Myanmar House Logo

Myanmar House

Real Estate in Myanmar

စရန်ငွေ ပေးထားရုံနှင့် အရောင်းအဝယ် အတည်မဖြစ်ခြင်း

December 30, 2022 201 views
စရန်ငွေ ပေးထားရုံနှင့် အရောင်းအဝယ် အတည်မဖြစ်ခြင်း

စရန်ငွေ ပေးထားရုံနှင့် အရောင်းအဝယ် အတည်မဖြစ်ခြင်း

မိတ်ဆွေတစ်ဦးသည် ကျွန် တော့်ရုံးခန်းသို့ ရောက်ရှိလာပြီး သူ ၏ ပြဿနာတစ်ခုကို ဆွေးနွေး လာပါသည်။

“ငါ့မိသားစု ငှားရမ်းနေထိုင် တဲ့ မြေနဲ့အိမ်ကို ပြန်ဝယ်ထား တယ်ကွာ”

“ဒီတော့ ဘာပြဿနာပေါ် လာလို့လဲ”

“အရောင်းအဝယ် စရန်ငွေပေး စာချုပ်လည်းချုပ်ဆိုထားတယ်။ ပြီးတော့ စရန်ငွေလည်း ပေးထားတယ်”

“ရောင်းဖိုးငွေ အကြေပေးရမယ့် ရက်ကိုတော့ သတ်မှတ်ထားမှာပေါ့”

“ငွေအကြေပေးဖို့ရက်တော့ သတ်မှတ်ထားတယ်၊ ဒါပေမယ့် ငါက နယ်ဘက် စီးပွားရေးသွားလုပ် နေတော့ သတ်မှတ်ရက်ကျော် သွားတယ်။ ငွေကလည်း ချက်ချင်းအ ဆင်မပြေဘူး။ နှုတ်နဲ့တော့ ရက် ထပ်တိုးပေးပါလို့ ပြောထားတာရှိ တယ်။ စာရွက်စာတမ်း နဲ့တော့ ရေးမထား လိုက်မိဘူး။ အခုအိမ်ကနေ ဖယ်ပေးဖို့ အကြောင်းကြားစာ ပို့ လို့ သူငယ်ချင်းဆီ လာဆွေးနွေး တာပဲ”

“မင်းတို့ အရောင်းအဝယ် စရန်ငွေပေးပြီး နောက်ပိုင်းမှာ အိမ် ရှင်ကို အိမ်လခတွေ ဆက်ပေး သေးသလား”

“အစ တစ်လနှစ်လတော့ ပေး ဖြစ်သလား မသိဘူး။ နောက်တော့ မပေးဖြစ်တော့ဘူး”

“စရန်ငွေပေးတဲ့ ရက်နဲ့၊ ငွေ အကြေပေးမယ့် ရက်က ဘယ် လောက်ကွာခြားထားလဲ”

“ဒုတိယရစ်နဲ့ တတိယရစ်ခွဲ ပေးဖို့ ကျန်တယ်။ တစ်ရစ်စီကို သုံး လစီကာလခြားထားတယ်”

“ဒုတိယရစ်အတွက် သုံးလ ကြာတော့ ငွေချေခဲ့သေးလား”

“ဒုတိယရစ်ကာလမှာ ငွေမချေဖြစ်ခဲ့ဘူး။ နောက်ဆုံးရစ်မှ ပေါင်းပြီး ငွေချေပါမယ်လို့ ပြော ထားခဲ့တယ်”

“အခုတတိယအရစ်ကာလ ထိ ငွေမချေပေးနိုင်ခဲ့ဘူးပေါ့”

“ဒီသဘောမျိုးဖြစ်နေတာ ပေါ့၊ ငါလည်းရပ်ကွက်အုပ်ချုပ်ရေး မှူးထံသွားပြီး ညှိနှိုင်းပေးဖို့ပြောတယ်၊ ဒါပေမယ့် ညှိနှိုင်းမယ့်ရက် မှာ အိမ်ရှင်တွေက ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးကို မလာကြဘူး။ အခုတရားစွဲမယ်လို့ အကြောင်း ကြားစာပို့လိုက်တာပဲ”

“ရပ်ကွက်ရုံးမှာ ညှိနှိုင်းမယ့် ရက်က သူငယ်ချင်းအနေနဲ့ ရောင်း ဖိုးငွေ အပြီးချေဖို့ ငွေထုပ်ယူမသွား ဘူးလား”

“ငွေထုပ်တော့ ယူမသွားဘူး၊ အိမ်ရှင်နဲ့ ပြေလည်တာနဲ့ ပေးမယ် လို့ ရည်စူးထားပါတယ်”

