Myanmar House Logo

Myanmar House

Real Estate in Myanmar

အိမ်ခြံမြေဝယ်ပြီး ငွေအကျေမချေမီ သိထားသင့်တဲ့ အချက်များ

January 6, 2023 106 views
အိမ်ခြံမြေဝယ်ပြီး ငွေအကျေမချေမီ သိထားသင့်တဲ့ အချက်များ

အိမ်ဝယ်ပြီး ငွေအကျေချေတော့မယ်ဆိုရင် အိမ်ဝယ်ပြီး ငွေအကျေမပေးချေမီမှာ သိထားသင့်တဲ့ အချက်အလက်တွေကို သေသေချာချာလေ့လာပြီးတော့မှ ပေးချေသင့်ပါတယ်။

အိမ်ဝယ်ပြီး ငွေအကျေချေတော့မယ်ဆိုရင် အိမ်ဝယ်ပြီး ငွေအကျေမပေးချေမီမှာ သိထားသင့်တဲ့ အချက်အလက်တွေကို သေသေချာချာလေ့လာပြီးတော့မှ ပေးချေသင့်ပါတယ်။

ငွေအပြည့်မပေးချေမီမှာ အရင်ဆုံး သတင်းစာမှာ ကန့်ကွက်မှုရှိမရှိဆိုတာကို သိဖို့လိုပါ တယ်။ ဒါ့အပြင် အရောင်းအဝယ်ပြုလုပ်ရန်အတွက်သာလို့ ဖော်ပြထားတဲ့ မြေပုံ၊ မြေရာဇဝင်၊ လိုအပ်ရင် အသုံးပြုနိုင်မယ့် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ပြီးသား Special Power (SP) တစ်စောင်နဲ့ တခြား မှတ်ပုံတင်ပြီးသား အိမ်ခြံမြေဂရမ်တွေနဲ့ ဆက်စပ်စာချုပ်တွေ၊ မိမိဝယ်ယူထားတဲ့ အဆောက်အအုံ မြေနေရာမှာ ကျူးကျော်နေထိုင်သူတွေ၊ ငှားရမ်းနေထိုင်သူတွေ ရှိမရှိစတာတွေကို သေချာစိစစ်လေ့လာပြီးမှ ငွေပေးချေမှုကို ပြုလုပ်သင့်ပါတယ်။
 

စာချုပ်ချုပ်ဆိုရာမှာလည်း အခွန်ကိစ္စကိုအကြောင်းပြပြီး စာချုပ်နှစ်မျိုးချုပ်ဖို့ တောင်းဆိုလာရင်လည်း လက်မခံဖို့ တိုက်တွန်းလိုပါတယ်။ အရောင်းအဝယ်ဖြစ်တဲ့ ဈေးအတိုင်းစာချုပ်မချုပ်ဘဲ လျော့ချုပ်တာက ဥပဒေနဲ့လည်း မညီပါဘူးး။ “အခွန်သက်သာချင်လို့ စာချုပ်မှာ ဈေးကို လျော့ချုပ်တာ မလုပ်သင့်ပါဘူး။ မလိုလားအပ်ဘဲ အမှုအခင်း တွေ ဖြစ်လာတတ်ပါတယ်။ တစ်ချို့က နားလည်မှာနဲ့ ဈေးကို လျော့ချုပ်ကြပေမဲ့ ပြဿနာတက်လာရင် ဥပဒေနဲ့ အညီ ဖြေရှင်းရမှာဖြစ်ပါတယ်။

ဥပဒေနဲ့အညီ ဖြေရှင်းရတဲ့ အချိန်ကျမှ နားလည်မှုနဲ့ လျော့ချုပ်ကြတာပါလို့ ပြော လို့မရပါဘူး။ ချုပ်ထားတဲ့ စာချုပ်က အတည်ဖြစ်တဲ့အတွက် အိမ်ရှင်ကပဲ နစ်နာပါလိမ့်မယ်။ စာချုပ်ကို တန်ဖိုး အတိုင်းချုပ်တာကြောင့် ဘယ်သူမှလည်း မနစ်နစ်ပါဘူး။ အစိုးရက သတ်မှတ်ထားတဲ့ အခွန်ကို မှန်မှန်ကန်ကန် ပေးဆောင်တာက တစ်နေရာရာမှာ အသုံးဝင်မှာပါ။ အရောင်းအဝယ်စာချုပ်ချုပ်တဲ့အခါမှာ တန်ဖိုးအတိုင်းပဲ ချုပ်ကြပါ။ တိုင်းပြည်တိုးတက်ဖို့အတွက် သတ်မှတ်အခွန်ကို ပေးဆောင်ပါ” လို့ Home Group အိမ်ခြံမြေစာချုပ်စာ တမ်း ဥပဒေဝန်ဆောင်မှုလုပ်ငန်းရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးစန်းဝင်းအောင်က   ပြောပါ တယ်။

Related Posts