိုးမပွားနိုင်မှု (မျိုးဥမထွက်တာမျိုး) ကို ကြုံတွေ့ရနိုင်ခြေ နည်းပါးစေတယ်လို့ ဆိုပါတယ်။



ဒါဟာ ဘာလဲဆိုရင် အဆီတွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကောင်းတဲ့အဆီနဲ့ မကောင်းတဲ့အဆီဆိုပြီး ရှိတဲ့အတွက်ကြောင့်မို့ အဆီအားလုံးကို ရှောင်ရမှာ ၊ အဆီတိုင်းကို ကြောက်ရ ရှောင်ရမှာ မဟုတ်ဘဲ ပြည့်ဝဆီတွေ ၊ အဆီတုတွေ (စားအုန်းဆီကို ဓာတုအနံ့ရောခြင်း ၊ ပဲဆီတု ၊ နှမ်းဆီတု စသည်ဖြင့်) ကို ရှောင်ကြရမှာဖြစ်ပါတယ်။ ဒီအဆီတွေကသာ ကိုယ်အလေးချိန်တိုးတာ ၊ သွေးကြောတွေပိတ်ဆို့တာ နဲ့ အချို့သောရောဂါတွေ ဖြစ်နိုင်ခြေကို တိုးမြင့်စေတာပါ။ 

အခွံမာသီးနဲ့ဟင်းသီးဟင်းရွက်ဆီတွေမှာ တွေ့ရတဲ့ Monounsaturated fats (မပြည့်ဝဆီ) ကတော့ နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ဆော်လမွန်ငါးလို အိုမီဂါ-၃ ဖက်တီးအက်ဆစ် ပိုလီမပြည့်ဝဆီများတွေက နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်တာကြောင့် ရှောင်ကြည်ဖို့ မလိုအပ်ပါဘူး။မပြည့်ဝဆီများနဲ့ ကောင်းတဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ်အဆီတွေက ကျန်းမာရေးနဲ့ ညီညွတ်ပြီး အထောက်အကူပြုတဲ့ ဆီတွေ ဖြစ်ပါတယ်။

Monounsaturated fats နဲ့ polyunsaturated fats တွေဟာ ကောင်းတဲ့ အဆီတွေဖြစ်ပြီး နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကို လျှော့ချပေးပါတယ်။မကောင်းတဲ့ LDL ကိုလက်စထရောအဆင့်ကိုနိမ့်စေပြီး ကောင်းတဲ့ HDL ကို တိုးမြင့်စေတာကြောင့် နှလုံးရောဂါနဲ့ ဆက်စပ်ရောဂါတွေ ဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ဒါ့အပြင် ဆာလောင်မှုကို လျှော့ချပေးပြီး ကိုယ်အလေးချိန်ကိုပါ လျော့ကျစေပါတယ်။

Monounsaturated fat (မပြည့်ဝဆီ) တွေဟာ သံလွင်ဆီ ၊ မြေပဲဆီ ၊ နှမ်းဆီ ၊ ထောပတ်သီး ၊ အခွံမာသီးတွေမှာ ပါဝင်ပါတယ်။ Polyunsaturated fat (မပြည့်ဝဆီ)မှာတော့ နေကြာ၊ နှမ်း ၊ ရွှေဖရုံစေ့ ၊ နှမ်းကြတ်စေ့ ၊ သစ်ကြားသီး ၊ အဆီများသောငါးများ (ဆော်လမွန်၊ တူနာ) ၊ ပဲပုပ် ၊ ပဲနို့ နဲ့တို့ဟူးတွေမှာ ပါဝင်တာကြောင့် ဒီက ရတဲ့ အဆီတွေဟာတော့ စားသုံးသင့်တဲ့ အဆီတွေ ဖြစ်ပါတယ်။

Credit to original uploader

Related Posts