Myanmar House Logo

Myanmar House

Real Estate in Myanmar

Bored pile တူးရင် သတိပြုစရာများ(၂)

January 3, 2023 252 views
Bored pile တူးရင် သတိပြုစရာများ(၂)

credit...ကိုလင်းထိုက်

လွယ်တယ်လို့ တော့မထင်ပါနဲ့မောင် (၂)
***********************
Bored pile တူးရင် သတိပြုစရာများ(၂)
--------------------------------------
steel cage လို့ခေါ်တဲ့ ဘိုးပိုင်သံ
ခြင်း လုပ်တဲ့အခါမှာ၎င်း သံခြင်းကို
bored hole ထဲသို steel cage
installation လုပ်တဲ့အခါ မှာ၎င်း
အလွန်အရေးကြီး သံခြင်းဆင်တဲ့သူ
ဂဟေ တွဲတဲ့ အလုပ်သမားတွေက skill labour ဖြစ်ရင်ကိစ္စမရှိပေမဲ့
လုပ်နေကျ အလုပ်သမားမဖြစ်ပါက
ကြီးကြပ်သူ အင်/ယာ အနေဖြင့် ပထမ
ဆုံး detail drawing ကိုကျေညက်
ရမယ်။ သို့သော် detail drawing
မွာမပါလို့ steel cage မွာ extra
လုပ်ရမယ့် လုပ်ငန်းကို ထားခဲ့ရင်
တောင့်တင်းခိုင်ခံ့သော သံခြင်းတစ်ခု
ဖြစ်မလာနိုင်ပေ။ထိုအခါ ဘဲဥပုံ သော်၎င်း ရွဲ့ဆောင်းနေသော သံခြင်းဖြစ်
ပေါ်ပြီး bored hole ထဲ ချမရပေ။
ထို့ပြင် pile cover ပေါက်မည်။
အခိုက့်မသင့်က ကရိန်းဖြင့် မစဉ် 
သံခြင်းပြုတ်၍ တစစီဖြစ်ပေါ်၍ ထိခိုက်
မှုဖြစ်ပေါ်မည်။
1- ထိမ်းကွင်း ကို အနည်းဆုံး 20-25
 mm ကို အသုံးပြုမှသာတောင့်တင်း
 မည်။
2- မကွင်း ဟု ခေါ်သော hook ကို
 လည်းသေချာ welding length
  ရအောင် အထူးဂရုပြုရမည်။
3- cover chair ကို အနည်းဆုံး
    ၄ ခု ၅ ခု စီဖြင့် 1.5 m - 2m
 ကြားစီထည့်က cover ကိုပိုမိုမှန်
ကန်စေမှာပါ။
အချို့ နိုင်ငံတွေမှာတော့ cover ကို
 chair ဖြင့်မလုပ်ပဲ cover block
 ဖြင့် လုပ်တာရှိတယ်။
4-ထိမ်းကွင်း နှင့် main bar ကို
 welded လုပ်တဲ့အခါမှာ steel
ရဲ့strength မကျစေရန် စနစ်တကျ
ဂဟေတွဲဖို့ လိုပါတယ် ။ ထို့ပြင် stirrups နဲ့ main bar ကိုဂဟေ
တွဲတဲ့အခါ မှာတော့ နံပါတ်ကြီး(ဂဟေချောင်းအသေး e.g  no 10 , no12
---)ကို အသုံးပြုရမယ် ဒါမှသာ stirrups ကွင်းများ၏ အား မကျပေ။
ဂဟေ မီးအားပြင်းပါက သံသားကို 
ထိုးဖြတ်သလို ဖြစ်သွားပါမည်။
5- steel cage lapping & Installation
သံခြင်းကို bored hole ထဲချတဲ့အခါ ကရိန်းမရာတွင် ထိပ် နှင့် ခါး
 ကြိုးကို ချိန်ခွင် ဟုခေါ်သော guide
 bar ဖြင့် မက ဖြောင့်တန်းသော
သံချင်း ရရှိပေမည်။
 steel cage lapping ဂဟေဆော် ရာတွင် သံခြင်း  အလေးချိန်ကို
 တွက်ချက်၍ ဂဟေသား သံချောင်း
အရေအတွက် တစ်ဆင့်နှင့်တစ်ဆင့်
မတူညီချေ။ အပိုအလိုမရှိ ဂဟေ ဆက်
ရပါမည်။ များလျှင်အချိန်ကုန် အကုန်
အကျများ နည်းလျှင် သံခြင်းပြုန်ကျပြီ
တွင်းပျက်မည်။
-------------

