Myanmar House Logo

Myanmar House

Real Estate in Myanmar

mွဲကွာနေသောင်မယားနှစ်ဦးပိုင် တိုက်ခန်းကို ဝယ်မည်ဆိုလျှင်

January 11, 2023 233 views
mွဲကွာနေသောင်မယားနှစ်ဦးပိုင် တိုက်ခန်းကို ဝယ်မည်ဆိုလျှင်

ကွဲကွာနေသော လင်မယားနှစ်ဦးပိုင် တိုက်ခန်းကို ဝယ်မည်ဆိုလျှင်  လင်မယားအဖြစ် ကွဲနေတာတော့ကြာပြီ ဆရာ။ လင်ယောကျ်ား ဖြစ်သူက တိုက်ခန်းကို ရောင်းမယ် ပြော တယ်။ ဝယ်ရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက် ဆွေးနွေးခြင်းဖြစ်သည်။  လင်မယားကွဲနေတယ်ဆိုတာက တရားဝင်ဥပဒေနဲ့အညီ ကွာရှင်းပြီးပြီလား  ရှင်းရှင်းပြောရရင် ကျွန်တော့် အစ်ကိုရဲ့ သူငယ်ချင်းဆိုတော့ ကျွန်တော်နဲ့လည်း ရင်းနှီးခင်မင်ကြတယ်။ ပြီးတော့ ကျွန်တော်တို့ မိသားစုက အဲဒီအိမ်မှာ ငှားနေတာ ဆရာ  အိမ်ငှားစဉ်က သူငယ်ချင်းရဲ့ ဇနီးရှိသလား  ကျွန်တော်တို့က အခုမှ တစ်နှစ်ကျော်ကျော်ပဲရှိသေးတာ။ သူတို့ကွဲနေတာက သုံးနှစ်လောက်ရှိနေပြီ။ ဒါ ကြောင့် ငှားနေစဉ်ကတော့ ဇနီးနဲ့ကွဲကွာနေပြီ  မောင်ရင်ရဲ့ ပြောစကားအရတော့ လင်မယားတရားဝင်မကွာရှင်းရသေးတဲ့ သဘောပဲ  ဒီလိုဆရာ။ ဇနီးဖြစ်သူက သူ့ဇာတိနယ်ကို ပြန်သွားတာပြောတယ်။ သူက မလေးရှားနိုင်ငံမှာ အလုပ်သွား လုပ်နေတာ ကလေးတစ်ယောက် ရှိတယ်  ယောကျ်ားပြန်လာတော့ အဆင်မပြေကွဲသွားကြတဲ့ သဘောလား  ဟုတ်ကဲ့။ ဇာတိနယ်ဘက်ပြန်သွားတယ် ပြောတယ်။ တစ်လလောက်ကြာမှ ဆက်သွယ်ကြည့်တော့ မိဘအိမ်မှာလည်း မရှိဘူး။ နိုင်ငံခြား ပဲ အလုပ်သွားလုပ်တယ်လို့ မရေမရာ သတင်းပဲရတယ် ပြောတယ်  ဒါဆိုရင် သားတစ်ယောက်နဲ့ ကျန်ခဲ့တဲ့ သဘောပေါ့  ဒါကြောင့် သူ့မိဘအိမ်မှာပြန်နေပြီး သူတို့ မိသားစုနေတဲ့ ဒီအိမ်ကို အိမ်ငှားတင်ထားခဲ့တယ်လို့ သိရတယ်။ ကျွန်တော်တို့က ဒုတိယမြောက် အိမ်ငှားလို့ သိရတယ်  ကွာရှင်းဖို့ တရားရုံးမှာ တရားစွဲခဲ့တာ ရှိသေးလား  သတင်းစာထဲမှာတော့ ဇနီးအဖြစ်မှ စွန့်လွှတ်ခြင်းလို့တော့ ကြေညာခဲ့တယ် ပြောပါတယ်  ကာယကံရှင်နဲ့ တွေ့ဆုံပြောရတာ မဟုတ်တော့ အသေးစိတ်တော့ မသိနိုင်ဘူးပေါ့။ ဒါပေမယ့် သေချာတာက တော့ တရားဝင် လင်မယားမကွာရှင်းရသေးဘူးဆိုတဲ့ အချက်ပဲ  ဒါပေမယ့် အခုတိုက်ခန်းက သူ့ အမည်နဲ့ ဝယ်ထားတာလို့ သိရတယ်  ဘာပဲဖြစ်ဖြစ် သူတို့ လင်မယား နှစ်ဦး လက်ထပ်ပြီး ဝယ်ခဲ့တဲ့ ပစ္စည်းဆိုတော့ ဥပဒေအရ လင်မယားနှစ်ဦး ပိုင် ပစ်္စည်းဖြစ်နေတယ်  လင်မယား လက်ထပ်ပြီးမှ ဝယ်တာ မဟုတ်ဘူး ဆရာ  လက်မထပ်မီက လင်ယောကျ်ားက ဝယ်ထားတဲ့ တိုက်ခန်းလား  ဟုတ်တယ် ဆရာ၊ ဒါကြောင့် သူက ရောင်းလို့ မရဘူးလား  ဥပဒေအရတော့ တရားဝင်မကွာရှင်းရသေးတဲ့အတွက် လက်ထက်ပွားပစ္စည်းမဟုတ်ပေမယ့် လင်ယောကျ်ား