“သူငယ်ချင်းပြောစကားအရ တော့ သတ်မှတ်ရက်အတွင်း ငွေ အပြီး ချေဖို့ ကိုယ့်ဘက်က ပျက် ကွက်တာတော့ ရှိနေတယ်”

“စရန်ငွေပေးပြီးသားပဲကွာ၊ တို့နေပိုင်ခွင့်ရှိနေတာပဲ မဟုတ်လား၊ တချို့ဆို စရန်ငွေပေးထားပြီး တခြားလူကို ရောင်းစား ပစ်တာတွေ ရှိတာပဲ၊ တို့က အလွဲသုံးစားလုပ် တာမှ မဟုတ်ဘဲ၊ မှန်မှန်ကန်ကန် ငွေပေးချေမှာပဲလေ”

“အဲသည်လို ပြောရင်လည်း ဟုတ်သလိုပဲပေါ့၊ ဒါပေမယ့် ဥပဒေ အရတော့ ပစ်္စည်းကို အရောင်းအ ဝယ်ပြုကြတဲ့အခါ ဝယ်သူက သတ်မှတ်ရက်အတွင်း ငွေအပြီး မချေခဲ့ဘူးဆိုရင် ရောင်းသူဘက်က အရောင်းအဝယ်ကို ပယ်ဖျက်ခွင့်ရှိ တယ် သူငယ်ချင်း”

ဒါနဲ့ ပတ်သက်လို့ “ဒေါ်အမ နှင့် ဒေါ်ခင်လှစိန် ၁၉၉၇ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာ မျက်နှာ ၁၄၀”မှာ လမ်းညွှန် ဆုံး ဖြတ်ထားတာက-

ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၅၅ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။ ပဋိညာဉ်တွင် ကိစ်္စတစ်ရပ်နှင့် ပတ်သက်၍ သတ် မှတ်သည့်အချိန်တွင် ဆောင်ရွက် ရန် ကတိပြုထားပြီး ဆောင်ရွက် ရန်ပျက်ကွက်ရာတွင် အချိန်သည် ပဋိညာဉ်၌ အဓိက အချက်ဖြစ် ကြောင်း ပဋိညာဉ်ပြုကြသူနှစ် ဘက်လုံးမှ ရည်ရွယ်ပြီးဖြစ်ပါက ပဋိညာဉ်အတိုင်း မဆောင်ရွက်ရ သည်များအတွက် ကတိရသူ၏ ဆန်္ဒအတိုင်း ပျက်ပြယ်စေလိုက ပျက်ပြယ်ခွင့်ရှိသည်။

ဤအမှုတွင် တရားလိုနှင့် တရားပြိုင်တို့သည် အချင်းဖြစ်မြေ ကို အရောင်းအဝယ် ပြုလုပ်ရန် စရန်ပေး ကတိစာချုပ်ပြုလုပ်ခဲ့ ကြပြီး၊ ဝယ်သူက ရောင်းသူအား စရန်ငွေကျပ် နှစ်သိန်းပေးပြီး နောက်၊ ကျန်ငွေကျပ် လေးသိန်းကို ကတိစာချုပ်တွင် သတ်မှတ်ထား သည့် ၃၁-၈-၈၇ နေ့တွင် ပေးချေ ရန် ပျက်ကွက်ခဲ့သည်မှာ နှစ်ဘက် အငြင်းမပွားသည့် အချက်ဖြစ် သည်။ ဝယ်သူသည် ပဋိညာဉ်အ တိုင်း ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ သည်။

ပေးသွင်းထားသည့် စရန်ငွေ သည် ရောင်းကြေးအတွက် တစ် စိတ်တစ်ဒေသအားဖြင့် ပေးသွင်းခဲ့ ခြင်းဖြစ်လျှင် ရောင်းသူသော် လည်းကောင်း၊ ဝယ်သူသော်လည်း ကောင်း၊ ပဋိညာဉ်အတိုင်း ဆောင် ရွက်ရန် ပျက်ကွက်ပါက ထိုငွေကို ပေးသွင်းထားသူ အား ပြန်လည် ပေးအပ် ရမည်ဖြစ်သည်။ သို့သော် ထိုပေးသွင်းငွေမှာ အာမခံသဘော အဖြစ် ပေးသွင်းထားခြင်းဖြစ်လျှင် ဝယ်သူ ပျက်ကွက် ပါက ထိုငွေကို ပြန်လည်ရရှိနိုင်မည်မဟုတ်ပေဟု ဆုံးဖြတ်ထားပါတယ်။

“ဒါကြောင့် သတ်မှတ်ရက်မှာ ငွေအကြေချေဖို့ ဝယ်သူမှာ တာဝန် အပြည့်ရှိတယ် သူငယ်ချင်း”

“ဒါဆိုရင် စရန်ငွေပေးထား တာက ဘာမှအခွင့်အရေးမရသ လို ဖြစ်မနေဘူးလား”

“ဥပဒေက ဒီသဘောတော့ မဟုတ်ဘူး၊ ဝယ်သူက သတ်မှတ် ရက်မှာ အမှန်တကယ်ပေးဖို့ အစီ အစဉ်ရှိခဲ့တယ်ဆိုရင်တော့ အ ရောင်းအဝယ် မပျက်ဘူး၊ ဒါနဲ့ ပတ် သက်လို့ တရားရုံးချုပ်က ဆုံးဖြတ် ထားတဲ့ အမှုကို ပြောပြမယ်”

“ဦးသောင်းထွန်းပါ နှစ်ဦးနှင့် ဒေါ်မြသောင်း (၎င်းင်း၏ ကိုယ်စား လှယ် လွှဲအပ်ခြင်းခံရသူ ဦးတင် ဟန်) ၂၀၀၀ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ ၂၇၃” မှာ ဦးသောင်းထွန်းတို့သည် ခွင့်ပြု ချက်အရ နေထိုင်သူများဖြစ်ပြီး အ ချင်းဖြစ်မြေနှင့် အိမ်ကို ဝယ်ယူရန် စရန်ငွေကျပ် တစ်သိန်းပေးချေ ထားပြီး ကျန်ငွေကို ဆက်လက်ပေး ရန် ပျက်ကွက်ကြောင်း တွေ့ရ သည်။

မရွှေ့မပြောင်းနိုင်သော ပစ်္စည်းကို ဝယ်ယူသူသည် အခြား အချက်များအပြင် ပဋိညာဉ်ကို တစ်ပိုင်းတစ်စဆောင်ရွက်သည့် အနေဖြင့် ပစ်္စည်းကို လက်ရောက်ရ ယူရထားပြီး ပဋိညာဉ်အရ မိမိအ ပေါ်ကျရောက်သည့် တာဝန်ကို ဆောင်ရွက်ရန် အာသီသ ရှိ ကြောင်း ပေါ်ပေါက်မှသာလျှင် မှတ်ပုံမတင်စေကာမူ ပစ်္စည်းလွှဲ ပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၅၃ (က)အရ အကာအကွယ်ကို ရရှိ နိုင်မည်ဖြစ်သည်။

ဦးသောင်းထွန်းတို့က ပဋိညာဉ် အရ ဆောင်ရွက်ရန်ရှိသည့် တာ ဝန်မှာ ပေးရန်ကျန်ရှိသည့် ပစ်္စည်း ဖိုးငွေကျပ် သုံးသိန်းကို သတ်မှတ် ထားသည်ရက်တွင် ကျန်ငွေကိုပေးချေခြင်းမပြုသဖြင့် ရောင်းသူက ရက်တိုးပေးသော်လည်း ထိုတိုးပေးသည်ရက်တွင် လည်း ပေးချေခြင်း မပြုခဲ့ပေ။ သို့ ဖြစ်ရာ ဦးသောင်းထွန်းတို့သည် ပဋိညာဉ်အရ ဆောင်ရွက်ရန် တာဝန်ကို ဆောင်ရွက်ရန် အသင့် မရှိကြောင်း ဆုံးဖြတ်၍ ဒေါ်မြသောင်းတောင်းဆို သည့် ခွင့်ပြုချက်အရ နေထိုင်သူ အား ဖယ်ရှားခွင့် ဒီကရီကို ချမှတ်ပေး ခဲ့သည်။

“ဒါကြောင့် ငွေပေးချေဖို့ သတ်မှတ်တဲ့ ရက်မှာ ဝယ်သူက မလွှဲမရှောင်သာလို့ ပျက်ကွက်ခဲ့ရ ကြောင်း၊ ပေးချေရန် ငွေ အသင့် ရှိကြောင်း တို့ကို ပြသနိုင်မယ်ဆိုရင်တော့ ရောင်း သူက အရောင်းအဝယ်ကို ပယ်ဖျက်ခွင့်ရှိမှာ မဟုတ်ပါဘူး။ အရောင်းအဝယ်ကို ဆက်လက် လုပ်ဆောင်ပေးရမှာပဲဖြစ် တယ် သူငယ်ချင်း”ဟု ရှင်းပြဆွေးနွေးရင်း ဗဟုသုတအဖြစ် ရေးသား ဖော်ပြလိုက်ပါသည်။

ထီယု (ဥပဒေ အတိုင်အပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်

Related Posts