ရေအောက် ကွန်ကရိလောင်းခြင်း
(Tremie method)
==================
ရယ်စရာ တစ်ခု ပြောပြချင်ပါတယ်
၁၉၉၈ ခု နှစ်အကုန်ကပေါ့
sae ပေါက်စက ရန်ကုန် ဒေါပုံ- ပုဇွန်
တောင် "မဟာဗန္ဓုလ တံတား  . အောင်ဇေယျ တံတား တည်ဆောက်စဉ်က
ဒေါပုံ ဘက်ကမ်း ချည်းကပ်မှာ bored pile တူးပြီး ကွန်ကရိလောင်းစဉ်
ဒေါပုံက အသက် ၈၀ ကျော် အဘကြီး
တွေက လာကြည့်ကြတယ်
အဲမှာ မိုးချုပ်အိမ်ပြန်ကြတော့ အဘတို့
က ပြောတယ်တဲ့
'မင်းတို့ တံတားအင်/ယာ တွေက အလကား ရေထဲကို ဘိလပ်မြေတွေ
သဲ ကျောက်တွေ ပြစ်ချနေတာတဲ့'"

'ဟာ ' အဘ ကလဲ ဆိုပြီး ဒေါပုံဘက်
ခြမ်းက work charge က ဘာပြန်
ပြောရမှန်းမသိတော့ချေ။
------------

Tremie concrete method
===================

ရေအောက်ကွန်ကရိလောင်းခြင်းနည်း
ကို စတင်တီထွင်ခဲ့သူကို Mr.Tremie ဟုသာ အတိုကောက်
မှတ်ထားပါ။
Tremie concrete method
ပြောပါလျှင် ကြာမှာမို့ 
Short note သာပြောပါမည်။

tremie method သည် လွန်စွာထိ
ရောက်ပြီး underwater concreting အဖြစ် များစွာအကျိုး
ရှိလေသည်။

'Tremie Method ဆိုသည်မှာ
vertical pipe များကိုအသုံးပြုပြီး
water level အောက်တွင် gravity feed အရ ကွန်ကရိကို
လျှင်မြန်သောအရှိန်ဖြင့် လောင်းခြင်းကိုဆိုလိုသည်'
tremie  method တွင် အဓိက
ပျက်စီးရခြင်းက
1-  concrete slump ကိုမထိမ်း
    နိုင်ခြင်း(water cement ratio )
2- Aggregate or crush stone  grading မမှန်ခြင်း

3- ကွန်ကရိထဲတွင် နစ်မြှပ်နေသည့်
 inserted length သည် အရေး
ကြီး၍ နှစ်မြှပ်မှုအပိုင်းများခြင်း
( 1.5m- 3m သာ inserted 
 length ထားသင့်ပါသည်။
4- concreting time ကို ဖျော်စပ်
 သည့် admixdure , strength,
 setting ပေါ်မူတည်၍သုံးသပ်
 လောင်းရမည်။
tremie ပျက်က ဘိုးပိုင်းတစ်တွင်းလုံး
ပျက်ပြီး desinger ကလည်း တစ်
တွင်းပျက်က ၂ တွင်း ထပ်တူးပြီး ကုန်
ကျမှုကိုသာလျော်ဖို့ သာရှိတော့သည်။

ဒါဆို ရင် tremie မပျက်အောင်မည်
သို့လောင်းရမလဲလို့မေးစရာရှိသည်

Tremie Concrete mix
-----------------------------------
* special mix ကို
 plasticizerနဲ့ဖျော်စပ်ခြင်း
* High slump ကို retarder
 agent ဖြင့်ဖျော်စပ်ရမည်။
* Grading မှန်သော small agg: ကို သုံးရမည်။
* concreting workability 
ကို စ -လယ်'- ဆုံး ဂရုပြုရမည်။
* concreting sounding ကို
  concrete volume နှင့်
တွက်ချက်၍ tremie pipe ဖြုတ်
ရန် ဆုံးဖြတ်မှုရှိရမည်။
* coarse aggregate ကို max 
  3/4 " size, ကို 50-55% of
 the total agg: by wt. ကိုအသုံးပြုရမည်။
* fine agg: sand 45-50% of
 the total agg: size ကိုအသုံးပြု
 သင့်သည်။ 
* water/cement ratio က
 0.42 (max: 0.45) သာသုံး
 မှအဆင်ပြေမည်။
* water reducing admixure
ကို အသုံးပြုနိုင်သော်လည်း superplasticizersများကိုမသုံး
ရပါ။
* Retarding Admixture ကို
အသုံးပြုပါက setting time
 4-24 အတွင်းသာလိုအပ်ပါသည်
 Retarding Agent လွန်ကဲမိက
 ကွန်ကရိ strength ပျက်ပြယ်သွား
ပါမည်။
* slump 6 1/2 in app:
----------
tremie pipe dia: သည် 10"-12" သာအသုံးပြုရမည်။ သို့ရာ
တွင် မြန်မာပြည်တွင် mini bored
pile  တွင်မူ သံခြင်း size dia:
သေး၍ 6"-8" dia သာအသုံးပြုနေရ၍ မကြာခဏ tremie ပြတ်လေ
သည်။
* Tremie pipe အဆက်များတွင်
 thread , flanged, bolted နှင့်
 ဆက်ပြီး soft rubber gasket
  များအသုံးပြု၍ water leakage
မဖြစ်အောင် ဆက်ရသည်။

Credit ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts