Myanmar House Logo

Myanmar House

Real Estate in Myanmar

အိမ်နံပါတ်နဲ့ ပတ်သတ်ပြီး ထူးခြားတဲ့အကြောင်းအရာများ

အိမ်နံပါတ်နဲ့ ပတ်သတ်ပြီး ထူးခြားတဲ့အကြောင်းအရာများ

ကိုယ့်ရဲ့အိမ်နံပတ်က သာမန်နံပတ်တစ်ခုလို့ထင်ရပေမယ့် တကယ်တမ်းမှာ ကိုယ့်ဘဝအတွက်အလွန်အရေးပါတဲ့အရာတစ်ခုဆိုတာကိုရောသိရဲ့လား ။အိမ်နံပတ်တွေဟာကိုယ့်အတွက် ထူးခြားတဲ့ဖြစ်စဉ်တွေပေးစွမ်းနိုင်သလို ဆိုးကျိုးတွေကိုလည်းပေးစွမ်းနိုင်တဲ့အရာတွေပါ ။

 

ဒီတော့ ..သင့်အိမ်နံပတ်က ဘယ်လောက်လဲ ။


သင့်အိမ်နံပတ်က ဂဏန်းတစ်လုံးထဲဆိုရင်တော့ သက်ဆိုင်တဲ့နံပတ်ကိုဖတ်ကြည့်ပါ ။ဂဏန်း ၂ လုံးဖြစ်နေရင်တော့…ဥပမာ ၇၉ ဆိုရင် ၇+၉=၁၆ ၊ ၁+၆=၇ … ၇ ကိုဖတ်ရမှာပဲဖြစ်ပါတယ်။ ၁၀ ဆိုရင်တော့ ၁ နဲ့ ၀ ပေါင်းစရာမလိုပါဘူး။


အိမ်နံပတ် ၁
ဒီအိမ်မှာနေထိုင်တဲ့သူတွေကတော့ စွန့်စားရတာကြိုက်နှစ်သက်ပြီး ကိုယ့်ကိုယ်ကိုရှေ့တန်းတင်တတ်တဲ့သူတွေပါ ။အခြေအနေတိုင်းကိုလည်း ဝရုန်းသုန်းကားဖြစ်အောင်လုပ်တတ်ကြတဲ့သူတွေပါ။

 

အိမ်နံပတ် ၂
မိသားစုကိုချစ်ခင်တဲ့ သူတွေနေတဲ့အိမ်ပါပဲ ။အေးချမ်းမှု နဲ့ ကြင်နာမှုတရားတွေလွှမ်းခြုံနေတဲ့ အိမ်လေးတစ်လုံးပါ ။

 

အိမ်နံပတ် ၃
လွတ်လပ်စွာတွေးခေါ်တတ်ပြီး ဘဝရဲ့အဓိပ္ပါယ်တွေကို ရှာဖွေနေတတ်တဲ့သူမျိုးတွေပါ ။တစ်ခါတစ်လေမှာတော့ သူတို့အတွက် မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာမျိုးရှိတတ်ပါတယ် ။

အိမ်နံပတ် ၄
ကျောက်ရုပ်တစ်ခုလို ခိုင်မာတဲ့သူတွေနေထိုင်တဲ့ အိမ်တစ်လုံးပါ ။မကောင်းတဲ့ကံကြမ္မာတွေ သူတို့ဆီ ဝင်ရောက်မလာနိုင်သလို ပျော်ရွှင်မှုတွေလည်း ရောက်မလာနိုင်ပါဘူး။

 

အိမ်နံပတ် ၅
အလွန်တက်ကြွတဲ့သူတွေနေထိုင်တဲ့အိမ်ပါ ။အမြဲတမ်းအင်အားအပြည့်နဲ့ ရှေ့ဆက်ပြီး ဘယ်အရာမဆိုမနားတမ်းလုပ်ဆောင်နေတဲ့သူတွေပါ ။သူတို့ရဲ့အားနည်းချက်ကတော့ အချိန်ခနတာပျော်ရွှင်မှုတွေကို ငွေအများအပြားသုံးပြီးရှာဖွေတတ်ကြခြင်းပါပဲ ။

 

အိမ်နံပတ် ၆
ဒီအိမ်မှာနေထိုင်တဲ့သူတွေကတော့ တိတ်ဆိတ်စွာနေထိုင်ကြလေ့ရှိပါတယ်။ဒါပေမယ့် ကိုယ့်ကိုယ်ရော အိမ်နီးချင်းတွေကိုပါ ဂရုစိုက်တတ်တဲ့သူတွေဖြစ်ပြီးတော့ အလွန်အေးဆေးတည်ငြိမ်တဲ့သူတွေပါ ။

 

အိမ်နံပတ် ၇
ဘဝမှာလမ်းပျောက်နေပြီး ရည်ရွယ်ချက်တစ်ခုကို ရှာဖွေနေတဲ့သူတွေကတော့ ဒီအိမ်မှာနေထိုင်ကြလေ့ရှိပါတယ်။သူတို့ဟာ အခွင့်အရေးတစ်ခုရောက်မလာမချင်း လမ်းပျောက်နေတတ်ကြတဲ့သူတွေပါ ။

 

အိမ်နံပတ် ၈
အလုပ်ကို တန်ဖိုးထားတတ်တဲ့သူတွေဖြစ်ပြီး တရားမျှတမှုကို ဦးစားပေးတတ်တဲ့သူတွေပါ ။ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အိမ်တစ်ခုလို့ပြောရမှာဖြစ်ပြီး အလွန်တာဝန်ယူတတ်တဲ့အတွက် လူတွေကြားမှာအောင်မြင်ကျော်ကြားတဲ့သူတွေနေထိုင်တဲ့အိမ်ပဲဖြစ်ပါတယ်။

 

အိမ်နံပတ် ၉
ဒီအိမ်မှာနေတဲ့သူတွေကတော့ ခေါင်းမာတယ် ။ကိုယ်ရွေးချယ်လိုက်တဲ့ကိစ္စတစ်ခုက မအောင်မြင်ရင်တော့ အတွေ့အကြုံရတယ်လို့သဘောထားပြီး ခေါင်းမာမာနဲ့ရှေ့ဆက်တဲ့သူတွေပါ ။

 

အိမ်နံပတ် ၁၀
အချိန်အခါကောင်းတစ်ခုကို စောင့်ဆိုင်းနေတဲ့သူတွေနေထိုင်တဲ့အိမ်ပါ ။ဘဝမှာ ဆိုးရွားတဲ့ အချိုးအကွေ့တစ်ခုကြုံပြီးနောက် အချိန်ကောင်းတွေရောက်လာအောင် စောင့်ဆိုင်းနေတဲ့သူတွေဟာ အိမ်နံပတ် ၁၀ မှာ စတည်းချနေလေ့ရှိကြပါတယ်။


Credit : Xyznews

Related Posts