Myanmar House Logo

Myanmar House

Real Estate in Myanmar

အလိုလျောက် ရေတင်စက် ဆားကစ်

January 12, 2023 144 views
အလိုလျောက် ရေတင်စက် ဆားကစ်

အလိုလျောက် ရေတင်စက် ဆားကစ်
°°°°°°°°°°°°°°°°°°°°°°°°°°°°°
    အလိုအလျောက် ရေတင်ပေး၍ ရေပြည့်ပါ
က အလိုလျောက် ရေတင်မှုကို ရပ်တန့်စေမည့်
ဆားကစ်ပုံကို လွယ်ကူစွာတည်ဆောက်နိုင်ရန်
တင်ပြထားပါတယ်။

    အပေါင်းဗို့လိုင်းမှ ဘုံ (common)သည်
ရေတိုင်ကီတွင် တပ်ဆင်ထားသော ဆင်ဆာ၏
(ကြေးနီချောင်း) အရှည်ဆုံးတိုင်တွင် ဆက်
သွယ်ရမည်။ 
    ထို ကြေးနီဆင်ဆာချောင်းသည် ရေတိုင်ကီ
အောက်ခြေမှ ရေပြည့်သည်အထိ ရေနှင့်အမြဲ
ထိတွေ့နေရမည်။ (အရှည်ဆုံးနှင့် ပထမဆုံး
ကြေးချောင်း)

    ဆားကစ်တွင် (L) ဟု ရေးထားသော 5k
ရီစစ္စတာသည် ဒုတိယကြေးနီဆင်ဆာချောင်း
နှင့် ဆက်သွယ်ရမည်။
    ထို ဒုတိယကြေးနီဆင်ဆာချောင်းသည် ရေ
တင်မှု စတင်ဖြစ်ပေါ ်စေမည့် အနေအထားကို
အာရုံခံမည်ဖြစ်ရာ ရေနှင့်ထိတွေ့မှု လွတ်သည်
နှင့် ရီလေးဆွဲကာ မော်တာကိုလည်စေမည်ဖြစ်
ပါသည်။
    ထို့ကြောင့် ရေတိုင်ကီအတွင်း အောက်ခြေ
မှ  ဒုတိယကြေးနီဆင်ဆာချောင်းကို တစ်ပေ
အကွာတွင်ထားပါက ရေ တစ်ပေအကျန်ရှိတိုင်း
ရေတင်မှု ပြုလုပ်မည်ဖြစ်ပါသည်။
    အကယ်၍ အောက်ခြေမှ နှစ်ပေထားသော်
ရေနှစ်ပေ အကျန်ရှိတိုင်း ရေတင်မှု ပြုလုပ်မည်
ဖြစ်ပါသည်။

      ဆားကစ်တွင် (H)ဟု ရေးထားသော 5k
ရီစစ္စတာသည် တတိယဆင်ဆာကြေးနီချောင်း
နှင့် ဆက်သွယ်ရမည်။ ၎င်း ကြေးနီချောင်းသည်
ရေပြည့်၍ မော်တာကို ရပ်စေရန် အာရုံခံပါမည်။
    ထို့ကြောင့် ရေတိုင်ကီ၏ ရေလျှံပေါက်မှ ရေ
မလျှံ မှီ မော်တာရပ်စေရန် ကြေးနီချောင်းကို အ
နည်းငယ် ရေလျှံ ပေါက်ထက် နှိမ့်ထားရမည်။
(ရေမလျှံ မှီ ကြေးနီချောင်းကို ရေထိ၍ စိုစေရပါ
မည်) ။

    ဆားကစ်တွင် (L) 5k ကို 10k ရီစစ္စတာ
ဖြင့် အနှုတ်လိုင်း (ဂရောင်း) ဆက်သွယ်ထားပါ
သည်။ ပြုလုပ်ပြထားသော ပုံတွင် တပ်ဆင်မ
ထားပါ  လက်တွေ့တွင် တပ်ဆင်ရပါမည်။

    ရေပန့်အသေးလေး မရှိပါသောကြောင့်
video file တွင် ဆိုလိုနွိုက် ရေ ပိတ်ဖွင့်ဗား
ဖြင့် ပြသထားခဲ့ပါသည် သဘောမှာ ရေတင်
ခြင်းနှင့် ရေဝင်ခြင်းသာ ကွာခြားပါသည်။

    ဝါသနာရှင်အပေါင်း တည်ဆောက်အောင်
မြင်ကြပါစေ။ တောင်းဆိုထားသည့်အတိုင်း
video file ကိုလည်း အစအဆုံး တင်ပေးပါ
အုံးမည် ။( လိုင်းကောင်းလျှင်)

မူရင်းရေးသားသူ အား Credit ပါ ခင်ဗျာ။

Related Posts