ကပါလာတဲ့ ပါရင်းပစ္စည်းအဖြစ်တော့ ရှိနေတာပေါ့  လုံးဝ ဆက်သွယ်လို့လည်းမရ။ မယားအဖြစ်က စွန့်ပစ်ကြောင်း ကြေညာခဲ့တာလည်း သုံးနှစ်ကျော်ပြီဆိုတာ့ ကန့်ကွက်ပိုင်ခွင့်ရှိသေးလို့လား ဆရာ  လောလောဆယ် ဘာသတင်းမှ မရဘူးဆိုပေမယ့် အိမ်ရောင်းလိုက်ရင်တော့ အခွင့်အရေးတောင်းတာမျိုး လည်း ရှိတတ်တယ်။ အခြား လင်မယားနှစ်ဦးနဲ့ ပတ်သက်တဲ့ ပစ္စည်းဘာတွေကျန်သေးလဲ  အစကတော့ ကားတစ်စီးရှိတယ် ပြောတယ်။ Taxi ထောင်ထားတယ် ပြောတာပဲ။ သူပြန်မရောက်မီ ဇနီးဖြစ် သူက ရောင်းလိုက်တယ် ပြောတယ်။ အဲဒီကိစ်္စလည်းပါမှာပေါ့ ဆရာရယ်။ အတွင်းပစ္စည်းတော့ ယူသွားတယ် ပြောတာပဲ  အင်းပေါ့လေ ဒါကတော့ သူတို့ မိသားစုကိစ်္စပဲ။ အဓိက ကိစ္စက အခုတိုက်ခန်းကိုဝယ်ရင် ကန့်ကွက်သူ ပေါ်လာမလားဆိုတဲ့ကိစ္စ စဉ်းစားရမှာကိုး  ဟုတ်ပါတယ် ဆရာ။ သူကလည်း ငွေလိုနေတယ်၊ ရောင်းစျေးကလည်း သင့်တယ်ဆိုတော့  မောင်ရင်ကလည်း ဝယ်ချင်နေတယ် မဟုတ်လား  ဟုတ်ကဲ့ တစ်နေရာနဲ့ တစ်နေရာ ပြောင်းရွှေ့ရတာလည်း အခက်အခဲရှိတယ် ဆရာ။ လက်ထဲမှာ စုဆောင်း ထားငွေ အသင့်အတင့်ရှိနေတော့ အဆင်ပြေမလားလို့ စဉ်းစားကြည့်မိတာပါ  မှန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရင်းနှီးပြီးသား လူတွေဆိုတော့ အရောင်းအဝယ်မပြုမီမှာ ကန့်ကွက်ရန် ရှိ မရှိ သတင်းစာထဲမှာ ထည့်သွင်းကြေညာဖို့ လိုပါတယ်  ဟုတ်ကဲ့ ဆရာ။ စိတ်ကူးထားပါတယ်။ ကန့်ကွက်သူမရှိရင်တော့ ဥပဒေအရ အရောင်းအဝယ်ပြုလို့ရပြီလား ဆရာ  အထောက်အထားတစ်ခုအနေနဲ့တော့ ကိုယ့်ဘက်က တင်ပြနိုင်တာပေါ့  အမှုအခင်းဖြစ်လာရင် တင်ပြနိုင်တဲ့ သဘောလား ဆရာ  ဟုတ်ပါတယ်။ ကြေညာလိုက်တာ မသိပါဘူး။ ယခုမှ သိတာပါဆိုပြီး ကန့်ကွက်တောင်းဆိုမှုတွေရှိလာ နိုင်ပါ တယ်  ဒါဆိုရင် ကွာရှင်းခွင့်ပါတစ်ခါတည်း စွဲရမှာပေါ့နော်  မောင်ရင်နားလည်အောင် ရှင်းပြရမယ်ဆိုရင် ဒီတိုက်ခန်းကပါ ရင်းပစ္စည်းဖြစ်နေတဲ့အတွက် ဥပဒေအရ၊ ပါရင်း ပစ္စည်းယူဆောင်လာသူက ဝေစုနှစ်စု၊ ကျန်သူက ဝေစုတစ်စုရတယ်လို့ ပြဋ္ဌာန်းထားပါတယ်  ဒါဆိုရင် ဇနီးဖြစ်သူက ဒီတိုက်ခန်းရောင်းဖိုးငွေထဲမှ သုံးပုံတစ်ပုံပဲရ ခွင့်ရှိမှာပေါ့  မှန်ပါတယ်။ မောင်ရင်ပြောသလို ကွာရှင်းခွင့်ကိုပါတစ်ပါတည်း တောင်းဆိုပြီး ပစ္စည်းခွဲဝေခွင့်ပါ တောင်းဆိုရ မှာဖြစ်ပါတယ်။ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ မောင်ထွန်းလင်းနှင့် မယမင်းခင်  ၁၉၆၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ  ၃၇၄ အမှုမှာ လင်မယားဖြစ်ကြသော်လည်း ကိုးနှစ်ခန့် သီးခြားနေ ထိုင်ပြီးမှ ဇနီးဖြစ်သူက လက်ထက်ပွားပစ္စည်းကို ခွဲဝေပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။ လင်မယားအဖြစ် တရားဝင် မပြတ်စဲသေးသရွေ့ လင်မယားအဖြစ် တည်ရှိနေဆဲဖြစ်သည်။ ၎င်းတို့ပိုင် လက်ထက်ပွားပစ္စည်းကို လင်မယား အဖြစ် တရားဝင်မပြတ်စဲသေးသရွေ့ခွဲဝေပေးရန် တရားစွဲခွင့် မရှိလို့ ဆုံးဖြတ်ထားပါတယ်  လွယ်လွယ်နဲ့တော့ တောင်းဆိုခွင့်မရှိတဲ့ သဘောပေါ့နော်။ ကျွန်တော်သိချင်တာက အဲဒီ တရားစွဲဆိုခဲ့ရင် ကျွန်တော်တို့ ဝယ်ထားတာဆုံး ရှုံးနိုင်သလားဆရာ၊ ကျွန်တော်တို့ကို တရားစွဲဆိုနိုင်ပါသလား  လင်မယားနှစ်ဦးပိုင်ပစ္စည်းကို တစ်ဦးတည်းသဘောနဲ့ ရောင်းခဲ့ရင်တော့ ကန့်ကွက်သူက သူ့ဝေစုကို အရောင်း အဝယ်အတည်မဖြစ်လို့ ကန့်ကွက်နိုင်ပါတယ်။ လက်ရှိဖြစ်သူကိုလည်း ထည့်သွင်းတရားစွဲဆိုနိုင်ပါတယ်  ဒါဆို ဝယ်ထားသူက ဆုံးရှုံးနိုင်တာပေါ့  မြေကွက်ဆိုရင်တော့ ဆုံးရှုံးနိုင်တဲ့ သဘောတော့ရှိနိုင်တယ်။ မောင်ရင် နားလည်အောင်ရှင်းပြရရင် တရားရုံး ချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါက်တာ ဦးတင်ဦး (၎င်း၏ ကိုယ်စားလှယ်စာရ သူ ဦးကျော်ကျော်) နှင့် ဒေါ်အေး အေးသန်း၊ ၂၀၀၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ  ၅၂ အမှုမှာ ဒေါက်တာဦးတင်ဦး၏ သဘော တူညီချက်မရရှိဘဲ ဇနီးဖြစ်သူက ဒေါ်အေးအေးသန်းကို အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ဖြင့် ရောင်းချခဲ့ ခြင်းသည် ဇနီးသည်၏ ဝေစုဖြစ်သော အစိတ်အပိုင်းမြေကွက်ကိုသာ အတည်ဖြစ်သည်။ ခင်ပွန်းဖြစ်သူ၏ ဝေစု အတည်မဖြစ်သော အခြေအနေတွင် ခင်ပွန်းဖြစ်သူနှင့် မြေကွက်ဝယ်ထား သူတို့သည် မြေကွက်ကို ထက်ဝက်စီ သာ ပိုင်ဆိုင်ခွင့်ရှိပြီး မြေကွက်ဝယ်ယူထားသူအပေါ် ခင်ပွန်းဖြစ်သူက အတည်မဖြစ်သော ၎င်း၏ ဝေစုအတွက် ပစ်္စည်းခွဲ ဝေပေးစေလိုမှု တရားစွဲဆိုနိုင်သည်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် မြေကွက်နဲ့ ပတ်သက်ရင်တော့ မိမိခံစားခွင့်ရှိတဲ့ အစိတ်အပိုင်းကို တရားစွဲဆို တောင်းခွင့်ရှိပါတယ်  တိုက်ခန်းကို ဘယ်လိုခွဲပေးမလဲ ဆရာ  ဟုတ်ပါတယ်။ ရောင်းဖိုးငွေနဲ့ နစ်နာကြေးတောင်းနိုင်ပါတယ်  ဒါက သူ့ခင်ပွန်းပေါ်ကိုပဲ တောင်းနိုင်တာ မဟုတ်လား  ခင်ပွန်းကလည်း မောင်ရင်ပြောသလို ရောင်းပြီးနိုင်ငံခြားသွား အလုပ်လုပ်ခဲ့ရင် အဆက်အသွယ်မရှိဆိုပြီး ဝယ်ထားသူကို ဆက်စပ်တရားစွဲဆိုနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အရောင်းအဝယ်မပြုမီ ကန့်ကွက်ရန်ရှိမရှိ၊ သတင်းစာမှာ ကြေညာပါ။ မြေရှင်ထံ အမည်ပြောင်းပါ။ စွန့်စားပြီး ဝယ်နိုင်ပါတယ်လို့ အကြံပြုဆွေးနွေး လိုက်ပါသည်။  ထီယု(ဥပဒေအတိုင်ပင်ခံ) Credit to: ဈေးကွက်ဂျာနယ်

Related Posts