Myanmar House Logo

Myanmar House

Real Estate in Myanmar

မီးခိုချောင်မှာ ဘေစင်ပိတ်တဲ့အခါ လွယ်ကူရိုးရှင်းစွာ ဖြေရှင်းနိုင်မယ့် နည်းလမ်း ( ၅ ) သွယ်

January 10, 2023 1085 views
မီးခိုချောင်မှာ ဘေစင်ပိတ်တဲ့အခါ လွယ်ကူရိုးရှင်းစွာ ဖြေရှင်းနိုင်မယ့် နည်းလမ်း ( ၅ ) သွယ်

အိမ်ရှင်မတို့အတွက် စိတ်ညစ်ရတဲ့ အိမ်တွင်းသန့်ရှင်းရေး အခက်အခဲတွေထဲမှာ မီးဖိုချောင်ဘေစင်ပိတ်တာက ထိပ်ဆုံးမှာ ပါတယ်လေ။ ပန်းကန်တွေဆေးနေရင်း ရေကလျှံကျလာတာတို့၊ ရေပိုက်မှာ ရေတွေပြည့်ပြီး ကြမ်းပြင်ပေါ် လျှံကျတာတို့ကြောင့် သန့်ရှင်းရေး ပြန်လုပ်ရတဲ့အခါ တကယ်ကို စိတ်ညစ်ရပြီး ပင်ပန်းရပါတယ်။ ဒီတစ်ခါမှာတော့ အိမ်ရှင်မတို့ နှလုံးအေးစေဖို့ ဘေစင်ပိတ်ခြင်း ပြဿနာကို အချိန်ကုန်၊ ငွေကုန်သက်သာပြီး ထိရောက်တဲ့ အိမ်တွင်းနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မုန့်ဖုတ်ဆိုဒါရည် 
မုန့်ဖုတ်ဆိုဒါ ၄ဇွန်း၊ ဆား ၂ ဇွန်း၊ ရှာလကာရည် ၁ခွက် တို့ကို ယူပါ။ မုန့်ဖုတ်ဆိုဒါနဲ့ ဆားကို သေသေချာချာရောမွှေပြီး ပိုက်ထဲကို အရင်လောင်းထည့်လိုက်ပါ။ ပြီးရင်တော့ ရှာလကာရည်ကို ပွက်ပွက်ဆူတဲ့အထိ အပူပေးပြီး ပိုက်ထဲကို ထပ်လောင်းလိုက်ပါ။ ပြီးရင် ပိုက်အဝကို ချက်ချင်း တစ်ခုခုနဲ့ အုပ်ပြီးဖိထားလိုက်ပါ။ နာရီဝက်လောက် ကြာတဲ့အခါမှာ ရေနွေးပူပူ လောင်းချလိုက်ပါ။ ဒါဆိုရင်တော့ ပိုက်ထဲက ဂျီးတွေနဲ့ အစာဟောင်းတွေအကုန် ပျော်ကြပြီး မျောပါသွားပါလိမ့်မယ်။

၂။ ဆား
ဆား ၅ ဇွန်းလောက်ကို ပိုက်ထဲလောင်းထည့်ပြီး ရှာလကာရည်တစ်ခွက်ပါ ထပ်လောင်းထည့်လိုက်ပါ။ ပြီးရင်တော့ ရေနွေးပူလောင်းချလိုက်ပါ။ ရေနွေးပူကို ဖြည်းဖြည်းချင်း လောင်းချဖို့ သတိထားပါနော်။ 

၃။ မုန့်ဖုတ်ဆိုဒါနဲ့ ဆား
ဆားလက်ဖက်ရည် ၂ ဇွန်း၊ မုန့်ဖုတ်ဆိုဒါ ၂ ဇွန်းရောပြီး ရေပိုက်ထဲ လောင်းထည့်လိုက်ပါ။ ၁၅ မိနစ်လောက်ကြာရင် ရေနွေးပူနဲ့ ဖြည်းဖြည်းချင်းလောင်းပေးလိုက်ပါ။ အညစ်အကြေးတွေ၊ အဆီချေးတွေ ပြောင်ဆင်သွားပြီး ရေတွေပြန်ဆင်းသွားပါလိမ့်မယ်။ 


၄။ ရေပိုက်ပိတ်ရှင်းလင်းရေး တုတ်တံ
အခုနောက်ပိုင်း ရေပိုက်ပိတ်တာတွေကို ရှင်းလင်းဖို့ စပရိန်လို တုတ်တံလေးတွေ ဈေးတွေထဲမှာ ရောင်းချနေပါပြီ။ အဲ့ဒီ့တုတ်တံလေးကို ပိုက်ထဲထည့်ပြီး ဆွဲမွှေ့လိုက်ရင် အညစ်အကြေးတွေကို ဖျော်ချလိုက်သလို ဖြစ်စေပြီး ရေပိုက်ပြန်ပွင့်သွားစေပါတယ်။ 

၅။  Asprin – Asprin ဆေးပြား
ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ရတဲ့ Asprin – Asprin ဆေးပြား ၂ပြားကို ပိုက်ထဲ ထည့်ပါ။ ပြီးရင်တော့ ရှာလကာရည်တစ်ခွက် လောင်းထည့်လိုက်ပြီး ခဏအကြာမှာ ရေနွေးဆူဆူကို ထပ်လောင်းထည့်လိုက်ပါ။

နည်းလမ်းလေးတွေလည်း စုံသလောက် ဖြစ်သွားပြီဆိုတော့ ဆောင်းပါးလေးကို ဒီနေရာမှာပဲ ရပ်နားလိုက်ပါတယ်။ ချစ်သောအိမ်ရှင်မများအားလုံး သန့်ရှင်းသပ်ရပ်တဲ့ မီးဖိုချောင်နဲ့ အိမ်ခန်းလေးတွေ ဖန်တီးနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းဆုခြွေလိုက်ပါတယ်ခင်ဗျာ။

Credit to original uploader

Related Posts