Myanmar House Logo

Myanmar House

Real Estate in Myanmar

ပေါင်နှံထားသူ ကွယ်လွန်သွားရင် စာချုပ်ပျက်ပြယ်သွားနိုင်ပါသလား ။

January 9, 2023 163 views
ပေါင်နှံထားသူ ကွယ်လွန်သွားရင် စာချုပ်ပျက်ပြယ်သွားနိုင်ပါသလား ။

ပေါင်နှံထားသူ ကွယ်လွန်သွားရင် စာချုပ်ပျက်ပြယ်သွားနိုင်ပါသလား ။

ကျွန်တော်က သိန်းနှစ်ထောင်တန် အိမ်တစ်လုံးကို သိန်း ၅၀၀ နဲ့ အပေါင်ခံထားပါတယ် ။ ဒါပေမဲ့ ပေါင်နှံသူ အိမ်ထောင်ဦးစီးက ကျန်းမာရေးသိပ်မကောင်းပါဘူး ။ ကိုယ့်ငွေ မဆုံးရှုံးရလေအောင် ပေါင်နှံစာချုပ်အပြင် အရောင်းအဝယ်စာချုပ်ကိုလည်း ရှေ့နေနဲ့ချုပ်ထားပါတယ် ။ ဒါပေမဲ့ အဲဒီအိမ်က ဂရန်မရှိပါ။ စပယ်ရှယ်ပါဝါပဲ ရထားပါတယ် ။ တကယ်လို့များ ပေါင်နှံထားသူ ကွယ်လွန်သွားရင် စာချုပ်ပျက်ပြယ်သွားနိုင်ပါသလား ။
=========================

ဒီမေးခွန်းနဲ့ပတ်သက်လို့ ဖြေရမယ်ဆိုရင်တော့ စာချုပ်ပျက်ပြယ်သွားနိုင်သလား..။ ပေါင်နှံသူ ကွယ်လွန်သွား မယ်ဆိုရင် စာချုပ်မပျက်ပြယ်ပါဘူး။ မပျက်ပြယ်ပါဘူးဆိုတာ ဘာကြောင့် အကြောင်းရှိသလဲဆိုတော့ တရားမ ဥပဒေမှာက တရားဝင်ကိုယ်စားလှယ်ဆိုတာက ရှိတယ်။ အရပ်စကားဆိုရင်တော့ သေသူရဲ့အမွေဆက်ခံသူ ပေါ့။ သားသမီးတို့၊ တူ၊တူမတို့  Legal representative ခေါ်တာပေါ့ ။ အဲ့ဒီလို တစ်ကယ်လို့သေသွားရင် တရားဝင်ကိုယ်စားလှယ်အပေါ်မှာဘဲ တရားစွဲဆိုနိုင်တဲ့အတွက်ကြောင့် ပေါင်နှံထားသူကွယ်လွန်သွားရင် စာချုပ်ပျက်ပြယ်သလားဆိုတဲ့အချက်က.. မပျက်ပြယ်ပါဘူး။

ကျွန်တော်ပထမဆုံးမေးခွန်းကို ဖြေပေးပါ့မယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘယ်လိုဖြေရှင်းရမလဲ ဆိုတာနဲ့ ပတ် သက်လို့ ဥပဒေအကြံဉာဏ် ပေးချင်ပါတယ်။ သူရဲ့မေးခွန်းက အိမ်ဂရန် မရှိပါဘူးတဲ့။ ပြဿနာမရှိပါဘူး။ special power ပဲဆိုတော့ special power တို့ general power တို့ဆိုတာလဲ ပေးတဲ့သူကွယ်လွန်သွားရင် အော်တိုမစ်တစ် ပျက်သွားတဲ့အတွက်ကြောင့် ဒါလဲသိပ်မလိုပါဘူး၊ သိပ်အရာမရောက်ပါဘူး။ သို့သော် သူ့ရဲ့ အဆိုအရ ကြည့်တဲ့အခါကျတော့ သိန်း၁၀၀၀ တန်ကို ၅၀၀ ပေးထားလိုက်တယ်ပေါ့၊ အဲ့တော့ ဒီ၅၀၀ က ဒီစာချုပ်သက်တမ်းကြည့်တစ်ချက်ကြည့်ရမယ်။ သူက နေမကောင်းဘူးလို့ပြောထားပြန်တယ်။ ဆိုတော့ သူ့ စာချုပ်က မပြည့်သေးဘူးထင်တယ်။ မပြည့်သေးတော့ စိတ်ပူနေတာ အဲ့တော့ ဒီကြားထဲမှာ အပေါင်ခံတဲ့သူများ ကွယ်လွန်သွားရင် အခက်အခဲရှိမလားဆိုပြီး စိတ်ပူတာပေါ့။

အဲဒါက ပြဿနာမရှိနိုင်ဘူး။ သူက ပထမ စာချုပ်က သိန်း ၅၀၀နဲ့ပေါင်ထားတယ်။ ပေါင်ထားတာကို သူက ပေါင်နှံစာချုပ် ချုပ်လိုက်သေးတယ်။ ပေါင်တဲ့အကြောင်းကို စာချုပ်ချုပ်ထားတယ်။ နောက်ပြီးတော့ ထပ်ပြီးတော့ ရှေ့နေနဲ့လည်း အရောင်းအဝယ်စာချုပ် ချုပ်ထားတယ်။ အဲ့လိုဆိုတော့ သူ့အတွက်က ဘာမှပြဿနာ မရှိဘူး။ သို့သော် လုပ်ရမဲ့အနေအထားက.. အကယ်၍များ ပေါင်နှံသူကွယ်လွန်သွားရင် ဆိုရင် အခုသူပေါင်နှံထား တဲ့ငွေသိန်း၅၀၀ ပြန်ရလိုမှု အပေါင်စာချုပ်အပေါ်မှာ မူတည်ပြီးတော့ တရားစွဲလို့ရတယ်။ ပေါင်ထားကြောင်းကို အထောက်အထားအဖြစ် ကျွန်တော်တို့ အရောင်းအဝယ်စာချုပ် ချုပ်ထားတယ်။ အဲ့တော့ နှစ်ခုမှာ တစ်ခုပဲ တောင်းခွင့်ရှိတယ်။ အပေါင်နဲ့တောင်းမလား…. ကျွန်တော်တို့ အရောင်းနဲ့တောင်းမလား။ သို့သော် တရားမျှတ စွာ အကြံပြုလိုတာကတော့ ပေါင်တဲ့အတိုင်းပဲတောင်းပြီးတော့ ဒီရှေ့နဲ့ချုပ်ထားတယ်ဆိုတဲ့ အရောင်းအဝယ် စာချုပ်ဆိုတာက ယုံကြည်စိတ်ချအောင်လို့ ချုပ်ထားတာဆိုရင် သူ့ကိုပံ့ပိုးပေးရမယ်။ အပေါင်စာချုပ်ကို အရောင်းက ပံ့ပိုးပေးမယ်ဆိုရင် ဒီအမှုက မအောင်မြင်စရာ အကြောင်းမရှိပါဘူး။ ရမှာပါ။ မဆုံးရှုံးပါဘူး လို့ဖြေကြားလိုပါတယ်။

Credit
#DVBlawlab #DVBtvnews 
ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts